What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 July 2020 13:16

အသည်းခြောက်တာ ပျောက်အောင် ကုလို့ရသလား

အသည်းခြောက်တဲ့အခါ နဂိုကကောင်းနေတဲ့ အသည်းတစ်ရှုးတွေပေါ်မှာ အမာရွတ်လေးတွေ တဖြေးဖြေးလိုက်လာပါတယ်။

 

နောက်ဆုံး အမာရွတ်တွေကြောင့် သွေးစီးဆင်းမှုကို ပိတ်ဆို့လိုက်သလိုဖြစ်သွားပြီး အသည်းဟာ အလုပ်ပုံမှန် မလုပ်နိုင်တော့ပါဘူး။ ဒီအခါ သူ့ရဲ့ပုံမှန်အလုပ်တွေဖြစ်တဲ့ အဆိပ်အတောက်တွေကို စစ်ထုတ်တာ အာဟာရနဲ့ ဆေးဝါးတွေကို ဖြိုခွဲပေးတာ စတဲ့ အလုပ်တွေကို ကောင်းကောင်းမလုပ်နိုင် ဖြစ်လာပါတယ်။ အသည်းက ထုတ်ပေးနေကျ ပရိုတိန်းတွေကိုလည်း မထုတ်ပေးနိုင်တော့ပဲ နောက်ဆုံးမှာ လုံးလုံး သုံးမရအောင် ဖြစ်သွားနိုင်ပါတယ်။


လက္ခဏာတွေ

အစပိုင်းမှာ ဘာမှကို သတိမထားမိနိုင်ပါဘူး။ တဖြေးဖြေး အသည်းခြောက်တာ ပိုဆိုးလာရင်တော့ လူက ပင်ပန်းနွမ်းနယ်နေပြီး အစားစားချင်စိတ်မရှိ ဖြစ်လာမယ်။ အသားတွေ စပြီး ယားယံလာမယ်။ ပြီးတော့ အသားနဲနဲ ဝါလာမယ်။ လွယ်လွယ်လေးနဲ့ သွေးခြည်ဥတာမျိုးတွေ ဖြစ်လာမယ်။ ဆီးရောင်တွေ ရင့်လာပြီး ဗိုက်တွေ ခြေတွေ ဖောရောင်လာမယ်။ တချို့လူတွေမှာ ပျို့အန်ချင်သလိုဖြစ်တာ ထိုင်းမှိုင်းလေးလံနေတာ စတာတွေ ခံစားရလာပြီး သတိမေ့တတ်လာမယ်။

အသည်းခြောက်ရတဲ့ အကြောင်းအရင်းတွေ

၁) အရက်အလွန်အကျွံသောက်ပြီး စွဲသွားခြင်း

၂) အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း

၃) အသည်းရောင်အသားဝါ စီပိုး ကူးစက်ခံရခြင်း

၄) သည်းခြေပြွန်ပိတ်ဆို့ခြင်း

၅) ဆေးဝါးအချို့ (အဆစ်ရောင်ရောဂါမှာ သုံးတဲ့ Methotrexate တီဘီရောဂါမှာသုံးတဲ့ Isoniazid နဲ့ Acetaminophen စသော ဆေးများ)

၆) သွေးခဲခြင်း နှင့် မျိုးရိုးဗီဇဆိုင်ရာ ပြဿနာများ

 

အသည်းခြောက်မှန်း ဘယ်လို သိနိုင်မလဲ

အရှေ့မှာ ပြောခဲ့တဲ့လက္ခဏာတွေ ရှိခဲ့ရင် ဆရာဝန်နဲ့ ပြပြီး စမ်းသပ်စစ်ဆေးမှုတွေ ခံယူရမယ်။ သွေးစစ်မယ်။ ဓာတ်မှန် အာထရာဆောင်း စတာတွေ ရိုက်ကြည့်မယ်။ တခါတလေကျရင် အသားစထုတ်ပြီး Biopsy လုပ်ရတာမျိုးတွေ ရှိနိုင်ပါတယ်။

 

ဘယ်လို ကုမလဲ

အသည်းခြောက်ပြီ အသည်းမှာ အမာရွတ်ဖြစ်ပြီဆိုရင်တော့ ပျောက်အောင် ကုလို့မရတော့ပါဘူး။ ထပ်မဖြစ်အောင် ဒါမှမဟုတ် ဖြစ်တဲ့နှုန်းနှေးသွားအောင် ကုသလို့ပဲရပါမယ်။ အရက်စွဲနေတာဆိုရင်တော့ မဖြစ်မနေ ဖြတ်ပါ။ ဝိတ်လျော့တာကလည်း သင့်ကို ကူညီပေးနိုင်ပါလိမ့်မယ်။

Dr. ပြေညိမ်း

Read times
Rate this item
(1 Vote)