What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 January 2020 15:33

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်ဈေးကွက်တွင် Mask များ ဈေးနှုန်းမြင့်တက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံအလယ်ပိုင်းရှိ ဝူဟန်မြို့တွင် လတ်တလောဖြစ်ပွားလျက် ရှိသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် Mask(နှာခေါင်းစည်း)များ ဈေးနှုန်းမြင့်တက်လာကြောင်း ရန်ကုန်မြို့ သိမ်ကြီးဈေးရှိ Mask ရောင်းချ သူများထံမှ သိရပါတယ်။ 

''ဈေးတွေက နှစ်ဆနီးပါး တက်လာတယ်။ တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးနှုန်းကမတူဘူး။ ဒါတောင် ဝယ်တဲ့သူတွေက အများကြီးပဲ။ တစ်ခါသုံးတွေဆို ကျွန်မတို့ဆိုင်မှာ ပြတ်သွားပြီ။ ကျွန်မတို့ကိုယ်တိုင်တောင် ပြန်ဝယ်လို့မရတော့ဘူး။ ကုန်သည်က ဖုန်း တောင်ပိတ်ထားတယ်''ဟု သုခအာရောဂျံ မြန်မာဆေးဆိုင်ပိုင်ရှင် မအေးမြတ်မွန်က ပြောပါတယ်။

 

အဆိုပါ နှာခေါင်းစည်းများမှာ အမျိုးအစားကွဲပြားလျက်ရှိပြီး ဈေးနှုန်းများအနေ ဖြင့် ယခင် ၉၅ ကျပ်တန်မှ ကျပ်၂ဝဝ ဝန်းကျင်အထိလည်းကောင်း၊ ကျပ်၂ဝဝ တန်ဖိုး ရှိ နှာခေါင်းစည်းမှာ ကျပ် ၄ဝဝ ဝန်းကျင်အထိလည်းကောင်း၊ တစ်ခါသုံး နှာခေါင်း စည်းမှာ ကျပ် ၃ဝ မှ ကျပ် ၁ဝဝ ဝန်းကျင်အထိလည်းကောင်း ဈေးနှုန်းများ မြင့်တက် လျက်ရှိကြောင်း သိရပါတယ်။

 

''တချို့ဆေးဆိုင်တွေဆို လူတစ်ယောက်ကို သုံးခုနှုန်းပဲရောင်းတယ်''ဟု ဈေးဝယ် သူ အမျိုးသမီးတစ်ဦးက ပြောကြားချက်အရ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ မြန်မာပြည်သူများအကြား စိုးရိမ်မှုမြင့်တက်လာ ပြီး နှာခေါင်းစည်းဝတ်ဆင်သူ ပိုမိုများပြားလာကြောင်းသိရပါတယ်။

mmtimes

 

(Zawgyi)

======

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ရန္ကုန္ေဈးကြက္တြင္ Mask မ်ား ေဈးႏႈန္းျမင့္တက္

 

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံအလယ္ပိုင္းရွိ ဝူဟန္ၿမိဳ႕တြင္ လတ္တေလာျဖစ္ပြားလ်က္ ရွိေသာ ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ Mask(ႏွာေခါင္းစည္း)မ်ား ေဈးႏႈန္းျမင့္တက္လာေၾကာင္း ရန္ကုန္ၿမိဳ႕ သိမ္ႀကီးေဈးရွိ Mask ေရာင္းခ် သူမ်ားထံမွ သိရပါတယ္။ ''ေဈးေတြက ႏွစ္ဆနီးပါး တက္လာတယ္။ တစ္ဆိုင္နဲ႔တစ္ဆိုင္ ေဈးႏႈန္းကမတူဘူး။ ဒါေတာင္ ဝယ္တဲ့သူေတြက အမ်ားႀကီးပဲ။ တစ္ခါသုံးေတြဆို ကြၽန္မတို႔ဆိုင္မွာ ျပတ္သြားၿပီ။ ကြၽန္မတို႔ကိုယ္တိုင္ေတာင္ ျပန္ဝယ္လို႔မရေတာ့ဘူး။ ကုန္သည္က ဖုန္း ေတာင္ပိတ္ထားတယ္''ဟု သုခအာေရာဂ်ံ ျမန္မာေဆးဆိုင္ပိုင္ရွင္ မေအးျမတ္မြန္က ေျပာပါတယ္။

 

အဆိုပါ ႏွာေခါင္းစည္းမ်ားမွာ အမ်ိဳးအစားကြဲျပားလ်က္ရွိၿပီး ေဈးႏႈန္းမ်ားအေန ျဖင့္ ယခင္ ၉၅ က်ပ္တန္မွ က်ပ္၂ဝဝ ဝန္းက်င္အထိလည္းေကာင္း၊ က်ပ္၂ဝဝ တန္ဖိုး ရွိ ႏွာေခါင္းစည္းမွာ က်ပ္ ၄ဝဝ ဝန္းက်င္အထိလည္းေကာင္း၊ တစ္ခါသုံး ႏွာေခါင္း စည္းမွာ က်ပ္ ၃ဝ မွ က်ပ္ ၁ဝဝ ဝန္းက်င္အထိလည္းေကာင္း ေဈးႏႈန္းမ်ား ျမင့္တက္ လ်က္ရွိေၾကာင္း သိရပါတယ္။

 

''တခ်ိဳ႕ေဆးဆိုင္ေတြဆို လူတစ္ေယာက္ကို သုံးခုႏႈန္းပဲေရာင္းတယ္''ဟု ေဈးဝယ္ သူ အမ်ိဳးသမီးတစ္ဦးက ေျပာၾကားခ်က္အရ သိရပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ပတ္သက္၍ ျမန္မာျပည္သူမ်ားအၾကား စိုးရိမ္မႈျမင့္တက္လာ ၿပီး ႏွာေခါင္းစည္းဝတ္ဆင္သူ ပိုမိုမ်ားျပားလာေၾကာင္းသိရပါတယ္။

 

mmtimes

Read times Last modified on Monday, 03 February 2020 21:16
Rate this item
(0 votes)