What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 18 November 2022 11:24

ရာသီဥတု အေးလာတဲ့အခါ အသက်ရှူလမ်းကြောင်း ရောဂါအခံရှိတဲ့ ကလေးတွေမှာ ဘယ်လိုပြဿနာတွေ ဖြစ်လာနိုင်သလဲ?

ရာသီဥတု အေးလာတဲ့အခါ အသက်ရှူလမ်းကြောင်း ရောဂါအခံရှိတဲ့ ကလေးတွေမှာ ဘယ်လိုပြဿနာတွေ ဖြစ်လာနိုင်သလဲ? Google

လူအများစုဟာ ခရီး သွားသင့်/မသွားသင့် ထီး ယူသင့်/မယူသင့် စတာတွေကို မိုးလေဝသသတင်းတွေ နားထောင်ပြီးတော့ ဆုံးဖြတ်တတ်ကြပါတယ်။

ဒီနေ့ (သို့) မနက်ဖြန် ရာသီဥတုအခြေအနေ ဘယ်လိုရှိသလဲဆိုတာဟာ အသက်ရှူလမ်းကြောင်းရောဂါအခံရှိတဲ့ သားသားမီးမီးလေးတွေအတွက် အရေးကြီးလို့ မိဘတွေအနေနဲ့ မိုးလေဝသသတင်းတွေ နားထောင်သင့်ပါတယ်။ အထူးသဖြင့် ရာသီဥတုအေးလာတဲ့အခါ ပိုပြီးနားထောင်သင့်ပါတယ်။ ဒါမှလည်း မိဘတွေအနေနဲ့ ကလေးတွေ အပြင်ထွက်တဲ့အခါ ရောဂါဆိုးမလာအောင် ဘာတွေပြင်ဆင်သွားသင့်သလဲဆိုတာ သိနိုင်မှာပါ။

 

 ရာသီဥတု အေးလာတဲ့အခါ အသက်ရှူလမ်းကြောင်းအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်သလဲ?

ရာသီဥတု အေးလာလေ ပတ်ဝန်းကျင်လေထုဟာ ပိုပြီးခြောက်သွေ့လာလေ ဖြစ်ပါတယ်။ ခြောက်သွေ့တဲ့လေကို ရှူမိတဲ့အခါ လည်ချောင်းယားယံစေပြီး ရောင်ရမ်းခြင်းကို ဖြစ်စေတာကြောင့် ပန်းနာရင်ကြပ်ရောဂါရှိတဲ့ ကလေးတွေဆိုရင် လေပြွန်ကျဉ်းပြီး ချောင်းဆိုးခြင်း၊ အသက်ရှူတဲ့အခါ တရွှီရွှီမြည်ခြင်းနဲ့ မောခြင်းစတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

 

ရာသီဥတု အေးလာတဲ့အခါ ပန်းနာရင်ကြပ်လိုမျိုး အသက်ရှူလမ်းကြောင်းရောဂါတွေ ဘာကြောင့် ပိုဆိုးလာရတာလဲ?

သဘာဝအားဖြင့် အသက်ရှူလမ်းကြောင်းကို အရည်အလွှာပါးလေးတစ်ခုနဲ့ ကာရံထားပါတယ်။ ဒီအရည်တွေကို အသက်ရှူလမ်းကြောင်းမှရှိတဲ့ ဆဲလ်တွေကနေ ထုတ်ပေးပါတယ်။  လေအေးတွေ ရှူမိတဲ့အခါ ဒီအရည်အလွှာပါးလေးဟာ ပုံမှန်ထက် မြန်မြန်အငွေ့ပျံသွားပါတယ်။ အရည်ထုတ်နှုန်းထက် အငွေ့ပျံနှုန်းက ပိုမြန်တဲ့အခါ လည်ချောင်းခြောက်လာပြီး လည်ချောင်းယားခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ဖြစ်စေတာကြောင့် ပန်းနာရင်ကြပ်လိုမျိုး အသက်ရှူလမ်းကြောင်းရောဂါတွေ ပိုဆိုးလာရတာပါ။

 

ဒါ့အပြင် ရာသီဥတုအေးတဲ့အခါ အချွဲတွေကို ကိုထွက်စေပါတယ်။ ပုံမှန်ဆိုရင်တော့ အချွဲတွေဟာ အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပေမယ့် အေးတဲ့အချိန်မှာထွက်တဲ့ အချွဲတွေဟာ ပိုပျစ်ပြီးတော့ ဟပ်ထုတ်ရခက်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ အချွဲတွေစုလာတဲ့အခါ ရောဂါပိုးတွေပေါက်ဖွားဖို့ နေရာကောင်းဖြစ်လာတာကြောင့် အအေးမိခြင်း၊ တုပ်ကွေး စတဲ့ ရောဂါတွေ အလွယ်တကူဖြစ်ပြီး နဂိုရှိနေတဲ့ ရောဂါအခံတွေ ပိုဆိုးလာရတာပါ။

 

အသက်ရှူလမ်းကြောင်း ရောဂါအခံရှိတဲ့ ကလေးတွေအနေနဲ့ ဆောင်းတွင်းကို ဘယ်လိုဖြတ်ကျော်ကြမလဲ?

ရောဂါအခံရှိတဲ့ကလေးတွေမှာ ဆောင်းတွင်းရဲ့  အေးပြီးခြောက်သွေ့တဲ့လေကြောင့် ရောဂါပြန်မကြွအောင် မိဘတွေအနေနဲ့  အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဆောင်းတွင်းကို ကလေးတွေ ကျန်းကျန်းမာမာနဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်အောင် မိဘတွေလုပ်ပေးသင့်တဲ့အချက်တွေကတော့ -
၁။  ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးအားလုံးကို သေချာသုံးစွဲပါ။
၂။  အပြင်သွားတဲ့အခါ ကလေးရဲ့ နှာခေါင်းနဲ့ ပါးစပ်ကို လည်စည်းပုဝါလေးနဲ့ ကာထားပေးပါ။
၃။  အသက်ရှူတဲ့အခါ နှာခေါင်းကနေ ရှူသွင်းခိုင်းပြီး ပါးစပ်ကနေ ပြန်ရှူထုတ်ခိုင်းပါ။ နှာခေါင်းထဲရှိ သွေးကြောတွေဟာ လေကို နွေးစေပြီးတော့ အစိုဓာတ်ရှိအောင် လုပ်ပေးလို့ လေအေးတွေ အဆုတ်ထဲ တိုက်ရိုက်မရောက်အောင် ကာကွယ်ပေးပါတယ်။
၄။  ရာသီဥတုအေးရင် ကလေးကို အပြင်မှာ မကစားခိုင်းပါနဲ့။ လေ့ကျင့်ခန်း မလုပ်ခိုင်းပါနဲ့။
၅။  ရောဂါလက္ခဏာ အမြန်သက်သာစေတဲ့ ဆေးတွေကို အဆင်သင့်ဆောင်ထားပါ။
၆။  ကြိုတင်ပြင်ဆင်ခြင်းဟာ ရောဂါလက္ခဏာမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်လို့ မိုးလေဝသသတင်းတွေကို အမြဲမပြတ် စောင့်ကြည့်ပြီး ကလေးကို ရာသီဥတုနဲ့ ကိုက်ညီတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပေးပါ။

 

 

 Source:DrMyanmar

Read times Last modified on Friday, 18 November 2022 11:40
Rate this item
(0 votes)