What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Friday, 14 February 2020 14:49
အနီးမှုန်ဖြစ်ခြင်းမှ လျော့ချနည်း
ခန္ဓာကိုယ်အစိတ်အပိုင်းများစွာ ရှိတဲ့အထဲမှ မျက်လုံးကလည်း အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
ယနေ့ခေတ်တွင် နည်းပညာ၊ အလှအပ ၊ အမြင်အာရုံများကို စွဲမက်ဖွယ်ရာများစွာ ပေါ်ထွန်းလာတဲ့ အတွက် ကောင်းကျိုး ဆိုးကျိုး များစွာကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဖုန်း ၊ ကွန်ပျူတာ ၊ TV နဲ့ Game စတဲ့ နည်းပညာ များစွာကိုအသုံးပြုလာတာ နဲ့ အမျှ အာရုံစူးစိုက်မှုကြောင့် အာရုံကြောများ ၊ မျက်လုံးများ စတဲ့ အနီးမှုန် ၊ အေဝေးမှုန်ခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
အနီးမှုန်ခြင်းဆိုတာ ဘေးပတ်ဝန်းကျင်မှ ဝင်လာသော အလင်းတန်းများက မြင်လွှာဆုံချက်ရဲ့ အနောက်တွင် ကျရောက်ခြင်းဖြင့် ပုံရိပ်များ ကြည်လင်ပြတ်သားစွာမြင်နိုင်ခြင်း မရှိတာကိုဆိုလိုပါတယ်။ အနီးမှုန်သောသူ အများစုရဲ့ မျက်လုံးက မွေးရာပါ သေးငယ်တာ ၊ မျက်လုံးတိုတာ နဲ့ မျိုရိုးဗီဇ ကြောင့်လည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
အနီးမှုန်ခြင်းဆိုတာ အဝေးကအရာဝတ္ထုများကို ကြည်လင်ပြတ်သားစွာ မြင်နိုင်သော်လည်း အနီးအနား   ရှိအရာဝတ္ထုများကို ကောင်းမွန်စွာ မြင်နိုင်စွမ်းမရှိခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ယနေခေတ်မှာတော့ အနီးမှုန်ခြင်းကို မျက်ကပ်မှန် တပ်ခြင်းဖြင့် အနီးမှုခြင်းပြဿနာကို ဖြေရှင်းနေကြပါသော်လည်း အနီးမှုခြင်းက အသက်အရွယ် ကြီးလာတာနဲ့အမျှ ပိုမိုဆိုးဝါးလာစေပါတယ်။
အနီးမှုန်ခြင်း လက္ခဏာများ
အနီးအနားအရာဝတ္ထု ကိုကြည်လင်စွာမမြင်ရတာ ၊ အာရုံးစိုက်ကြည့်ရတာ ၊ အာရုံးစူးစိုက်ခြင်းကြောင့် ခေါင်းကိုက်လာတာ ၊  မျက်ရိုးကိုက်လာတာ ၊ အမြင်ေ၀ဝါးလာတာ ၊ မျက်ရိုးကိုက်ပြီး ဇက်ကြောတတ်လာတာ၊ ပင်ပန်း မ်းနယ်တာ နဲ့ အာရုံစိုက်ကြည့်ခြင်းဖြင့် ခေါင်းမူးလာတာ စတဲ့လက္ခဏာများဖြစ်ပေါ် နိုင်ပါတယ်။
Opticians (မျက်စိ စမ်းသပ်ခန်းပေါင်း ၁၅၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
Image result for Opticians
အနီးမှုန်ဖြစ်ခြင်းမှ လျော့ချနည်း
