What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 24 July 2017 11:02

အရေးပေါ် ကျန်းမာရေး သတိပေးချက် (H1N1 ကြိုတင်ကာကွယ်ရန်)

အရေးပေါ် ကျန်းမာရေး သတိပေးချက် (H1N1 ကြိုတင်ကာကွယ်ရန်) google.com

လေမှတစ်ဆင့် ကူးစက်တတ်သော ကူးစက်မြန်ပြင်းထန် အဆုတ်ယောင် H1N1 တုတ်ကွေး Flu Virus (Swine Flu) ရောဂါပိုး ကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် ရောဂါလက္ခဏာများနှင့် သတိပြုနေထိုင် နိုင်ပါရန် တင်ပြအပ်ပါသည်။

၁. ပွေ့ဖက်နှုတ်ဆက်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း နှင့် ပွေ့ဖက်နမ်းရှုံ့ခြင်း တို့ကိုရှောင်ကြဉ်ပါ။

၂. ဆပ်ပြာဖြင့် လက်မဆေးဘဲ မျက်စိ၊နှာခေါင်းနှင့် ပါးစပ်တို့ကို ကိုင်ကွယ်ခြင်းမှ ရှောင်ကြဉ်ပါ။

၃. နှာစေး၊နှာချေလျင် လက်ကိုင်ပုဝါ သို့ တစ်သျှူးဖင့် ဖုံးကွယ်ပေးပါ။

၎. နှာစေး၊နှာချေရာတွင် အသုံးပြုပြီးသော တစ်သျှူးများကို အမှိုက်ပုံးထဲသို့ စနစ်တကျ သေချာစွာ စွန့်ပစ်ပါ။

READ - လုပ်ငန်းခွင်မှာ ခေါင်းကိုက် တဲ့အခါ ဘာလုပ်သင့်လဲ???

၅. ပြင်ပမှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျ သေချာစွာ ဆေးကြောပါ။

၆.တုပ်ကွေးလက္ခဏာများဖြစ်သော (နှာစေးခြင်း၊ နှာရည်ကျခြင်း၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက် ခေါင်းမူးခြင်း၊ ခြေဖျားလက်ဖျားများ အေးစက်ခြင်း၊ သတိလစ်ခြင်း) အစရှိသည် ဖြစ်ပွားလာပါက၊ သက်ဆိုင်ရာ ဆရာဝန်ထံ ချက်ချင်းပြသ ကုသမှုခံယူသွားပါ။

၇. တုပ်ကွေးလက္ခဏာ ဖြစ်ပွားနေပါက၊ အခြားသူများနှင့် အနည်းဆုံး ၁မီတာ (၃ပေ-၄လက်မ) အကွာ ဝေးဝေးနေပါ။ တုပ်ကွေးလက္ခဏာရှိသူနှင့် လည်းအနည်းဆုံး ၁မီတာ(၃ပေ-၄လက်မ)အကွာ ဝေးဝေးနေပါ။

၈. တုပ်ကွေးလက္ခဏာ ခံစားနေရပါက လူထူထပ်သော နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ။ အိမ်တွင်ပြည့်ပြည့်ဝဝ အနားယူပါ။

၉. တုပ်ကွေးရောဂါသည် နှာခေါင်းနှင့်ပါးစပ်တို့မှ အဓိကကူးစက်ဝင်ရောက် နိုင်သည့်အတွက်၊ ပြင်ပသို့ ထွက်လျင် နှာခေါင်းစည်းစည်းခြင်း နှင့် လက်ကိုဆပ်ပြာဖြင့် သေချာစွာဆေးခြင်းဖြင့် ကူးစက်ခံရမှုနှုန်း လျော့နည်းစေနိုင်ပါသည်။

READ - အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုးဆက်များ

Source: - Dr.Zin Lin Maung (ကျောက်သင်ပုန်း)

Read times Last modified on Monday, 24 July 2017 11:09
Rate this item
(1 Vote)