What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 21 September 2018 14:39

ကျောက်ကပ်၌ ကျောက်တည်ခြင်း၏ ရောဂါလက္ခဏာများ

ကျောက်ကပ်အတွင်းမှာ ရှိနေတဲ့ကျောက်ဟာ ရွေ့လျားခြင်း၊ ကျောက်ကပ်နဲ့ ဆီးအိမ်ဆက်ထားတဲ့ ဆီးပြွန်အတွင်းသို့ ရောက်ရှိခြင်းတို့မှလွဲ၍ အခြားအချိန်များ၌ မည်သည့်ရောဂါလက္ခဏာမျှ မတွေ့ရပေ။

ဖြစ်နိုင်ခြေရှိတဲ့ ရောဂါလက္ခဏာတွေကတော့ -

နံရိုးအောက်၊ ကျောဘက်နဲ့ ဘေးဘက်များတွင် ပြင်းထန်စွာ နာကျင်ခြင်း။

ဝမ်းဗိုက်အောက်ပိုင်းနဲ့ ပေါင်ခြံများထိအောင် နာကျင်ခြင်း။

နာကျင်မှုမှာ လှိုင်းပုံသဏ္ဌာန်ဖြစ်၍ နာလိုက် သက်သာလိုက်ဖြစ်ခြင်း။

ဆီးသွားစဉ် နာကျင်ခြင်း။

ဆီးအရောင်မှာ ပန်းရောင်၊ အနီရောင် (သို့) အညိုရောင်ဖြစ်ခြင်း။

ဆီးနောက်ခြင်း (သို့) ဆီးအနံ့ပြင်းခြင်း။

ပျို့ခြင်း၊ အန်ခြင်း။

အမြဲတစေ ဆီးသွားချင်နေခြင်း။

ပုံမှန်ထက် ပို၍ဆီးသွားခြင်း။

ရောဂါပိုး ၀င်နေပါက အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း။

တစ်ကြိမ်ဆီးသွားလျှင် အနည်းငယ်သာသွားခြင်း။

ကျောက်ကပ်မှာရှိတဲ့ ကျောက်တုံးဟာ ဆီးလမ်းကြောင်းတစ်လျှောက် ရွေ့လျားနေတာကြောင့် နာကျင်မှုဟာ အမျိုးမျိုး ပြောင်းလဲသွားနိုင်ပါတယ်။ (ဥပမာ - အခြားနေရာသို့ ရွေ့သွားခြင်း၊ နာလိုက် ပျောက်လိုက်ဖြစ်ခြင်း)

source:Dr. Thinzar Wynn (www.drmyanmar.com)

Read:စိတ်ထင်တိုင်း မသောက်သင့်တဲ့ ‘ကြာဆေး’တွေ

စိတ်ထင်တိုင်း မသောက်သင့်တဲ့ ‘ကြာဆေး’တွေ

Read times Last modified on Friday, 21 September 2018 14:45
Rate this item
(2 votes)