What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 14 May 2020 13:49

လိင်တူချင်းဆက်ဆံသော သူများ သွေးလှူဖို့ ကန့်သတ်ခံရ ...

သွေးလှူ တယ်ဆိုကတည်းက လူတစ်ဖက်သား အသက်ကို ကယ်ဖို့ပါ ယခုလိုအချိန် လတ်တလော ကမ္ဘာ့ကပ်ရောဂါခံစားနေရချိန်မှာတောင် ဒီလို ခေတ်မမှီတဲ့ စည်းမျဉ်း နဲ့ စည်းကမ်းချက်တွေက ဖျောက်ဖျက်ဖို့ လိုနေပါပြီ ဆိုကာ လိင်တူ ဆက်ဆံသူအမျိုးသား တစ်ဦး မှ ပြောကြားခဲ့ပါတယ် .....

စာရေးဆရာဖြစ်သူ Seamus Kirst က ထိုအချက်အလက်ကိုရေးသားဖော်ပြတာဖြစ်ပြီး အဆိုပါကန့်သတ်ခြင်းက တဖက်စောင်းနင်းဆန်သော စည်းမျဉ်းကြီးဖြစ်ကာ အမျိုးသား တစ်ဦးမှ အမျိုးသားတစ်ဦးနဲ့ ချစ်မေတ္တာ မျှကာ အရှုပ်အရှင်းကင်း နေတဲ့ လိင်တူ စုံတွဲတွေကို ထိခိုက်နေတဲ့ စည်းကမ်းချက်ကြီးပါဆိုကာ ပြောကြားခဲ့ပါတယ်။

 

၂၀၀၀ ခုနှစ်အလယ်ပိုင်း ကျွန်တော် ဆယ်ကျော်သက် အရွယ်လောက်တုန်းကပေါ့ ။ အတော်လေး စိတ်မကောင်းစရာ ကိစ္စ ရပ်လေးတစ်ခုဖြစ်ပွားခဲ့တယ်။ကျွန်တော် သွေးလှူမဲ့ ကိစ္စ ကို အမေရိက ရဲ့ အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေး အသင်း ဖြစ်တဲ့ FDA မှ သွေးလှူ ဖို့ကို ကျွန်တော့် ဘဝ တစ်လျှောက်လုံး လုံးဝ ပိတ်ပင်ခဲ့တယ်။

 

တကယ်တန်းမှာ ကျွန်တော်က လိင်တူ ဆက်ဆံ တဲ့ အမျိုးသား တစ်ဦးဖြစ်တယ် ထိုနည်းတူ ပဲ သူတို့ ဆက်တွေးတာ ကျွန်တော်က အခြား လိင်တူ ဆက်ဆံတဲ့ ဆယ်ကျော်သက်တွေနဲ့ လိင်ဆက်ဆံမယ်လို့ မြင်မှာပေါ့ ဒါ့ကြောင့့်ပဲ ကျွန်တော့် အနေနဲ့ လူတစ်ယောက်ရဲ့ အသက်ကို သွေးလှူ ပြီး ကယ်နိုင်မဲ့ အခွင့် အရေးကို ဆုံးရှုံးခဲ့ရတယ်။

 

၁၉၈၃ ခုနှစ်ကတည်းက FDA က လိင်တူ ဆက်ဆံတဲ့ အမျိုးသားတွေကို သွေးလှူဖို့ ပိတ်ပင်ခဲ့တာဖြစ်ပြီး သူတို့ အနေနဲ့ အဲ့ အချိန် က အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ HIV / AIDS ( အနာကြီးရောဂါ ) ပြန့်ပွားမှု့ ကို ထိမ်းချုပ်ဖို့ပါပဲ။ဒါ့ထက် လိင်တူ ဆက်ဆံသူတွေရဲ့ သွေးကို မယူရခြင်းမှာ သူတို့ ရဲ့ သွေး စုဆောင်းဘဏ်မှ သွေးအိတ်များ ကို HIV / AIDS ရောဂါပိုး ပါမလာဖို့ စိတ်ပူနေရလို့ပါတဲ့။

 

