What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 24 September 2019 10:12

Lung Diseases - အဆုပ်တွင်ဖြစ်သော ကူးစက်ရောဂါများ

နေ့စဉ်နဲ့အမျှ ကျနော်တို့တွေက အောက်ဆီဂျင်ကိုလိုအပ်ကိုပါတယ်။

ဒီအောက်ဆီဂျင်တွေနဲ့တွဲပါလာတတ်တဲ့ မသန့်ရှင်းသောလေ၊ အခိုးအငွေ့တွေကို သန့်စင်ဖို့အတွက် အဆုပ်က အဓိကလုပ်ဆောင်ပေးရပါတယ်။ ရှုသွင်းလိုက်တဲ့လေကိုသန့်စင်ဖို့အတွက် အဆုပ်က ကျန်းမာဖို့အတွက်လည်း အရေးကြီးသလို အဆုပ်မှာ ကူးစက်ရောဂါတွေ မဖြစ်အောင် သေချာဂရုစိုက်ဖို့လည်း လိုပါတယ်။ ဒါကြောင့် အဆုပ်မှာဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေကို ဖော်ပြပေးလိုက်ပါတယ်။


1. Emphysema (အင်ဖိုက်ဆီးမား)

Image result for emphysema

Emphysema (အင်ဖိုက်ဆီးမား) ရောဂါဟူသည် အဆုပ်ထဲရှိ air sacs (alveoli) လေအိပ်ကလေးများနှင့် ၎င်းတို့အနီးရှိ (တစ်ရှူး)များ ပျက်စီးခြင်း၊ ဆိုးလာပါက အိပ်ကဲ့သို့ဖြစ်လာပြီး၊ လေများ အဝင်အထွက် မရှိအောင် ပိတ်မိနေမည်။ 

 

2. Asthma နာတာရှည်အဆုပ်ရောဂါတမျိုး

Image result for asthma

Asthma နာတာရှည်အဆုပ်ရောဂါတမျိုးဖြစ်သည်။ လေပြွန်များရောင်ပြီး တခါတရံ လေပြွန်များကျဉ်းလာ သည်။ ထိုအချိန်၌ အသက်ရှူခက်ခြင်း၊ အသက်ရှူမဝခြင်း၊ ချောင်းဆိုးခြင်းတို့ဖြစ်မည်။ အသက်အန္တရာယ်ကို ထိပါးစေသည်။ အဆုပ်အား နားထောင်လျှင် (ဝှီးစ်) အသံများ ကြားရမည်။

 

3. Acute pulmonary edema (အကျု-ပါလ်မိုနရီ-အဒီးမား)

Image result for Acute pulmonary edema
Acute pulmonary edema (အကျု-ပါလ်မိုနရီ-အဒီးမား) ဟူသည် အရေးပေါ် ပြဿနာဖြစ်သည်။ ချက်ချင်း ကုသပေးရမည်။ ဆိုးရွားသော အသက်ရှူရခက်ခြင်း၊ အသက်ရှူမဝခြင်း၊ အသက်ရှူမရခြင်း၊ စိုးရိမ်စိတ် ဝင်လာခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းတို့ ဖြစ်လာသည်။ ချွေးပြန်လာမည်။ ရေနစ်သလို ခံစားရမည်။ ချောင်းဆိုးမည်၊ သလိပ်ထဲအမြှုပ်နှင့် သွေးပါလာမည်၊ အသားအရေဖြူဖျော့လာမည်၊ ရင်ပတ် နာချင် နာလာမည်၊ အိပ်-လှဲ မနေနိုင်တော့။

 

4. Bronchiectasis (ဘရောင်ခီရက်စတစ်)

Image result for bronchiectasis

Bronchiectasis (ဘရောင်ခီရက်စတစ်) သည် အဆုပ်လေပြွန်ကြီးများကျယ်၍ ပျက်စီးခြင်းဖြစ်သည်။ မွေးကတည်းကပင် ဖြစ်နိုင်သည်။ ပစ္စည်းတခုခု ဝင်၍ ပိတ်နေခြင်း၊ (အင်ဖက်ရှင်) ဝင်ခြင်းကြောင့်လဲ ဖြစ်နိုင်သည်။

