What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 March 2020 12:51

အရေပြားကင်ဆာရောဂါ

ယခုချိန်များတွင် ကင်ဆာရောဂါကြောင့် အသက်များစွာ ဆုံးနေရပါတယ်။

ကင်ဆာ ရောဂါအတွက် ဆေးဝါးကုသ စရိတ်ကလည်းများပြီး ကင်ဆာရောဂါကုသဆေးများကြောင့် အစာအိမ် ၊ အူလမ်းကြောင့် ထိခိုက်တာ ၊ ဆံပင်ကျွတ်တာ၊ သွေးပေါင်ကျတာ၊ ခန္ဓာကိုယ်ခုခံအား လျော့နည်းလာတာ စတဲ့ ဆိုးကျိုးများဖြစ်ပေါ်နိုင်ပါတယ်။

 

အရေပြားကင်ဆာရောဂါဆိုတာ အရေးပြားဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားလာတာ ၊ DNA များပျက်စီးတာ ၊ ဆဲလ်များ ပြုပြင်ပြောင်းခြင်းကြောင့် အရေပြားကင်ဆာရောဂါကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါအပြင် ခရမ်းလွန်ရောင်ခြည်များနဲ့ တိုက်ရိုက်ထိတွေ့ခြင်းကြောင့်လည်း အရေပြားကင်ဆာ ရောဂါကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

အရေပြားကင်ဆာရောဂါကို Basal cell carinoma , squamous cell carinoma နှင့် melanoma ဆိုပြီး အမျိုးအစား သုံးမျိုးခွဲခြားထားပါတယ်။ Basal cell carinoma ကင်ဆာရောဂါက အများဆုံးဖြစ်ပွားပြီး မျက်နှာ ၊လည်းပင်း ၊နား ၊ဦးရေပြား စတဲ့ နေရာများတွင် အများဆုံးဖြစ်ပွားလေ့ရှိပါတယ်။

 

Pharmaceutical Training (ဆေးဝါးသင်တန်းပေါင်း ၂၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Pharmaceutical Training

 

squamous cell carinoma ကင်ဆာရောဂါက ဒုတိယ အဖြစ်များဆုံးတဲ့ ကင်ဆာရောဂါ တစ်မျိုးလည်းဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်ထိတွေ့ မှုများသော မျက်နှာ ၊ နား ၊ လည်ပင်း ၊ လက် များတွင် အနီအစက်အပျောက်ကြီးများ ၊ အပေါ်ယံလွှာသွေးထွက်တာ များဖြစ်ပေါ်စေနိုင်ပါတယ်။ squamous cell carinoma ကင်ဆာကို လျှင်မြန်စွာ ကုသမှု မခံယူပါက အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ပွားနိုင်ပါတယ်။

 

အရေပြားကင်ဆာရောဂါ များတွင် melanoma- အရေးပြားကင်ဆာရောဂါက ဖြစ်ပွားမှုနည်းပြီး အသက်အန္တာရာယ် ဆုံးရှူံးနိုင်တဲ့ ကင်ဆာရောဂါ တစ်ခုလည်းဖြစ်ပါတယ်။ melanoma - အရေပြားကင်ဆာရောဂါက အရေပြားပေါ်တွင် အနီရောင် ၊ ပန်းရောင်အကွက်များ ဖြစ်ပေါ်တတ်ပြီး စောလျှင်စွာ ကုမှုခံယူပါ။ melanoma - အရေပြားကင်ဆာရောဂါ ကအရေးပြား အောက်အတွင်းပိုင်းတွင် ရောဂါပြန်နှံ့ ခြင်းကြောင့် ကုသရန်အလွန်ခက်ခဲသော ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။

 

အရင်ပြား နီရဲပြီးနာကျင်တာ ၊ သွေးထွက်တာ စတဲ့လက္ခဏာများဖြစ်ပေါ်လာ လျှင်နီးစပ်ရာ ဆေးရုံဆးခန်း ကိုလျှင်မြန်စွာသွားရောက် စစ်ဆေးပြီး ဆရာဝန်ရဲ့ လမ်းညွှန်ချက်များအတိုင်း ကုသမှုခံယူပါ။

Written By Health Products Directory

 

(Zawgyi)

=====

အရေပြားကင်ဆာရောဂါ

 


 


 


 



 


 


 



Read times Last modified on Friday, 06 March 2020 13:02
Rate this item
(1 Vote)