What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Thursday, 27 February 2020 10:03
လိင်ဆက်ဆံခြင်းနဲ့ ကျန်းမာရေးဆိုးကျိုး
ခန္ဓာကိုယ်တွင် လိင်အင်္ဂါက မရှိမဖြစ်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို ဆီးသာွးခြင်းမှ ဖယ်ရှားနိုင်သောကြောင့် လိင်အင်္ဂါ ကျန်းမာဖို့လည်း အလွန်အရေးကြီးပါတယ်။ 
လိင်ဆက်ဆံခြင်းကို လည်းလူတိုင်းနီးပါး ကြုံတွေ့ရမှာဖြစ်တဲ့အတွက် စက်ဆုတ်စရာကိစ္စတစ်ခု လိုတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ လူပတ်ဝန်းကျင် နေရာဒေသ အလိုက် သတ်ချက်များရှိတဲ့အတွက် လိုက်နာဆောင်ရွက်ဖို့ တော့လိုပါတယ်။
လိင်ဆက်ဆံမှုနည်းလမ်းလွှဲမှားသွားခဲ့ရင်တောာ့ လိင်ဆက်ဆံဖော် အမျိုးသား၊ အမျိုးသမီး နှစ်ဦးစလုံးအတွက် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဒီလိုအဖြစ်မျိုးကြုံတွေ့လာရင် မိသားစုဝင်တစ်ဦးဦး (သို့) ယုံကြည်စိတ်ချရသော သူတစ်ဦးဦးနဲ့ တိုင်ပင်ပါ။ အမျိုးသမီးများအနေဖြင့် လိင်ဆက်ဆံပြီး ရက်တစ်ပတ်ထိနာကျင်မှုများနဲ့ ကြုံတွေ့ နေရပြီဆိုရင် ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ပေးပြီး ဆေးကုသမှု ခံယူတာ ၊ သိကျွမ်းသူများထံမှ အကြံဉာဏ်များ ရယူပြီးကုသမှုခံယူပါ။
Clinics (ဆေးကုခန်းပေါင်း ၁၀၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
Image result for Clinics
လိင်ဆက်ဆံခြင်းက HIV ၊ AIDS စတဲ့ ကူးဆက်ရောဂါကို အများဆုံးဖြစ်ပွားနိုင်တဲ့အတွက် လိင်မဆက်ဆံခင် လိင်ဆက်ဆံမဲ့ သူနှင့် သွေးစစ်တာ ၊ လိင်ဆက်ဆံချိန် ကြားခံ ကွန်တုံးသုံးတာ၊ လိင်ဆက်ဆံပြီး ဆီးသွားပေးတာ ၊ အမအင်္ဂါကို ရေနွေးနွေးနဲ့ ဆေးကြောပေးတာ ၊ လိင်ဆက်ဆံချိန်တွင် ရေဓာတ်များဆုံးရှုံးသောကြောင့် ရေများများသောက်ပေးတာများ ပြုလုပ်ပေးခြင်းဖြင့် လိင်ဆက်ဆံရာမှ ကူးဆက်ရောဂါများ မဖြစ်ပွားအောင် ကာကွယ်နိုင်ပါတယ်။
လိင်ဆက်ဆံချိန်တွင် ကိုယ်အနေအထားမှန်ကန်စွာ ဆက်ဆံဖို့လိုအပ်ပါတယ်။ ဒါအပြင်လိင်ဆက်ဆံဖက်ကို တစ်ဦးထက် ပိုမဆက်ဆံတာ ၊ လိင်ဆက်ဆံဖက်ရဲ့ ကျန်းမာရေးချို့ယွင်း ချိန်များတွင် လိင်ဆက်ဆံခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။
ဒါအပြင် လိင်ဆက်ဆံချိန် ကိုယ်နေအထားမှန်ကန် ဖို့လည်းအပ်ပါတယ်။ ကိုယ်အနေအထားမမှန်ခြင်းဖြင့် အမျိုးသားလိင်တံ ကျိုးတာ ၊ ခါးနာတာ ၊ ဒူးနာတာ၊ အမျိုးသမီးများအနေဖြင့် အလွန်နာကျင်တာ ၊ ဆီးအောင့်တာ၊ ဆီးသွားချိန်ပူစပ်တာ စတဲ့ကျန်းမာရေး ထိခိုက်မှုဖြစ်ပေါ်စေနိုင်ပါတယ်။ လိင်ဆက်ဆံပြီး အမျိုးသားလိင်အင်္ဂါ ကျိုးတာ ၊ အမျိုးသမီး များဆီးသွားရန်ခက်ခဲတာ ၊ ဆီးစပ်နားပူစပ်တာ များဖြစ်ပေါ်လင်လျှင် နီးစပ်ရာဆေးခန်း ၊ ဆေးရုံ များကို လျှင်မြန်စွာ သွားရောက်ကုမှု ခံယူပါတယ်။
Written By Health Products Directory
(Zawgyi)
=====
Read times Last modified on Thursday, 27 February 2020 10:25
Rate this item
(0 votes)