 

5. Cystic fibrosis (ဆစ်စတစ်-ဖိုက်ဘရိုးဆစ်)

Image result for cystic fibrosis

Cystic fibrosis (ဆစ်စတစ်-ဖိုက်ဘရိုးဆစ်) ဟူသည်မှာ နူမိုးနီးယား၊ တီဘီ၊ ဖန်းဂစ် ပိုးဝင်ခြင်းတို့ ခဏခဏထပ်ဖြစ်ခြင်းကြောင့် ဖြစ်ရသည်။ နာတာရှည်ချောင်းဆိုးခြင်း၊ သလိပ်ပုတ်များထွက်ခြင်း၊ သွေးပါခြင်း။ တဖက်လှည့်အိပ်လျှင် ပိုဆိုးသည်။ ကိုယ်အလေးချိန် ကျမည်။ အားယုတ်မည်။ လက်သည်းများ ဖောင်းကြွနေမည်။ အသက်ရှူရခက်မည်။ အသက်ရှူသံသည် (ဝှီးစ်) ကြားရမည်။ အသားအရေ ပြာနေမည်။

 

6. Chronic bronchitis (ခရောနစ်-ဘရောင်ခိုက်တစ်)

Image result for Chronic bronchitis

Chronic bronchitis (ခရောနစ်-ဘရောင်ခိုက်တစ်) ဟူသည် အဆုပ်လေပြွန်များ နာတာရှည်ရောင်ခြင်းဖြစ်သည်။ ဆေးလိပ်သောက်ခြင်း၊ အဆင့်ခံ ဆေးလိပ်ငွေ့ ရှူရခြင်းတို့ကြောင့် အဖြစ်များသည်။ လေ မသန့်ရှင်းခြင်း၊ အလာဂျီရခြင်းတို့ကြောင့် ပိုဆိုးသည်။ ချောင်းဆိုး၊ သလိပ်ထွက်၊ သွေးပါချင် ပါမည်။ အသက်ရှူခက်မည်။ အသက်ရှူသံသည် (ဝှီးစ်) ကြားရမည်။ ခြေထောက် ရောင်မည်။

 

7. Acute bronchitis (အကျု-ဘရောင်ခိုက်တစ်)

Image result for acute bronchitis
Acute bronchitis (အကျု-ဘရောင်ခိုက်တစ်) ဟူသည် အဆုပ်လေပြွန်များရောင်ခြင်း ဖြစ်သည်။ ပိုးဝင်၍ ဖြစ်တာများသည်။ ဗိုင်းရပ်စ်က ပိုဖြစ်တတ်သည်။ လည်ချောင်းယားပြီး ချောင်းခြောက်ဆိုးမည်။ ပိုဆိုးလာလျှင် သလိပ်အဖြူ- အဝါ ထွက်မည်။ သွေးလဲ ပါချင်ပါမည်။

 

8. Interstitial lung disease (ILD) (အင်တာစတီရှယ်-လန်း-ဒီဆိစ်)

Image result for Interstitial lung disease

Interstitial lung disease (အင်တာစတီရှယ်-လန်း-ဒီဆိစ်) ဟူသည် အဆုပ်ထဲရှိ လေအိပ်ကလေးများ၏ နံရံများရောင်ခြင်း၊ ဘေးရှိ တစ်ရှူးများ အမာရွတ်ဖြစ်လာခြင်းဖြစ်သည်။ ပုံမှန် လေအိပ်များမှာ ဆန့်နိုင်-ကျုံ့နိုင်စွမ်း ရှိကြ၍ လေရှူ-ထုတ်လျှင် ပူပေါင်း ပွလာ-ရှုံ့လာသလို ဖြစ်ရသည်။ အမာရွတ်ဖြစ်လာခြင်းကြောင့် ထိုသို့မဖြစ်နိုင်တော့။ အသက်ရှူခက်မည်။ ချောင်းဆိုးမည်။ အောက်ဆီဂျင်မဝ ဖြစ်မည်။

 

