ဒူးက ခန္ဓာကိုယ်တစ်လုံး အလေးချိန် နဲ့ လှုပ်ရှားမှုတိုင်းအတွက် ထိန်းရသော အဆစ်တစ်ခုလည်းဖြစ်ပါတယ်။
အသက်ရှင်နေတစ်လျှောက်လုံး ဒူးကိုအသုံးပြုကြသောကြောင့် ကြာလာတဲ့အခါ ဒူးများညောင်းကိုက် နာကျင်ခြင်း ဖြစ်ပေါ်လာပါတယ် ။ ဒူးနာခြင်းက ကျား ၊ မ မရွေးဖြစ်ပွားနိုင်သော်လဲ အသက် ၄၀ ကျော်အရွယ် နဲ့ ဒူးကိုများများအသုံးပြုသူများ ၊ တောင်တတ်သမားများ ၊ အားကစားသမားများက ဒူးနာခြင်းကို အများဆုံးဖြစ်ပေါ် စေနိုင်ပါတယ်။ ဒူးနာခြင်းက တစ်ဦး နဲ့ တစ်ဦး မတူညီနိုင်သလို ဒူးနှစ်ဘက်စလုံးနာတာ၊ တစ်ဖက်တည်းနာတာ များဖြစ်ပေါ်တတ်ပါတယ်။
ထိခိုက်ရောင်ရမ်းတာ၊ လှုပ်ရှားမှုများတာ၊ အဆစ်ရောင်တာ ၊ အရိုးကျိုုးတာ ၊ အရိုးနုပြဲတာ ၊ အဝလွန်တာ ၊ ဒူးအဖုံးရောင်ရမ်းတာ နဲ့ နေမကောင်းဖြစ်တာများကြောင့်လည်း ဒူးနာခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒူးရောင်ရမ်းတာ ၊ ဒူးခေါင်းနားတစ်ဝှိုက်နီပြီး ရောင်ရမ်းတာ ၊ လမ်းလျှောက်ရန်ခက်ခဲတာ၊ ဒူးကွေ့ရန်ခက်ခဲတာ ၊ နေမထိထိုင်မသာ ဖြစ်ပြီး ဒူးညောင်းတာ စတဲ့လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါတယ်။
ကိုအလေးချိန်လျော့ချတာ ၊ ရေခဲမုန့်စားတာ၊ ဆီဆိုဒါပါသော အစားအစာများ စားခြင်းမှ ရှောင်ကျဉ်တာ ၊ အရက်ဘီယာ ၊ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကျဉ်တာ၊ အကြောလျော့တာ ၊ တောင်တတ်တောင်ဆင်းတာ ၊ လှေခါးများတက်ခြင်း မှရှောင်ကျဉ်တာ ၊ ဒူးကို များများအသုံးဖြင်းမှ လျော့ချတာ ပေးခြင်းဖြင့် ဒူးနာခြင်းကို သက်သာစေနိုင်ပါတယ်။
မုန်လာဥနီကို အစိမ်းစားတာ ၊ ကြော်စားတာ၊ ဂျင်းကို ဟင်းရည်လုပ်သောက်တာ ၊ ထောပတ်သီးစားတာ ၊ နံနတ်သီးစားတာ၊ ဒူးနာသောနေရာကို ရေခဲကပ်ပေးတာ ၊ ငါးကြီးဆီများသောက်သုံးတာ၊ ဂလူးကိုစမင်းများ သုံးစွဲခြင်းဖြင့် ဒူးနာခြင်းကို သက်သာစေနိုင်ပါတယ်။
ဒူးနာခြင်း တစ်ခုခုဖြစ်ပေါ်လာရင် သိသိခြင်း ဆရာဝန်များစီကို စောစောသွားရောက်ပြသပြီး စစ်ဆေးမှုများကို ခံယူသင့်ပါတယ်။ ဒူးနာခြင်းကို အကိုက်ပျောက်ဆေးသောက်တာ ၊ လေးဘက်နာသက်သာစေတဲ့ ဆေးများသောက်တာ၊ ဂေါက်ရောဂါရှိမရှိ စစ်ဆေးပြီး ဆေးများသောက်သုံးတာ ၊ ထိုးဆေးများထိုးတာ၊ လိုအပ်လျှင်ခွဲစိတ်ကုသမှုများ ပြုလုပ်ခြင်းဖြင့် ဒူးနာခြင်းကို ကုသနိုင်ပါတယ်။
Written By Health Products Directory
(Zawgyi)
=====
ဒူးနာရခြင်း
ထိခိုက်ရောင်ရမ်းတာ၊ လှုပ်ရှားမှုများတာ၊ အဆစ်ရောင်တာ ၊ အရိုးကျိုးတာ ၊ အရိုးနုပြဲတာ ၊ အ၀လွန်တာ ၊ ဒူးအဖုံးရောင်ရမ်းတာ နဲ့ နေမကောင်းဖြစ်တာများကြောင့်လည်း ဒူးနာခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Optical/Optometry (မျက်စိ စမ်းသပ် ပစ္စည်း ကိရိယာ ရောင်းချသော ဆိုင်ပေါင်း ၃၀ ကျော်ကို ကြည့်ရန် နှိပ်ပါ