What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 June 2022 11:59

ကိုရိုနာ နဲ့ ဘက်တီးရီးယား ဗိုင်းရပ်စ်တွေကို ဖယ်ရှာပေးတဲ့ လေသန့်စက် စင်္ကာပူ A*STAR မှ ထုတ်လုပ်

ကိုရိုနာ နဲ့ ဘက်တီးရီးယား ဗိုင်းရပ်စ်တွေကို ဖယ်ရှာပေးတဲ့ လေသန့်စက် စင်္ကာပူ A*STAR မှ ထုတ်လုပ် CNA

စင်္ကာပူနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် သုတေသနအေဂျင်စီ (A*STAR) မှ နည်းပညာအသစ်တွေနဲ့ ပူးပေါင်းတီထွင်လိုက်တဲ့ လေသန့်စက်ဟာဆိုရင် ဘက်တီးရီးယားပိုးများနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်မယ့် လေသန့်စက်ဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံ Plasma Science ကုမ္ပဏီ မှ စတင်ထုတ်လုပ်ခဲ့ပြီးတော့ ၎င်းလေသန့်စက်ကို Safe Air Dome Technology လို့ အမည်ပေးခဲ့ပါတယ်။

Safe Air Dome နည်းပညာမှာဆိုရင် အဆင့်မြင့် graphene electrostatic plates နှင့် built-in ultraviolet-C တို့ ပေါင်းစပ်တပ်ဆင်ထားတာကြောင့် ရောဂါပိုးမွှားတွေကို သုံးဆ လောက်သတ်ပစ်နိုင်တဲ့ လုပ်ဆောင်ချက်များပါဝင်ပါတယ်။

Safe Air Dome ဟာဆိုရင် လေထဲမှာ မတည်ငြိမ်တဲ့ အော်ဂဲနစ်ခြပ်ပေါင်းတွေ ၊ ဓာတ်မတည့်မှုတွေ၊ အနံ့အသက်တွေ ၊ လေထုညစ်ညမ်းခြင်းတွေ နဲ့အတူ ဖုန်မှုန့်များကို ဖမ်းယူဖျက်ဆီးပေးနိုင်ပါတယ်။

Safe Air Dome ဟာဆိုရင် သမားရိုးကျ လေသန့်စက်တွေနဲ့မတူဘဲ Trident သည် လေထုထဲက အညစ်အကြေးတွေနဲ့ အမှုန်အမွှားတွေကိ ဖမ်းယူနိုင်စေဖို့အတွက် Filter တွေကို အသုံးပြုပေးထားပြီ ထို Filter တွေကို ပှံမှန်အစားထိုး သန့်စင်ပေးဖို့က အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။

နောက်ပြီ ပတ်ဝန်းကျင်အခြေအနေအပေါ်မှာမူတည်ပြီ ပန်ကားအမြန်နှုန်းကိုလည်း လိုအပ် စိတ်ကြိုအတိုးအလျှော့ ပြုလုပ်နိုင်တဲ့အပြင် စွမ်းအင်ကို အကောင်းဆုံးအသုံးချနိုင်တယ် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Written By Aung Win (Myanmar Health Products Guide)

Ref: CNA

Read times
Rate this item
(0 votes)