9. Pneumonia (နူမိုးနီးယား)

Image result for pneumonia

Pneumonia (နူမိုးနီးယား) ဟူသည် ဆိုးဝါးသော အဆုပ်ပိုးဝင်ခြင်းဖြစ်သည်။ လေအိပ်ကလေးများအတွင်း ပြည်-အရေများ ပြည့်နေသည်။ ထို့ကြောင့် အောက်ဆီဂျင် ကောင်းစွာမရဖြစ်မည်။ နှစ်မျိုး နှစ်စားရှိသည်။ Lobar pneumonia အဆုပ်၏ (လုပ်ဖ်) တခုအား ဖြစ်ခြင်းနှင့် Bronchial pneumonia အဆုပ်တခုလုံး ဖြစ်ခြင်း၊ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မိုင်ကိုပလာဆမ်နှင့် ဓာတုပစ္စည်းများကြောင့် ဖြစ်စေသည်။

 

Bacterial pneumonia မှာ ကလေး၊ လူကြီး ဖြစ်သည်။ အရက်သောက်သူများ၊ လူကြီးများ၊ နာတာရှည် ရောဂါသည်များ၊ ခွဲစိတ်ကုသမှု ခံထားရသူများ၊ ဗိုင်းရပ်စ်ပိုးဝင်ထားသူများကို ဖြစ်စေသည်။ အဆုပ်၏ (လုပ်ဖ်) အားလုံး သို့မဟုတ် အခုခုအတွင်း အရေများ ပြည့်နေသည်ကို (ကွန်ဆိုလဒေးရှင်း) အဆုပ်ခဲခြင်းဟု ခေါ်သည်။ သွေးထဲသို့ ပိုးများ ရောက်စေမည်၊ Streptococcus pneumonia မှာ အများဆုံး ဖြစ်စေတတ်သည်။

 

ချမ်းမည်၊ ဖျားမည်၊ ရင်ဘတ်နာမည်၊ ချောင်းဆိုးမည်၊ သလိပ်၏ အရောင် ခပ်စိမ်းစိမ်း ဖြစ်မည်။ အဖျား ၁ဝ၅ အထိ ဖြစ်နိုင်သည်။ ချွေးထွက်မည်၊ အရေပြား၊ လက်သဲ၊ ခြေသဲ ပြာနေမည်၊ စိတ် မကြည်မလင်ဖြစ်မည်။ Viral Pneumonia သည် ထက်ဝက်သော နူမိုးနီးယားဖြစ်စေသည်။ ဖြစ်ခါစ၌ တုပ်ကွေးလို လက္ခဏာများ ရှိမည်။ ဖျားမည်။ ကြွက်သားနာမည်၊ အားယုတ်မည်၊ ခေါင်းကိုက်မည်၊ ချောင်းခြောက် ဆိုးမည်၊ ၁၂-၃၆ နာရီအကြာ အသက်ရှူကြပ်လာမည်၊ ချောင်းပိုဆိုး လာမည်၊ သလိပ်ထွက်မည်၊ အဖျားပိုတက်လာမည်၊ နှုတ်ခမ်းပြာလာမည်။

Treatment ကုသရန်။ ။ပဋိဇီဝဆေးများ၊ အစားအစာ ကောင်းကောင်းကြွေးပါ။ အောက်ဆီဂျင် လိုနိုင်သည်။ လက္ခဏာ သက်သာစေသည့် ဆေးများပေးရမည်။

Dr. Tint Swe

 

(Zawgyi)

----------

Lung Diseases - အဆုပ္တြင္ျဖစ္ေသာ ကူးစက္ေရာဂါမ်ား

ေန႔စဥ္နဲ႔အမွ် က်ေနာ္တုိ႔ေတြက ေအာက္ဆီဂ်င္ကိုလိုအပ္ကိုပါတယ္။ ဒီေအာက္ဆီဂ်င္ေတြနဲ႔တြဲပါလာတတ္တဲ့ မသန္႔ရွင္းေသာေလ၊ အခိုးအေငြ႕ေတြကို သန္႔စင္ဖို႔အတြက္ အဆုပ္က အဓိကလုပ္ေဆာင္ေပးရပါတယ္။ ရႈသြင္းလိုက္တဲ့ေလကိုသန္႔စင္ဖို႔အတြက္ အဆုပ္က က်န္းမာဖို႔အတြက္လည္း အေရးၾကီးသလို အဆုပ္မွာ ကူးစက္ေရာဂါေတြ မျဖစ္ေအာင္ ေသခ်ာဂရုစိုက္ဖို႔လည္း လိုပါတယ္။ ဒါေၾကာင့္ အဆုပ္မွာျဖစ္တတ္တဲ့ ကူးစက္ေရာဂါေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

