What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 08 June 2022 14:48

ဆီးချို မထိန်းနိုင်ခဲ့ရင်အသက်အန္တရာယ် ထိခိုက်နိုင်လား

ဆီးချို မထိန်းနိုင်ဘူးဆိုတာကတော့ အချိုဓာတ်များလွန်းနေတာအပြင် အချိုဓာတ်နည်းလွန်းတာ စတဲ့ (၂) စလုံးပါဝင်ပါတယ်။

ဘယ်အချိန်တွေမှ အချိုဓာတ် အရမ်းနည်းသွားနိုင်လဲ (ဆီးချိုအရမ်းကျခြင်း)

သွေးတွင်းအချိုဓာတ်ကိုကျစေတဲ့ သောက်ဆေးများသောက်ပြီး (သို့) အင်ဆူလင်ထိုးပြီးအစာမစားမိတဲ့အခြေအနေမှာ သတိလစ်သည်အထိဖြစ်သွားနိုင်ပါတယ်။ သွေးတွင်းအချိုဓာတ်နည်းတာကို ခြေလက်ကတုန်ကယင်ဖြစ်တာ ၊ ရင်တုန်တာ ၊ ချွေးစေးပြန်တာ ၊ အသက်ရှူမဝတာ စတဲ့ လက္ခဏာ တစ်ခုခုဖြစ်လာပြီဆိုရင်တော့ ဆီးချို အမြန်စစ်ပေးဖို့လိုပါတယ်။ လိုအပ်ပါ ဆေးရုံ (သို့) ဆေးခန်း သို့ အမြန်သွားပေ လိုပါတယ်။

ဘယ်အချိန်တွေမှ အချိုဓာတ် အရမ်းများသွားနိုင်လဲ

သွေးတွင်းအချိုဓာတ်ကို များလာတဲ့အခါ ဆီးအလွန်သွားခြင်း (ဆီးခဏခဏသွားနေရခြင်း) ဖြစ်စေပြီ ရေဓာတ်ခန်းခြောက်ခြင်းပြီး သတိလစ်ခြင်းအထိ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် နီးစပ်ရာ ဆေးရုံ (သို့) ဆေးခန်း သို့ အမြန်သွားပေ လိုပါမယ်။

(Type 1 သမားများဆိုရင်တော့ အသက်ရှူမြန်တာ၊ ဗိုက်အောင့်တာ၊ နှုံးတဲ့လက္ခဏာတွေလည်း ပြနိုင်ပါတယ်)

မိမိမှာ ဆီးချိုရှိတာမသိတဲ့ လူတွေ ဆီးချိုမထိန်းနိုင်တဲ့အခါမျိုးမှာဆိုရင်တော့ သွေးအတွင်းအချိုဓာတ်က သွေးကြောတွေကို ကျဉ်းတာ ၊ ပိတ်တာတွေကို ဖြစ်စေတက်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ ၊ လေဖြတ်တာ ၊ ခြေထောက်သွေးအလျှောက်တာ ဖြစ်စေတက်ပါတယ်။

ဒါ့အပြင် အမြင်အာရုံထိခိုက်ခြင်း ၊ ခြေလက်ထုံကျဉ်ပြီး ထိခိုက်မိမှန်းမသိခြင်း၊ အထိုင်အထမှာခက်ပြီး မိုက်ခနဲမူးသွားခြင်း ၊ မ်းချုပ်တာ၊ ဆီးသွားရခက်ခြင်း နှင့် ကျောက်ကပ်ကိုပါ ထိခိုက်သည်အထိ ဖြစ်နိုင်ပါတယ်။

ဒီလိုဆိုးကျိုးတွေ ဖြစ်မလာအောင် မိမိတို့ကိုယ်တိုင် (သို့) ဆေးရုံ ၊ ဆေးခန်း တွေမှာ ဆီးချိုနှင့် ပတ်သက်ပြီ စနစ်တကျ တိုင်းတာခြင်း နှင့် ထိန်းသိမ်းခြင်း ပြုလုပ်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့လိုက်ပါတယ် ခဗျာ။

Read times
Rate this item
(0 votes)