What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 03 March 2020 15:05

နားကိုက်ရခြင်း

နားထဲကို ဓာတ်မတည့်သော အစိုင်အခဲ ၊ အရည် ၊ အငွေ့များ ဝင်ရောက်ခြင်းကြောင့် နားကိုက်ခြင်းကိုဖြစ် ပေါ်စေနိုင်ပါတယ်။

တခါတလ ကူးဆက် ရောဂါ (သို့) ပိုးမွှားများ နားထဲဝင်ရောက်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ နားကိုက်ခြင်းက အသက်အရွယ် ကျား ၊မ မရွေးဖြစ်ပေါ် တတ်ပါတယ်။ အထူးသဖြင့် ၈ နှစ်နဲ့ ၂၀နှစ် အောက်ကလေးများတွင် အများဆုံးဖြစ်ပွားတတ်ပါတယ်။

ဓာတ်မတည့်သော အနံ့များရှူချမိလျှင် နှာခေါင်းယားယံခြင်းများဖြစ်ပေါ်စေပြီး နှာခေါင်းယားယံခြင်းက နားအူတာ ၊နားနာတာ နဲ့ နားရည်ယိုတာ များကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

နားကိုက်ခြင်း လက္ခဏာ

နားရောင်ရမ်းတာ၊ အဖျားတက်တာ၊ နားနီတာ၊ နားနှစ်ဖက်စလုံးနာကျင်တာ ၊ နားအူတာ ၊ နားလေးသလိုဖြစ်တာ ၊ လည်ချောင်းနာတာ၊ နားရည်ယိုတာ စတဲ့လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါတယ်။

 

Overseas Hospital Branch Office (ဆေးရုံပြည်ပ ကိုယ်စားလှယ်ရုံး ၆၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Hospitals (Private)

 

 

ဓာတ် မတည့္သောအရာများကြောင့် နားကိုက်ရခြင်း

ဓာတ်မတည့်သောအနံ့များ ရှူချခြင်းက တခါတလေ နားနာကျင်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဓာတ်မတည့်သော အနံ့များက နားအမှေးပါးကို ထိခိုက်တာ ၊ နားပိတ်တာ ၊ နားနာကျင်တာနဲ့ နားကို နေမထိထိုင်မသာ ယားယံ နာကျင်တာများကို ဖြစ်ပေါ် စေနိုင်ပါတယ်။

 

Histamine -ဓာတ်တု ပစ္စည်းများက နား၊ လည်ချောင်း၊ နှာခေါင်း ၊ မျက်လုံးများနဲ့ ဓာတ်မတည့်သော ဓာတ်တုပစ္စည်းတစ်မျိုးလည်းဖြစ်ပါတယ်။ Histamine- ဓာတ်တုဆေးက နား၊ လည်ချောင်း ၊ မျက်လုံး များကို ရောင်ရမ်းတာ ၊ အရည်ထွက်တာ များကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အထူးသဖြင့် နားစည် ပိတ်တာ၊ နားတွင်းပိုမွှားဝင်တာ ၊ ယူအက်စတိတ်ပြွန်ပိတ်တာ နဲ့ နား အတွင်းခိုက်မိတာကြောင့် နားနာကျင်ခြင်းကို အဓိကဖြစ်ပေါ်စေပါတယ်။

 

ကုသနည်း

နားနာကျင်ရတဲ့အကြောင်းရင်းကို စတင်ရှာဖွေပြီး ကုသမှုများကို ပြုလုပ်ရမည်ဖြစ်ပါတယ်။ နားရည်ယိုခြင်းဆိုရင် နားရည်ယိုခြင်းကို သက်သာစေတဲ့ဆေး ၊ နားသန့်ဆေးများ ထည့်တာ၊ ပိုးမွှားများကြောင့်ဆိုရင် ပိုးမွှားများကို ဖယ်ရှားပြီး ကုသတာ စတဲ့နည်းလမ်းများကို ဆရာဝန်ရဲ့ လမ်းညွန်ချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် နားနာခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။

Written By Health Products Directory

 

(Zawgyi)

=====

နားကိုက်ရခြင်း

 


 


 

နားကိုက်ခြင်း လက္ခဏာ


 



 

ဓာတ် မတည့်သောအရာများကြောင့် နားကိုက်ရခြင်း


 


 

ကုသနည်း



Read times Last modified on Tuesday, 03 March 2020 15:18
Rate this item
(1 Vote)