 

1. Emphysema (အင္ဖိုက္ဆီးမား)

Image result for emphysema

Emphysema (အင္ဖိုက္ဆီးမား) ေရာဂါဟူသည္ အဆုပ္ထဲရွိ air sacs (alveoli) ေလအိပ္ကေလးမ်ားႏွင့္ ၄င္းတို႔အနီးရွိ (တစ္ရွဴး)မ်ား ပ်က္စီးျခင္း၊ ဆုိးလာပါက အိပ္ကဲ့သို႔ျဖစ္လာၿပီး၊ ေလမ်ား အဝင္အထြက္ မရွိေအာင္ ပိတ္မိေနမည္။

 

2. Asthma နာတာရွည္အဆုပ္ေရာဂါတမ်ဳိး

Image result for asthma

Asthma နာတာရွည္အဆုပ္ေရာဂါတမ်ဳိးျဖစ္သည္။ ေလႃပြန္မ်ားေရာင္ၿပီး တခါတရံ ေလႃပြန္မ်ားက်ဥ္းလာ သည္။ ထိုအခ်ိန္၌ အသက္ရွဴခက္ျခင္း၊ အသက္ရွဴမဝျခင္း၊ ေခ်ာင္းဆိုးျခင္းတို႔ျဖစ္မည္။ အသက္အႏၱရာယ္ကို ထိပါးေစသည္။ အဆုပ္အား နားေထာင္လွ်င္ (ဝွီးစ္) အသံမ်ား ၾကားရမည္။

 

3. Acute pulmonary edema (အက်ဳ-ပါလ္မိုနရီ-အဒီးမား)

Image result for Acute pulmonary edema

Acute pulmonary edema (အက်ဳ-ပါလ္မိုနရီ-အဒီးမား) ဟူသည္ အေရးေပၚ ျပႆနာျဖစ္သည္။ ခ်က္ခ်င္း ကုသေပးရမည္။ ဆိုးရြားေသာ အသက္ရွဴရခက္ျခင္း၊ အသက္ရွဴမဝျခင္း၊ အသက္ရွဴမရျခင္း၊ စိုးရိမ္စိတ္ ဝင္လာျခင္း၊ ဂနာမၿငိမ္ျဖစ္ျခင္းတို႔ ျဖစ္လာသည္။ ေခၽြးျပန္လာမည္။ ေရနစ္သလို ခံစားရမည္။ ေခ်ာင္းဆိုးမည္၊ သလိပ္ထဲအျမႇဳပ္ႏွင့္ ေသြးပါလာမည္၊ အသားအေရျဖဴေဖ်ာ့လာမည္၊ ရင္ပတ္ နာခ်င္ နာလာမည္၊ အိပ္-လွဲ မေနႏိုင္ေတာ့။

 

4. Bronchiectasis (ဘေရာင္ခီရက္စတစ္)

Image result for bronchiectasis

Bronchiectasis (ဘေရာင္ခီရက္စတစ္) သည္ အဆုပ္ေလႃပြန္ႀကီးမ်ားက်ယ္၍ ပ်က္စီးျခင္းျဖစ္သည္။ ေမြးကတည္းကပင္ ျဖစ္ႏိုင္သည္။ ပစၥည္းတခုခု ဝင္၍ ပိတ္ေနျခင္း၊ (အင္ဖက္ရွင္) ဝင္ျခင္းေၾကာင့္လဲ ျဖစ္ႏိုင္သည္။

 

