What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 May 2018 16:20

သည်းခြေကျောက်တည်ခြင်း

သည်းခြေကျောက်တည်ခြင်း google.com

သည်းခြေအိတ်ဆိုသည်မှာ အသည်းရဲ့အောက်ခြေမှာတွယ်ကပ်နေတဲ့ သည်းခြေကိုပုံမှန်ထိန်းသိမ်းပေးတဲ့ အင်္ဂါအစိတ်အပိုင်းပါ။

သူက အစာချေဖို့လိုအပ်တဲ့အချိန်မှာ အူသိမ်ဦး ( Duodenum ) အတွင်း ညှစ်ထုတ်ပေးရပါတယ်။ အဲဒီ သည်းခြေအိတ် မှာ ကျောက်တည်တာကို သည်းခြေအိတ်ကျောက်တည်တာလို့ခေါ်ပါတယ်။

သည်းခြေအိတ်အတွင်းမှာ တည်တဲ့ကျောက်ဟာကျောက်အမှုန့်အမွှားကလေးကနေ ကြီးမားတဲ့ အရွယ်အစားအထိ ဖြစ်နိုင်ပါတယ်။ ဒါကိုတော့ သည်းခြေကျောက်တည်ခြင်းလို့ခေါ်ပါတယ်။

Related image

သည်းခြေကျောက်တည်ခြင်းက အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ အသက် ၄၀ ကျော်တွေမှာ အဖြစ်များပြီး နှစ်စဉ် လူ ၂၀၀ မှ တစ်ယောက်နှုန်းနဲ့ ၀.၇ % ဖြစ်နေတာပါ။ သည်းခြေအိတ်ကျောက်တည်ရခြင်းအကြောင်းရင်း (၃) ချက်ရှိပါတယ်။

(၁) သည်းခြေအရည်မှာပါတဲ့ ပျော်ဝင်နေတဲ့ပစ္စည်း အမျိုးအစားများလို့အနည်ထိုင်တာ ဥပမာ- ကိုလက်စထရောများရင် ကိုလက်စထရောကြောင့်ဖြစ်တဲ့ ကျောက်တည်တာ (Cholesterol Stone)ကို ဖြစ်စေနိုင်ပါတယ်။

(၂) သွေးနီဥပေါက်ကွဲမှုများတဲ့ ရောဂါဖြစ်ရင်လည်း သည်းခြေကျောက်တည်တတ်ပါတယ်။ ဥပမာ- သာလာဆီးမီးယားရောဂါ၊ ငှက်ဖျားရောဂါတွေဖြစ်ရင် ရောင်ခြယ်ကျောက်တည်တာ (Pigment Stone) ကိုဖြစ်စေနိုင်ပါတယ်။ သည်းခြေအရည်စီးဆင်းအောင် သည်းခြေဆား (Bile Salt) က ထိန်းပေးပါတယ်။ သည်းခြေဆားနည်းရင်လည်း သည်းခြေအရည်စီးဆင်းမှု မကောင်းတော့တဲ့အတွက် ကျောက်တည်တတ်ပါတယ်။ သည်းခြေဆားက ဘယ်အခါမှာ နည်းတတ်သလဲဆိုတော့ အူကိုဖြတ်ထုတ်ထားရင်လည်း နည်းတတ်ပါတယ်။ အူသိမ်အောက်ပိုင်း (Ileum)ကို အကြောင်းအမျိုးမျိုးကြောင့် ဖြတ်ထားရရင် ဒါမှမဟုတ် Ileum က ရောဂါဖြစ်ရင် (ဥပမာ- Crohn ရောဂါ) သည်းခြေဆားက နည်းတတ်ပါတယ်။ အသည်းမကောင်းတဲ့ ရောဂါဖြစ်ရင်လည်း ကျောက်တည်တတ်ပါတယ်။

(၃) သည်းခြေအိတ်ရဲ့ ညှစ်အားကျသွားပြီး သည်းခြေရည်စီးဆင်းမှု (Flow)က နှေးသွားတဲ့အခြေအနေမှာလည်း ကျောက်တည်တတ်ပါတယ်။ သည်းခြေရည်စီးဆင်းမှုနှေးစေနိုင်တဲ့ အခြေအနေတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

