What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 22 June 2020 10:49

အရိုးကျီးပေါင်းတက်ရောဂါ နှင့် ကုထုံး

လည်ပင်းအရိုး ကျီးပေါင်းတက် ရောဂါသည် အာရုံကြောနှင့် အများဆုံး သက်ဆိုင်သည့် ရောဂါ ဖြစ်သောကြောင့် အထူး ဂရုစိုက်၍ ကုသသင့်သည့် ရောဂါတစ်မျိုး ဖြစ်ပါတယ်။ 

 

လည်ပင်းကျီးပေါင်းရောဂါသည် လည်ပင်းအရိုးလေးတစ်ခုနှင့်တစ်ခု အကြားတွင် ရှိသော intervertebral disc များ တဖြည်းဖြည်းနှင့် ပါးလွှားလာပြီး ထို လည်ပင်း အရိုးလေးများပေါ်တွင် အရိုးအသစ် သေးသေးလေးများ ထွက်ပေါ်လာပြီး အဆစ်များတောင့်တင်းလာခြင်း၊ ဇက်ကြောတက်ခြင်း၊ အာရုံကြောများကိုသွားဖိမိလျှင် နာကျင်ခြင်း စတဲ့ ဝေဒနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ယောဂလေ့ကျင့်ခန်းများကို တစ်နေ့လျှင် (၂)ကြိမ် (၅)မိနစ်မှ (၁၀)မိနစ်ခန့် ပြုလုပ်ခြင်းသည် ကျီးပေါင်းအတွက် အဓိကဆေးတစ်လက်ဖြစ်သည်။

 

လည်ပင်အရိုးကျီးပေါင်း ဘယ်ချိန်ဖြစ်ပွားနိုင်

အသက်အရွယ် မရွေး ဖြစ်ပွားနိုင်သော ရောဂါတစ်မျိုး ဖြစ်ပြီး အိုမင်းရင့်ရော် လာခြင်း။ ခံနိုင်ရည် ဝန်အားနှင့် မမျှတသော ဒဏ်ဖိအားများခြင်း။ ပုံသဏ္ဌာန် မကျသော ကိုယ်နေဟန်ထားများ။ - အဆစ်အိမ် အတွင်းရှိ အရိုးနုများ၏ အာဟာရ ဖွဲ့စည်းပုံ နှင့် စွမ်းဆောင်ရည် တဖြည်းဖြည်း ကျဆင်းလာရာမှ အရိုးနုများ အလွှာလိုက် တစ်စတစ်စ ပျက်စီးခြင်း။


ပုံသဏ္ဌာန် မမှန်သော အရိုးအတက်များ ထွက်လာခြင်း။ အဆစ်အိမ် နံရံ ရောင်ရမ်းခြင်း။ အကြောအဆစ်များ တောင့်တင်းခြင်း။

 

လည်းပင်နာလျှင် လည်ပင်းကျီးပေါင်းမဖြစ်အောင် ရှောင်ကြဉ်နည်း

ပြင်ထန်းသော လှုပ်ရှားမှုများ။ ကားမောင်းခြင်း။ တီဗွီကြည့်ခြင်း။ ကွန်ပျူတာအလုပ်များခြင်း။ သကြားလုံးစားခြင်း ၊ ချဉ်သော အစားအစာများ ၊ ငန်လွန်းသော အစားအစာများစားခြင်း။ ဂျုံမှုန့်၊ ရွှေချီမှုန့်။ ရေအေးနှင့်ရေချိုးခြင်း၊ အအေးခံခြင်း။ ပြင်းထန်သောလည်ပင်း လေ့ကျင့်ခန်းများလုပ်ခြင်း။ ဆေးလိပ်သောက်ခြင်း။

 

စားသင့်သည့် အစားအစာများ

လတ်ဆတ်သော သစ်သီးများ ၊ ကော်ဖီ ၊ ခရမ်းချဉ် ၊ ဆလတ် ၊ မုန်လာဥဖြူ ၊ သခွာသီးအစရှိသည့် ဟင်းသီး ဟင်းရွက်များ။ ခါးသက်သော ဟင်းသီး ဟင်းရွက်များ ဥပမာ ဒန့်သလွန် ၊ ကြက်ဟင်းခါးသီး။

 

နောက်ဆက်တွဲဆိုးကျိုးများ

ကျီးပေါင်းဟာ အာရုံကြောကို တိုက်ရိုက်ဖိအားပေးတာကြောင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး အားနည်းခြင်း ၊ လမ်းကောင်းကောင်းမလျှောက်နိုင်ခြင်း ၊ ခန္ဓာကိုယ်ဟန်ချက်မညီခြင်း ဖြစ်စေပါတယ်။

 

ကုသနည်းများ

လည်ပင်းနဲ့ ပခုံးက ကြွက်သားတွေကို သန်မာစေဖို့ လည်ပင်းကအဆစ်တွေကို စက်ကိရိယာသုံးပြီး ဆွဲဆန့်ခြင်း။ လည်ပင်းလေ့ကျင့်ခန်းလုပ်ခြင်း။ အေးတဲ့ရာသီဥတုတွင် ရေချိုးဆင်ခြင်ပါ။ လည်ပင်းကြွက်သားတွေ နာကျင်တောင့်တင်းခြင်းကို သက်သာဖို့ အပူ (သို့) ရေခဲကပ်ပေးခြင်း။

 

Health Products Directory

Read times
Rate this item
(6 votes)