What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 23 August 2017 11:00

မပေါ့ဆသင့်တဲ့ အဆုတ်ကင်ဆာ လက္ခဏာ (၉) မျိုး

မပေါ့ဆသင့်တဲ့ အဆုတ်ကင်ဆာ လက္ခဏာ (၉) မျိုး google.com

အဆုတ်ကင်ဆာရောဂါဟာလည်း အဖြစ်များကြတဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် သေချာ ဂရုတစိုက်ရှိဖို့ လိုပါတယ်။

ဆေးလိပ်သောက်သူတွေသာမက ဆေးလိပ်မသောက်တဲ့သူတွေလည်း အဆုတ်ကင်ဆာ ဖြစ်နို်င်ခြေ ရှိပါတယ်။ ထို့ကြောင့် မပေါ့လျော့သင့်တဲ့ အဆုတ်ကင်ဆာ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. ချောင်းဆိုးခြင်း

ချောင်းဆိုတာနဲ့ အဆုတ်ကင်ဆာလို့တော့ ပြောလို့မရပါဘူး။ သို့သော် အအေးမိလို့ ချောင်းဆိုးတာ၊ သာမန် ချောင်းဆိုးတာမျိုးက အလွန်ဆုံး ၁ပါတ်၊ ၂ပါတ်အထိပါပဲ။ အမြဲလိုလို ချောင်းဆိုးတယ် ၊ ပျောက်ဖို့ခက်တယ် ဆိုရင် တော့ ဒါဟာ အဆုတ်ကင်ဆာ လက္ခဏာဖြစ်နိုင်သလို အခြား အဆုတ်ရောဂါ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၂. နာတာရှည်ချောင်းဆိုးလာခြင်း

သာမန်ချောင်ဆိုးရာမှ အရှင်းမပျောက်ကင်းတော့ဘဲ နာတာရှည်ချောင်းဆိုးလာပြီဆိုရင်လည်း ပေါ့လျော့လို့ မရတော့ပါဘူး။ ဆေးလိပ်စွဲမြဲစွာ သောက်တတ်သူတွေလည်း ဒီလိုချောင်းဆိုးလာပြီဆိုလျှင် ဂရုစိုက်ဖို့လိုပါတယ်။ ချောင်းဆိုးရင် သွေးပါလာတတ်တဲ့ အနေအထားမျိုးဖြစ်လာခဲ့လျှင် နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းသွားပြီး သေချာကုသမှုတွေ လုပ်သင့်ပါတယ်။

READ - အဆုတ်ထိခိုက်ပျက်စီးစေတဲ့ အလေ့အထတွေ

၃. အသက်ရှူတဲ့ပုံစံ ပြောင်းလဲလာခြင်း

အသက်ရှူတဲ့အခါ ခက်ခဲလာခြင်း သို့မဟုတ် ပုံမှန် အသက်ရှူလို့ မဟုတ်ဘဲ လေအလွယ်တကူ ဝင်နေခြင်းဟာ အဆုတ်ကင်ဆာရဲ့ လက္ခဏာပါ။ ဒါဟာ အဆုတ်ကင်ဆာကြောင့် အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းခြင်း (သို့) ရင်ဘတ်အတွင်း အဆုတ်အကျိတ်ဖုမှ အရည်ထွက်နေခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိရဲ့ အသက်ရှူတဲ့ပုံစံဟာ ပြောင်းလဲလာတယ်ဆိုရင် အဆုတ်ကင်ဆာ သတိရှိနေဖို့ လိုအပ်ပါတယ်။

၎. ရင်ဘတ်တဝိုက်နာကြင်ခြင်း

အဆုတ်ကင်ဆာဖြစ်တဲ့အခါမှာ ရင်ဘတ်၊ နောက်ကျော နှင့် ပုခုံးတဝိုက် နာကြင်မှုများ ခံစားရတတ်ပါတယ်။ ပုံမှန်အားဖြင့် ချောင်းဆိုးလိုက်တဲ့အခါမှာ ဒီလိုနာကြင်မှုတွေကို ခံစားရတတ်ပါတယ်။ ချောင်းဆိုးတိုင်း နာကြင်မှုတွေ ခံစားနေရပြီဆိုရင် ဆရာဝန်ကို ပြောပြပြီး စစ်ဆေးကုသမှုများ ခံယူသင့်ပါတယ်။