စာဖတ်တာ ၊စာရေးမယ်ဆိုလျှင် အလင်းရောင်ကောင်းကောင်းရရှိသော  နေရာများတွင်ဖတ်တာ ၊ အစပ် များများစားခြင်းမှ ရှောင်ကျဉ်တာ ၊ အရက် ၊ ဆေးလိပ် သောက်ခြင်းရှောင်ကျဉ်တာ ၊ မျက်စိကို ထိခိုက်ဒဏ် ဖြစ်ခြင်းမှ ရှောင်ကျဉ်တာ ၊ အဆီပါသော အစားအသောက်များကို လျော့စားခြင်းဖြင့်လည်း အနီးမှုန်ခြင်းကို လျော့နိုင်ပါတယ်။
ဒါအပြင် TV ကို အနည်းဆုံး ၃ ပေ အကွာမှ ထိုင်ကြည့်တာ၊ ဖုန်း၊ ကွန်ပျူတာများကို သင့်လျော် သောအလင်းဖြင့် ချိန်ထားကြည့်တာ (သို့) စူးရှသော အလင်းကာ မှန်တပ်တာ ၊အာရုံစိုက်ကြည့်ရမဲ့ အရာဝတ္ထူများကို ခါးမတ်မတ်ထားပြီး ကြည့်တာ ၊ ကွန်ပျူတာနဲ့ တစ်နေ့လုံး အလုပ်လုပ်နေသူများ အနေဖြင့် ၃၀ မိနစ်တစ်ကြိမ် အရွက်စိမ်းရှိသော အပင် (သို့) အဝေးကို ၅ မိနစ်ခန့် ပြောင်းကြည့်ပေးတာ နဲ့ ပေါ့ပေါ့ပါးပါးရှိသော လေ့ကျင့်ခန်းများကို ပြုလုပ်ပေးတာ ၊ မျက်နှာသစ်ပြီးရင် အဝတ်သန့်သန့်ဖြင့် သုတ်ပေးတာ ၊ ခရမ်းလွန်ရောင်ခြည် မျက်စိကိုတိုက်ရိုက် ထိရိုက်ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပေးခြင်းဖြင့် အနီးမှုန်ဖြစ်ပေါ်ခြင်းကိုလည်း လျော့နိုင်ပါတယ်။
အနီးမှုန်ဝေသနာရှင်များအနေဖြင့် စားသုံးသင့်သောအစားသောက်များ
အနီးမှုန်ခြင်းက အမြင်အာရုံကြောဆိုင်ရာ ပြဿနာတစ်ခုလည်းဖြစ်တဲ့အတွက် အာရုံကြောများကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ မုန်လာဥနီ နဲ့ သကြားအနည်းငယ် ရောင်စပ်ပြီးစားတာ ၊ မြင်းခွာရွက် ကိုသန့်ဇင်ဆေးကြောပြီးစားတာ ၊ မြင်းခွာရွက်ကို အမှုန့်လုပ်ကာ ပျားရည်နဲ့စိမ်ပြီး တစ်ရက်ကို တစ်ဇွန်း နှုန်းဖြင့် နှစ် ကြိမ်စားပေးတာ ၊ အစိမ်းရောင်ရှိသော အရွက်များများစားတာ ၊ အရည်ရွှမ်းသော အသီးများစားပေးခြင်းဖြင့် အနီးမှုန်ခြင်းကို သက်သာစေနိုင်ပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ ပြသပြီး မျက်စိစမ်းသပ်တာ ၊ မျက်မှန် ပြုုလုပ်တာ နဲ့ မျက်စိ အာရုံကြောဆိုင်ရာဆေးဝါးများကို ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ပါ။
Written By Health Products Directory
(Zawgyi)
=====
အနီးအနားအရာဝတ္ထု ကိုကြည်လင်စွာမမြင်ရတာ ၊ အာရုံးစိုက်ကြည့်ရတာ ၊ အာရုံးစူးစိုက်ခြင်းကြောင့် ခေါင်းကိုက်လာတာ ၊ မျက်ရိုးကိုက်လာတာ ၊ အမြင်ေ၀၀ါးလာတာ ၊ မျက်ရိုးကိုက်ပြီး ဇက်ကြောတတ်လာတာ၊ ပင်ပန်းနွမ်းနယ်တာ နဲ့ အာရုံစိုက်ကြည့်ခြင်းဖြင့် ခေါင်းမူးလာတာ စတဲ့လက္ခဏာများဖြစ်ပေါ် နိုင်ပါတယ်။
Read times Last modified on Friday, 14 February 2020 15:12
Rate this item
(0 votes)