What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Monday, 23 March 2020 12:42
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရောဂါအကြောင်း သိကောင်းစရာ
ဆီးက ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးအဆိပ်အတောက်များကို ဖယ်ရှားပေးတဲ့ လုပ်ငန်းကို လုပ်ဆောင်ပေးရန်ပါတယ်။
ဆီးသွားနည်းတာ ၊ ဆီးအောင့်တာများကြောင့် ကျောက်ကပ်ရောဂါ ၊ ကျောက်ကပ်ကျောက်တည်ခြင်းရောဂါများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသားများက ဆီးနဲ့ ပတ်သက်သော ရောဂါဝေဒနာများကို အမျိုးသမီးများထက်ပိုပြီး ခံစားရပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းဆိုတာ ဆီးပြွန်၊ ဆီးအိမ်၊ ကျောက်ကပ် ၊ ဆီးလမ်းကြောင်းများ အတွင်းပိုးဝင်ရောက်တာ နဲ့ Fungus ခေါ် မှိုများကြောင့်ဖြစ်ပေါ်လာတဲ့ ရောဂါဖြစ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရောဂါကိုတော့ အမျိုးသမီးများတွင် အများဆုံးပွားတတ်တဲ့ ရောဂါတစ်ခုလည်းဖြစ်ပြီး အစားအသောက် နေထိုင်မှုပုံစံကို ဂရုစိုက်ဖိ့ု့ လိုအပ်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ကျောက်ကပ်ထိခိုက်တာ ၊ ဆီးသွားချိန် ပူစပ်ပူလောင်ဖြစ်တာ၊ နာကျင်တာ ၊ ဆီးခဏခဏသွားချင်တာ ၊ ဆီးသွားနည်းတာ၊ ဆီးအနံ့ပြင်းလွန်းတာ၊ ဆီအရောင် မဲတာ၊ ဆီးသွားသွေးပါတာ ၊ ဆီးကျင်တာ ၊ စအိုနား နာကျင်ကိုက်ခဲတာ ၊ ဆီးအလွန်အမင်းအောင့်တာစတဲ့ လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါတယ်။
Indigenous Medicine (ပရဆေးဆိုင်ပေါင်း ၁၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
Image result for indigenous medicine
ဆီးလမ်းကြောင်းပိုးဝင်ခြင်းက လိင်ဆက်ဆံခြင်းမှတစ်ဆင့် ဝင်ရောက်နိုင်သလို ၊ ရေသောက်နည်းသူ ၊ စိုထိုင်းသော အတွင်ခံဝတ်ထားသူ ၊ ဆီးသွားခြင်းကို အောင့်ထားသူ၊ အမျိုးသမီးလစဉ်သုံး ကိုသတ်မှတ်တဲ့ နာရီထက် ပိုသုံးတာ ပြန်အသုံးပြုသူ ၊ အမအင်္ဂါကို မသန့်ရှင်းသောလက်ဖြင့် ထိမိတာများကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါကို အများဆုံးဖြစ်ပွားစေနိုင်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို မဖြစ်ပွားရလေအောင် လိင်ဆက်ဆံချိန် ကြားခံကွန်တုံးသုံးတာ ၊ အမအင်္ဂါကို ရေနွေးနွေးဖြင့်ဆေးကြောတာ ၊ ပဠိဇီဝဆေးသောက်သုံးတာ ၊ စိုထိုင်းစရှိသော အတွင်ခံများ တွင် မှိုင်စွဲနိုင်သောကြောင့် မဝတ်ဆင်ခင် စစ်ဆေးကြည့်တာ (သို့) ဝတ်ဆင်ခြင်းမှ ရှောင်ကျဉ်တာ ၊ ရေများများသောက်သုံးတာ ၊ ဆီးသွားချင်စိတ်ကို ထိန်ချုပ်ခြင်းရှောင်ကျဉ်တာ၊ ဆီးအောင့်ရင် ဆီးဆေးများ သောက်သုံးတာ ၊ ရေစိမ်ချိုးခြင်းမှ ရှောင်ကျင်ခြင်းဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်နိုင်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပေ့ါဆစွာနေထိုင်ခြင်းကြောင့် အသက်န္တာရာယ်ကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ဆီးအလွန်အမင်းအောင့်တာ ၊ ဆီးသွားရန်ခက်ခဲတာ ၊ သွေးပါတာ၊ ဆီးအောင့်ပြီး အစားအသောက်ပျက်လာတာ ၊ အမင်္ဂါ အလွန်အမင်းယားယံ လာတာများကြောင့်ဆိုရင် ဆရာဝန် နဲ့ ပြသစစ်ဆေးပြီး ကုမှုခြင်းဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။
Written By Health Products Directory
90165828 212716063139335 1462378197545910272 n
(Zawgyi)
=====
Read times Last modified on Monday, 23 March 2020 14:05
Rate this item
(1 Vote)