5. Cystic fibrosis (ဆစ္စတစ္-ဖိုက္ဘ႐ိုးဆစ္)

Image result for cystic fibrosis

Cystic fibrosis (ဆစ္စတစ္-ဖိုက္ဘ႐ိုးဆစ္) ဟူသည္မွာ ႏူမိုးနီးယား၊ တီဘီ၊ ဖန္းဂစ္ ပိုးဝင္ျခင္းတို႔ ခဏခဏထပ္ျဖစ္ျခင္းေၾကာင့္ ျဖစ္ရသည္။ နာတာရွည္ေခ်ာင္းဆိုးျခင္း၊ သလိပ္ပုတ္မ်ားထြက္ျခင္း၊ ေသြးပါျခင္း။ တဖက္လွည့္အိပ္လွ်င္ ပိုဆိုးသည္။ ကိုယ္အေလးခ်ိန္ က်မည္။ အားယုတ္မည္။ လက္သည္းမ်ား ေဖာင္းႂကြေနမည္။ အသက္ရွဴရခက္မည္။ အသက္ရွဴသံသည္ (ဝွီးစ္) ၾကားရမည္။ အသားအေရ ျပာေနမည္။

 

6. Chronic bronchitis (ခေရာနစ္-ဘေရာင္ခိုက္တစ္)

Image result for Chronic bronchitis

Chronic bronchitis (ခေရာနစ္-ဘေရာင္ခိုက္တစ္) ဟူသည္ အဆုပ္ေလႁပြန္မ်ား နာတာရွည္ေရာင္ျခင္းျဖစ္သည္။ ေဆးလိပ္ေသာက္ျခင္း၊ အဆင့္ခံ ေဆးလိပ္ေငြ႕ ရွဴရျခင္းတို႔ေၾကာင့္ အျဖစ္မ်ားသည္။ ေလ မသန္႔ရွင္းျခင္း၊ အလာဂ်ီရျခင္းတို႔ေၾကာင့္ ပိုဆိုးသည္။ ေခ်ာင္းဆိုး၊ သလိပ္ထြက္၊ ေသြးပါခ်င္ ပါမည္။ အသက္ရွဴခက္မည္။ အသက္ရွဴသံသည္ (ဝွီးစ္) ၾကားရမည္။ ေျခေထာက္ ေရာင္မည္။

 

7. Acute bronchitis (အက်ဳ-ဘေရာင္ခိုက္တစ္)

Image result for acute bronchitis

Acute bronchitis (အက်ဳ-ဘေရာင္ခိုက္တစ္) ဟူသည္ အဆုပ္ေလႁပြန္မ်ားေရာင္ျခင္း ျဖစ္သည္။ ပိုးဝင္၍ ျဖစ္တာမ်ားသည္။ ဗိုင္းရပ္စ္က ပိုျဖစ္တတ္သည္။ လည္ေခ်ာင္းယားၿပီး ေခ်ာင္းေျခာက္ဆုိးမည္။ ပိုဆိုးလာလွ်င္ သလိပ္အျဖဴ- အဝါ ထြက္မည္။ ေသြးလဲ ပါခ်င္ပါမည္။

 

8. Interstitial lung disease (ILD) (အင္တာစတီရွယ္-လန္း-ဒီဆိစ္)

Image result for Interstitial lung disease

Interstitial lung disease (အင္တာစတီရွယ္-လန္း-ဒီဆိစ္) ဟူသည္ အဆုပ္ထဲရွိ ေလအိပ္ကေလးမ်ား၏ နံရံမ်ားေရာင္ျခင္း၊ ေဘးရွိ တစ္ရွဴးမ်ား အမာရြတ္ျဖစ္လာျခင္းျဖစ္သည္။ ပံုမွန္ ေလအိပ္မ်ားမွာ ဆန္႔ႏိုင္-က်ဳံ႕ႏိုင္စြမ္း ရွိၾက၍ ေလရွဴ-ထုတ္လွ်င္ ပူေပါင္း ပြလာ-ရွံဳ႕လာသလို ျဖစ္ရသည္။ အမာရြတ္ျဖစ္လာျခင္းေၾကာင့္ ထိုသို႔မျဖစ္ႏိုင္ေတာ့။ အသက္ရွဴခက္မည္။ ေခ်ာင္းဆိုးမည္။ ေအာက္ဆီဂ်င္မဝ ျဖစ္မည္။