၅. အသက်ရှူကြပ်ခြင်း

အဆုတ်ကင်ဆာရဲ့ နောက်ထပ်လက္ခဏာတစ်ခုကတော့ အသက်ရှူကြပ်ခြင်းပဲ ဖြစ်ပါတယ်။ ပန်းနာရင်ကြပ် ရောဂါနှင့် အခြား ဓါတ်မတည့်ခြင်းတွေကြောင့်လည်း မကြာခဏ အသက်ရှူကြပ်ခြင်းတွေ ဖြစ်နိုင် ပေမယ့် မိမိဘာသာ မဆုံးဖြတ်ပါနှင့်။ ဆရာဝန်နှင့် တိုင်ပင်ကုသသင့်ပါတယ်။

၆. အသံအနေအထားပြောင်းလဲလာခြင်း

မိမိရဲ့ အသံဟာ အရင်လိုမဟုတ်တော့ဘဲ ဝဲပြီး အက်ကွဲကွဲဖြစ်လာခြင်း၊ အခြားသော မူမမှန်တဲ့ အသံမျိုးတွေ ဖြစ်လာပြီဟု အခြားသူများက ထောက်ပြပြောဆိုနေပြီလား။ ဒါဆိုရင်တော့ ဆရာဝန်နှင့် အမြန်ဆုံး ဆွေးနွေးကုသသင့်ပါတယ်။ အဆုတ်ကင်ဆာရဲ့ အကျိတ်ကြောင့် အာရုံကြောတွေအပေါ်မှာ သက်ရောက်မှုရှိပြီး အသံအိုးကို ထိခိုက်ကာ အသံနေအသံထားတွေ ပြောင်းလဲလာနိုင်ပါတယ်။

၇. ကိုယ်အလေးချိန်ကျသွားခြင်း

အကြောင်းပြချက် ရေရေရာရာမရှိဘဲ ၁၀ပေါင်နှင့်အထက် ဝိတ်ကျသွားတယ်ဆိုရင်လည်း ဂရုစိုက်သင့်ပါတယ်။ ဒါဟာ အဆုတ်ကင်ဆာရဲ့ သက်ရောက်မှု ဖြစ်နိုင်သလို အခြား ရောဂါ အခြေအနေတွေကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။

၈. အရိုးနာကြင်ခြင်း

ကင်ဆာဆဲလ်တွေဟာ အရိုးတွေထိ ပျံ့နှံ့လာတဲ့အခါမှာ ကျောရိုး နှင့် အခြားခန္ဓာကိုယ် အစိတ်အပိုင်း နေရာတွေမှာ နာကြင်လာတတ်ပါတယ်။အထူးသဖြင့် ညဘက်မှာ ကျောနာတာဟာ ပိုပြီး ဆိုးရွားလေ့ ရှိပါတယ်။ ဒ့ါအပြင် ပုခုံး ၊လက်မောင်း ၊ လည်ပင်းနာကြင်မှုတွေလည်း ဖြစ်နိုင်ပါသေးတယ်။

၉. ခေါင်းမူးခြင်း

အဆုတ်ကင်ဆာဆဲလ်တွေဟာ ဦးနှောက်ထိ ပျံ့တဲ့အခါ ခေါင်းကိုက်မှုတွေ ဖြစ်လာပါတယ်။ သို့သော်လည်း ခေါင်းမူး၊ ခေါင်းကိုက်တိုင်း အဆုတ်ကင်ဆာလို့တော့ ပြောလို့မရပါဘူး။ဒါ့ကြောင့် ပြင်းပြင်းထန်ထန် ခေါင်းမူးခြင်းဖြစ်လာလျှင် အကောင်းဆုံးကတော့ ဆရာဝန်နှင့် စစ်ဆေးကုသတာကတော့ အကောင်းဆုံးပါပဲ။

READ - အဆုတ်သန့်စင်ဖို့ ဘာတွေလုပ်သင့်လဲ

Source: shweinnlay

Read times
Rate this item
(2 votes)