What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 30 January 2021 15:57

ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးကျောက် (Renal Calculi) ဆိုတာ မာကျောတဲ့ အရာဝတ္ထုတစ်မျိုးဖြစ်ပြီး ဆီးလမ်းကြောင်း တစ်လျှောက် ဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်ကာ နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဆီးလမ်းကြောင်း ပိတ်ခြင်းနှင့် ရောဂါပိုးဝင်ခြင်း စတာတွေ ဖြစ်ပွားစေပါတယ်။

ဆီးကျောက်ဟာ ကျောက်ကပ်၊ ဆီးပြွန်နဲ့ ဆီးအိမ်စတဲ့ နေရာတွေမှာ ဖြစ်စေတတ်ပြီး လူလတ်ပိုင်း အသက်အရွယ်တွေမှာ ပိုအဖြစ်များပြီး အသက်ကြီးပိုင်းမှာတော့ အမျိုးသားများက ပိုမိုဖြစ်တတ်ပါတယ်။

ဆီးကျောက်ရောဂါဖြစ်ပွားရသည့်အကြောင်းများ

ကျောက်တည်ခြင်းသည် ခန္ဓကိုယ်တွင်း ကျောက်ဖြစ်ပွားမှုကို ဟန့်တားပေးတတ်သော ဓါတ်များချို့ယွင်းခြင်း ၊ ဆီးအတွင်း ဓါတ်ဆားဓါတ်များပြားစွာ ပါဝင်နေခြင်း ကြောင့် ဖြစ်စေပါတယ်။

နေ့စဉ်စားသုံးသည့် အစာအဟာရထဲမှာ ဗီတာမင်ဓာတ် ၊ ပရိုတင်းဓာတ် ၊ ကယ်လဆီယမ်ဓာတ် မျာပြားစွာပါဝင်နေသူများ နှင့် ရေကို လုံလောက်အောင် မသောက်သုံးသူများ ဖြစ်စေပါတယ်။

ဆီးကျောက်တည့်မည့် ရောဂါလက္ခဏာများ

- ဆီးအိမ်ထဲတည်တဲ့ ကျောက်အမျိုးအစားကတော့ ဝမ်းဗိုက်ရဲ့အောက်ပိုင်း နာကျင်ခြင်း။

- ခါးနာခြင်း နှင့် ကျောပြင် တစ်လျှောက် (နံရိုးနှင့် တင်ပဆုံရိုးကြား) နာကျင်ခြင်း။

- မူးဝေအော့အန်ခြင်း ၊ ချွေးစေးပြန်ခြင်း ၊ ဂဏှာမငြိမ်ခြင်း နှင့် ဆီးထဲ သွေးပါခြင်း ၊ ဆီးမကြာခဏာသွားရခြင်း ၊ ချမ်းတုန်၍ ဖျားခြင်း ၊ ဆီးသွားစဉ် အနည်ပါခြင်း။

ဆီးကျောက်ကာကွယ်ခြင်း

- တစ်နေ့ကို ရေ ၃၀၀ မီလီမီတာ သောက်ပေးခြင်း။

- ကယ်လ်ဆီယမ်ဓာတ်များစွာပါဝင်သော အစားအစာများကို ရှောင်ရှားရမည် (နွားနို့၊ ကွေကာ)။

- Uric acid ဓာတ်ပါဝင်သည့် ကျောက်အမျိုးအစားကြောင့်ဖြစ်တဲ့ ဝေဒနာရှင်များသည် အနီရောင် အသားများကို လျော့စားသင့်ခြင်း။

ဆီးကျောက်ကုသခြင်း

- ရေများများ သောက်ခြင်းက ဆီးကျောက်တည်စ အချိန်တွင် သက်သာပျောက်ကင်းစေနိုင်ခြင်း။
- ထုံးဓာတ်ပါသည့်ရေနှင့် အစားအစာများကို ကာလကြာရှည်စွာ နေ့စဉ်စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ခြင်း။
- ချွေးအထွက် မလွန်စေရန်လည်း သတိပြုခြင်း။

Read times
Rate this item
(1 Vote)