What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 30 January 2020 17:18

သွေးချိုဆီးချိုရောဂါ နှင့် ပတ်သက်သော အရေးပေါ်အခြေအနေများ

သွေးချိုအလွန်အကျွံနည်းခြင်း (ဟိုက်ပို) ၊ သွေးချိုဆီးချိုလူနာများတွင် တစ်ခါတစ်ရံ သွေးတွင်းသကြားဓာတ် အလွန်အကျွံနည်းသွားတတ်ပါတယ်။

ဟိုက်ပို (Hypoglycaemia) ဟုလူတော်တော်များများ သိကြပါတယ်။ သွေးတွင်းသကြားဓာတ် ၆၃ မီလီဂရမ် ရာခိုင်နှုန်း သို့မဟုတ် ၃.၅ မီလီမိုးလ်/ လီတာ ပမာဏအောက် လျော့နည်းသွားချိန်တွင် လူနာမှာ သွေးချိုဓာတ်နည်းသည့်လက္ခဏာများစတင်ခံစားရလေ့ရှိပါတယ်။

ဗိုက်ဆာသည့်ခံစားမှုပေါ်လာခြင်း၊ နွမ်းနယ်ခြင်း၊ ရင်တုန်ခြင်း၊ ခြေလက်ကတုန်ကယင်ဖြစ်ခြင်း၊ ချွေးစေးများထွက်ခြင်းနှင့် ဖြူဖပ်ဖြူရော်ဖြစ်လာခြင်း စသည်တို့ဖြစ်ပါတယ်။ ထို့ထက်ပို၍ သွေးချို နည်းလာပါက လှုပ်ရှားမှု အပြုအမူ မူမမှန်ဖြစ်လာခြင်း၊ စကားပြောမမှန်ခြင်း၊ ကယောက်ကယက်ဖြစ်လာခြင်း စသည့် လက္ခဏာမျိုးစုံ ခံစားရလေ့ရှိပါတယ်။တစ်ခါတစ်ရံ ထူးခြားသော လက္ခဏာများပေါ်လာတတ်ပါတယ်။

ရုတ်တရက်မျက်စိမမြင်တော့ခြင်း၊ မူမမှန် ဒေါသပေါက်ကွဲခြင်း၊ တက်ခြင်း ၊ကိုယ်တစ်ခြမ်းသေခြင်းစသည်တို့လည်းဖြစ်တတ်ပါတယ်။ ထို့ကြောင့် သွေးချိုဆီးချိုလူနာတစ်ဦးတွင်ထူးခြားသောဖြစ်စဉ်၊ ခံစားမှု တစ်ခုခုဖြစ်တိုင်း သွေးတွင်းသကြားဓာတ်နည်းခြင်း ဖြစ်နိုင်သည်ကို သိထားသင့်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ချက်ချင်းစစ်ပြီး သွေးတွင်းသကြားဓာတ်နည်းနေပါက သကြားရည်၊ အချိုရည် စသည်တို့ကို အလျှင်အမြန်သောက်သင့်ပါတယ်။ သွေးချိုချက်ချင်းတက်စေသော သကြား၊အချိုရည်စသည့် ရိုးရိုးကစီ ( Simple Sugar) ဖြစ်သင့်ပါတယ်။

ဆန်၊ဂျုံမုန့် စသည့် အဆင့်မြင့်ကစီတို့သည် သွေးချိုကို တဖြည်းဖြည်းသာ တက်စေသဖြင့် သုံးလေ့မရှိပါ။ မရှိသုံးတာဖြစ်သင့်ပါတယ်။ သွေးချိုမကျဘဲ တက်နေပါကလည်း သောက်လိုက်သည့် ပမာဏမှာ သွေးချိုအလွန်မြင့်တက်လောက်အောင် မများ၍ စိုးရိမ်စရာမလိုပါ။ သွေးချိုဆီးချိုရောဂါ၏ နောက်ဆက်တွဲ အာရုံကြော ထိခိုက်ပျက်စီးမှုရှိနေသော လူနာများတွင် အထက်ဖော်ပြပါ လက္ခဏာများ ငုတ်နေတတ်ပါတယ်။ လူနာမှာ သွေးတွင်းသကြားဓာတ် အလွန်နည်းနေသော်လည်း မည်သည့် လက္ခဏာမှ ခံစားရခြင်းမရှိဖြစ်နေတတ်ပါတယ်။