 

9. Pneumonia (ႏူမိုးနီးယား)

Image result for pneumonia

Pneumonia (ႏူမိုးနီးယား) ဟူသည္ ဆိုးဝါးေသာ အဆုပ္ပိုးဝင္ျခင္းျဖစ္သည္။ ေလအိပ္ကေလးမ်ားအတြင္း ျပည္-အေရမ်ား ျပည့္ေနသည္။ ထို႕ေၾကာင့္ ေအာက္ဆီဂ်င္ ေကာင္းစြာမရျဖစ္မည္။ ႏွစ္မ်ဳိး ႏွစ္စားရွိသည္။ Lobar pneumonia အဆုပ္၏ (လုပ္ဖ္) တခုအား ျဖစ္ျခင္းႏွင့္ Bronchial pneumonia အဆုပ္တခုလံုး ျဖစ္ျခင္း၊ ဗက္တီးရီးယား၊ ဗိုင္းရပ္စ္၊ မိုင္ကိုပလာဆမ္ႏွင့္ ဓာတုပစၥည္းမ်ားေၾကာင့္ ျဖစ္ေစသည္။

 

Bacterial pneumonia မွာ ကေလး၊ လူႀကီး ျဖစ္သည္။ အရက္ေသာက္သူမ်ား၊ လူႀကီးမ်ား၊ နာတာရွည္ ေရာဂါသည္မ်ား၊ ခြဲစိတ္ကုသမႈ ခံထားရသူမ်ား၊ ဗိုင္းရပ္စ္ပိုးဝင္ထားသူမ်ားကို ျဖစ္ေစသည္။ အဆုပ္၏ (လုပ္ဖ္) အားလံုး သို႔မဟုတ္ အခုခုအတြင္း အေရမ်ား ျပည့္ေနသည္ကို (ကြန္ဆိုလေဒးရွင္း) အဆုပ္ခဲျခင္းဟု ေခၚသည္။ ေသြးထဲသို႔ ပိုးမ်ား ေရာက္ေစမည္၊ Streptococcus pneumonia မွာ အမ်ားဆံုး ျဖစ္ေစတတ္သည္။

 

ခ်မ္းမည္၊ ဖ်ားမည္၊ ရင္ဘတ္နာမည္၊ ေခ်ာင္းဆိုးမည္၊ သလိပ္၏ အေရာင္ ခပ္စိမ္းစိမ္း ျဖစ္မည္။ အဖ်ား ၁ဝ၅ အထိ ျဖစ္ႏိုင္သည္။ ေခၽြးထြက္မည္၊ အေရျပား၊ လက္သဲ၊ ေျခသဲ ျပာေနမည္၊ စိတ္ မၾကည္မလင္ျဖစ္မည္။ Viral Pneumonia သည္ ထက္ဝက္ေသာ ႏူမိုးနီးယားျဖစ္ေစသည္။ ျဖစ္ခါစ၌ တုပ္ေကြးလို လကၡဏာမ်ား ရွိမည္။ ဖ်ားမည္။ ႂကြက္သားနာမည္၊ အားယုတ္မည္၊ ေခါင္းကိုက္မည္၊ ေခ်ာင္းေျခာက္ ဆိုးမည္၊ ၁၂-၃၆ နာရီအၾကာ အသက္ရွဴၾကပ္လာမည္၊ ေခ်ာင္းပိုဆုိး လာမည္၊ သလိပ္ထြက္မည္၊ အဖ်ားပိုတက္လာမည္၊ ႏႈတ္ခမ္းျပာလာမည္။

 

Treatment ကုသရန္။ ။ပဋိဇီဝေဆးမ်ား၊ အစားအစာ ေကာင္းေကာင္းေႂကြးပါ။ ေအာက္ဆီဂ်င္ လိုႏိုင္သည္။ လကၡဏာ သက္သာေစသည့္ ေဆးမ်ားေပးရမည္။

 

Dr. Tint Swe

Read times Last modified on Wednesday, 05 February 2020 12:48
Rate this item
(1 Vote)