­­­သည်းခြေအိတ်ရောင်ရင်၊

အစာအိမ်ကို ခွဲစိတ်ကုသမှု ခံယူထားရင်၊

ပဋိသန္ဓေတားဆေး (Oral Contraceptive Pill) သောက်သုံးမှုများရင်၊

မကြာခဏ ကိုယ်ဝန်ဆောင်ရရင် ဖြစ်တတ်ပါတယ်။

သည်းခြေကျောက်တည်ခြင်းဟာ အသက် ၄၀ မှ ၆၀ အတွင်းတွင်အဖြစ်များပြီး အသက်ကြီးလာတဲ့ အမျိုးသားရော အမျိုးသမီး ပါဖြစ်တတ်စေပေမယ့် အမျိုးသမီးများတွင် ပိုအဖြစ်များပါတယ်။

လက္ခဏာများ

အစာစားပြီးတိုင်း ဝမ်းဗိုက်အပေါ်ပိုင်း မအီမလည်ဖြစ်တာ၊ ရင်ခေါင်းမအီမလည်ဖြစ်တာ၊ ပန်ကရိယ နေရာဖြစ်တဲ့ ဝမ်းဗိုက်ရဲ့ ညာဘက်အပေါ်ပိုင်း အောင့်တာတွေဖြစ်တတ်ပါတယ်။ အဆီအစိမ့်စားတာများရင် ပိုဖြစ်စေပါတယ်။ များသောအားဖြင့် နာရီဝက်-တစ်နာရီလောက်နေရင် ပြန်ကောင်းသွားတတ်ပေမဲ့ ဒါတွေကရောဂါရဲ့ ပထမဆုံးအဆင့်တွေပါ။

ရောဂါက ဒုတိယအဆင့်ထိဖြစ်သွားရင်တော့ သည်းခြေအိတ်ရောင်လာမယ်။ နာကျင်မှုဝေဒနာက ပိုဆိုးလာတတ်ပြီး အသက်ရူလိုက်တိုင်း ညာဘက်နံရိုးနေရာက အောင့်တတ်ပါတယ်။ အဖျားလည်း ရှိတတ်ပါတယ်။

ရောဂါ တတိယအဆင့်ကိုရောက်သွားရင်တော့ သည်းခြေကျောက်က သည်းခြေပြွန်ထဲ ဝင်သွားတတ်တာကြောင့် အဖျားကြီးနေတတ်ပါတယ်။ မျက်လုံးတွေဝါတတ်သလို အောင့်လည်းအောင့်လာမယ်။ ပိုဆိုးတဲ့အဆင့်မှာ ဗိုက်အရမ်းတင်းနေတတ်ပြီး Septicaemia လို့ခေါ်တဲ့ အခြေအနေဖြစ်နေတတ်ပါတယ်။ ကျောက်ကပ်ထိခိုက်သွားတဲ့ အဆင့်ရောက်ရင် ဆီးထွက်နည်းတာ၊ ဆီးမထွက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

နောက်ပိုင်းတွင် အသည်းပြည်တည်နာ ဖြစ်လာတတ်သလို သည်းခြေအိတ်မှာ ပြည်တွေနဲ့ ပြည့်နေတာမျိုးလည်း ဖြစ်လာပါမယ်။ ပိုဆိုးလာရင် သည်းခြေရည်ပေါက်ထွက်ပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။ အချို့သူတွေမှာဆိုရင် ဘာလက္ခဏာမှမပြဘဲသည်းခြေကျောက်တည်တာမျိုး ဖြစ်တတ်ပါတယ်။။အခြားအကြောင်းအမျိုးမျိုးကြောင့် ဆေးစစ်တော့မှ တွေ့တာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကိုတော့ Silent Stone လို့ခေါ်ပါတယ်။

Source: Healthy life

Read: ကျန်းမာတဲ့ ခန္ဓာကိုယ်ဖြစ်စေဖို့ အစားအစာ စားသုံးမှု အချိန်စာရင်း(၈) ခု

ကျန်းမာတဲ့ ခန္ဓာကိုယ်ဖြစ်စေဖို့ အစားအစာ စားသုံးမှု အချိန်စာရင်း(၈) ခု

Read times Last modified on Tuesday, 22 May 2018 16:37
Rate this item
(1 Vote)