ကုသမှု စောစောစီးစီး မရသဖြင့် သတိမေ့မြောသည်ထိ ဆိုးရွားတတ်ပါတယ်။ သွေးချိုနည်းသည့် လ္ခဏာ စတင်ပေါ်သည့်အချိန်တွင် သကြားရည်၊ အချိုရည်သောက်လိုက်ပါက ခံစားနေရသော ဝေဒနာများ ချက်ချင်းသက်သာသွားမည်ဖြစ်ပါတယ်။ သို့ရာတွင် အချိန်ကြာမြင့်စွာ သတိမထားမိဘဲ ဖြစ်နေပါက သတိမေ့မြောသည်ထိဖြစ်နိုင်ပါတယ်။ ထို့ထက်ပို၍ အချိန်ကြာမြင့်သွားပါက ဦးနှောက်လုပ်ငန်း နာတာရှည် ပျက်စီးသွားနိုင်ပါတယ်။

 

သတိ၊မှတ်ဉာဏ်၊ အတွေးအခေါ်စသည်တို့အားလုံး ရေရှည်ပျက်စီးသွားနိုင်ပါတယ်။

Sinocare Myanmar

 

(Zawgyi)

----------

ေသြးခ်ိဳဆီးခ်ိဳေရာဂါ ႏွင့္ ပတ္သက္ေသာ အေရးေပၚအေျခအေနမ်ား

 

ေသြးခ်ိဳအလြန္အကြၽံနည္းျခင္း (ဟိုက္ပို) ၊ ေသြးခ်ိဳဆီးခ်ိဳလူနာမ်ားတြင္ တစ္ခါတစ္ရံ ေသြးတြင္းသၾကားဓာတ္ အလြန္အကြၽံနည္းသြားတတ္ပါတယ္။ ဟိုက္ပို (Hypoglycaemia) ဟုလူေတာ္ေတာ္မ်ားမ်ား သိၾကပါတယ္။ ေသြးတြင္းသၾကားဓာတ္ ၆၃ မီလီဂရမ္ ရာခိုင္ႏႈန္း သို႔မဟုတ္ ၃.၅ မီလီမိုးလ္/ လီတာ ပမာဏေအာက္ ေလ်ာ့နည္းသြားခ်ိန္တြင္ လူနာမွာ ေသြးခ်ိဳဓာတ္နည္းသည့္လကၡဏာမ်ားစတင္ခံစားရေလ့ရွိပါတယ္။

ဗိုက္ဆာသည့္ခံစားမႈေပၚလာျခင္း၊ ႏြမ္းနယ္ျခင္း၊ ရင္တုန္ျခင္း၊ ေျခလက္ကတုန္ကယင္ျဖစ္ျခင္း၊ ေခြၽးေစးမ်ားထြက္ျခင္းႏွင့္ ျဖဴဖပ္ျဖဴေရာ္ျဖစ္လာျခင္း စသည္တို႔ျဖစ္ပါတယ္။ ထို႔ထက္ပို၍ ေသြးခ်ိဳ နည္းလာပါက လႈပ္ရွားမႈ အျပဳအမူ မူမမွန္ျဖစ္လာျခင္း၊ စကားေျပာမမွန္ျခင္း၊ ကေယာက္ကယက္ျဖစ္လာျခင္း စသည့္ လကၡဏာမ်ိဳးစုံ ခံစားရေလ့ရွိပါတယ္။တစ္ခါတစ္ရံ ထူးျခားေသာ လကၡဏာမ်ားေပၚလာတတ္ပါတယ္။