ပြီးခဲ့တဲ့ ၂၀၁၅ မှာ တော့ပြန်လည်အဆိုပါစည်းမျဉ်း တွေကို ပြောင်းလဲခဲ့တယ် ထိုသို့ပြောင်းလဲတဲ့ စဉ်းကမ်းချက်ကလဲ အတော်လေး လက်ခံရအခက်ပဲ ဘာလို့ ဆို လိင်တူ ဆက်ဆံဖူးတဲ့ သူတွေအနေနဲ့ သွေးလှူ မယ်ဆိုပါတော့ ၁ နှစ်လုံး လုံးဝ ဆက်ဆံတဲ့ ကိစ္စ ရှင်းလင်းအောင်နေမှ သွေးလှူလို့ရမယ်ဆိုပြီး နည်းလမ်းထွက်လာခဲ့တယ်။

 

ယခုနှစ်မှာ ဆိုရင် ကိုရိုနာ ရောဂါက ကမ္ဘာ အနှံအပြားမှာ ထဖြစ်တယ် ဒါ့ထက် အထိနာတာက အမေရိကန် ပဲပေါ့ လူပေါင်း ထောင်သောင်းမက ကိုဗစ်ရောဂါ ကူးစက်ကျတယ်။ဒီတော့ အဲ့ ရောဂါရယ်လို့ နာမည်လေးသဲ့သဲ့ ကြားတာနဲ့ လူတွေက အတော်လေးသွေးလာမလှူ ကြတာ များတယ် ဒါ့ထက် အမေရိကန် နိုင်ငံရဲ့ ကြက်ခြေနီ အသင်းကလဲ သွေး စုစောင်းဘဏ်မှာ သွေးပျက်လတ်နေကြောင်းကြေငြာတယ်။အမေရိက ရဲ့ ၈၀ ရာခိုင်နှုန်းသော သွေးလှူတန်းမှု့များက ၎င်း သွေးလှူ ဘဏ်ကနေတစ်ဆင့်သွားတယ်လို့သိရတယ်။

 

ဒီတော့ FDA က နေကြေငြာချက်ထုတ်ပြန်ခဲ့တာက လိင်တူ ဆက်ဆံတဲ့ သူတွေ အနေနဲ့ သွေးလှူမယ်ဆို ၃ လ တိတိ မဆက်ဆံပဲ နေထားပါက သွေးလှူလို့ရနိုင်ကြောင်းပြောပါတယ် သို့ပေမယ့် သွေးလှူပြီးပါကလည်း LGBTQ တွေရဲ့ သွေးကို ဆို ၁ ရက်တိတိ စမ်းသပ်မှု့တွေမျိုးစုံနဲ့ စောင့်ကြည့်ပါသေးတယ်တဲ့။

 

တကယ်တန်းမှာ ဆေးပညာ နယ်ကပယ်က လူတွေပြောကြားတာကတော့ ထိုသို့တစ်ရက်ထားတာတွေ ၃ လ မဆက်ဆံ ခိုင်းတာတွေက မလိုအပ်ပါဘူး အကယ်၍ ပိုးရှိနေရင် ပထမ သွေးမလှူခင်ဆေးစစ်ထဲက ပေါ်မယ် ပိုးမရှိနေရင် မပေါ်ဘူးဆိုကာပြောကြားပါတယ်။

 

လက်တွေ့မှာတော့ LGBTQ တွေလည်း သာမန်လူတွေလိုပါပဲ သူတို့တွေမှာတောင် မိသားစု နဲ့ ပျော်ပျော်ရွှင် သားသမီးတွေနဲ့ အိမ်ထောင်ထူတောင်တဲ့ သူရှိသလို တချို့ ခပ်ပေပေတွေလဲ ရှိနိုင်ပါတယ် ဒါကို တွေးတောပြီး သူတို့တွေကို ခွဲခြားဆက်ဆံလို့မရနိုင်ပါဘူး။

 

<<< Zawgyi >>>

 


-----------------------------------------------------------------

 


 


 


 

တကယ်တန်းမှာ ကျွန်တော်က လိင်တူ ဆက်ဆံ တဲ့ အမျိုးသား တစ်ဦးဖြစ်တယ် ထိုနည်းတူ ပဲ သူတို့ ဆက်တွေးတာ ကျွန်တော်က အခြား လိင်တူ ဆက်ဆံတဲ့ ဆယ်ကျော်သက်တွေနဲ့ လိင်ဆက်ဆံမယ်လို့ မြင်မှာပေါ့ ဒါ့ကြောင့်ပဲ ကျွန်တော့် အနေနဲ့ လူတစ်ယောက်ရဲ့ အသက်ကို သွေးလှူ ပြီး ကယ်နိုင်မဲ့ အခွင့် အရေးကို ဆုံးရှုံးခဲ့ရတယ်။

 


 


 


 


 


 


 

Ref ; Teen Vogue 

Read times
Rate this item
(0 votes)