႐ုတ္တရက္မ်က္စိမျမင္ေတာ့ျခင္း၊ မူမမွန္ ေဒါသေပါက္ကြဲျခင္း၊ တက္ျခင္း ၊ကိုယ္တစ္ျခမ္းေသျခင္းစသည္တို႔လည္းျဖစ္တတ္ပါတယ္။ ထို႔ေၾကာင့္ ေသြးခ်ိဳဆီးခ်ိဳလူနာတစ္ဦးတြင္ထူးျခားေသာျဖစ္စဥ္၊ ခံစားမႈ တစ္ခုခုျဖစ္တိုင္း ေသြးတြင္းသၾကားဓာတ္နည္းျခင္း ျဖစ္ႏိုင္သည္ကို သိထားသင့္ပါတယ္။ ေသြးတြင္းသၾကားဓာတ္ကို ခ်က္ခ်င္းစစ္ၿပီး ေသြးတြင္းသၾကားဓာတ္နည္းေနပါက သၾကားရည္၊ အခ်ိဳရည္ စသည္တို႔ကို အလွ်င္အျမန္ေသာက္သင့္ပါတယ္။ ေသြးခ်ိဳခ်က္ခ်င္းတက္ေစေသာ သၾကား၊အခ်ိဳရည္စသည့္ ႐ိုး႐ိုးကစီ ( Simple Sugar) ျဖစ္သင့္ပါတယ္။

ဆန္၊ဂ်ဳံမုန႔္ စသည့္ အဆင့္ျမင့္ကစီတို႔သည္ ေသြးခ်ိဳကို တျဖည္းျဖည္းသာ တက္ေစသျဖင့္ သုံးေလ့မရွိပါ။ မရွိသုံးတာျဖစ္သင့္ပါတယ္။ ေသြးခ်ိဳမက်ဘဲ တက္ေနပါကလည္း ေသာက္လိုက္သည့္ ပမာဏမွာ ေသြးခ်ိဳအလြန္ျမင့္တက္ေလာက္ေအာင္ မမ်ား၍ စိုးရိမ္စရာမလိုပါ။ ေသြးခ်ိဳဆီးခ်ိဳေရာဂါ၏ ေနာက္ဆက္တြဲ အာ႐ုံေၾကာ ထိခိုက္ပ်က္စီးမႈရွိေနေသာ လူနာမ်ားတြင္ အထက္ေဖာ္ျပပါ လကၡဏာမ်ား ငုတ္ေနတတ္ပါတယ္။ လူနာမွာ ေသြးတြင္းသၾကားဓာတ္ အလြန္နည္းေနေသာ္လည္း မည္သည့္ လကၡဏာမွ ခံစားရျခင္းမရွိျဖစ္ေနတတ္ပါတယ္။

ကုသမႈ ေစာေစာစီးစီး မရသျဖင့္ သတိေမ့ေျမာသည္ထိ ဆိုး႐ြားတတ္ပါတယ္။ ေသြးခ်ိဳနည္းသည့္ လၡဏာ စတင္ေပၚသည့္အခ်ိန္တြင္ သၾကားရည္၊ အခ်ိဳရည္ေသာက္လိုက္ပါက ခံစားေနရေသာ ေဝဒနာမ်ား ခ်က္ခ်င္းသက္သာသြားမည္ျဖစ္ပါတယ္။ သို႔ရာတြင္ အခ်ိန္ၾကာျမင့္စြာ သတိမထားမိဘဲ ျဖစ္ေနပါက သတိေမ့ေျမာသည္ထိျဖစ္ႏိုင္ပါတယ္။ ထို႔ထက္ပို၍ အခ်ိန္ၾကာျမင့္သြားပါက ဦးေႏွာက္လုပ္ငန္း နာတာရွည္ ပ်က္စီးသြားႏိုင္ပါတယ္။

သတိ၊မွတ္ဉာဏ္၊ အေတြးအေခၚစသည္တို႔အားလုံး ေရရွည္ပ်က္စီးသြားႏိုင္ပါတယ္။

Sinocare Myanmar

Read times Last modified on Thursday, 30 January 2020 17:30
Rate this item
(1 Vote)