What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 13 June 2022 14:22

ကမ္ဘာ့ပထမဆုံး လူ့အသည်းအစားထိုးစက်ဖြင့် ကုသမှု အောင်မြင်

ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှု သည် အလွန်ရှုပ်ထွေးသော ဆေးကုသမှုဆိုင်ရာ လုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်။

ဒီအစားထိုးကုသမှုတွေမှာလည်း အစားထိုးအင်္ဂါများ ရွှေ့ပြောင်းခြင်းတွေကို အလွန်နိမ့်သော အပူချိန်တွင် သိမ်းဆည်းခြင်းနဲ့ အချိန်ကန့်သတ်ချက်တွေရှိပါတယ်။ မဟုတ်ရင် ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းရဲ့ တစ်ရှူးတွေကို ပျက်စီးစေနိုင်တာကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် သိပ္ပံပညာရှင်များက ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကို အအေးလွန်ကဲမှုလျော့ချဖို့အတွက် လှူဒါန်းထားသော ကိုယ်တွင်းအင်္ဂါများကို ရှင်သန်နိုင်စေဖို့ နည်းလမ်းအသစ်တွေကို လုပ်ဆောင်လာကြပါတယ်။ ထိုအဖွဲ့တစ်ဖွဲ့ကတော့ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့က Liver4Life သုတေသနအဖွဲ့ဖြစ်ပြီး လူသားများတွေရဲ့ အသည်း ကို သုံးရက်ကြာ အသက်ရှင်နေစေရန် ပေါင်းထည့်သည့်စက်ကို အသုံးပြုခဲ့ကြပါတယ်။

United Network for Organ Sharing ၏အဆိုအရ 2021 ခုနှစ်၊ US တွင် အစားထိုးကုသမှုပေါင်း ၄,၁၀၀၀ ကျော်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါ အစားထိုးကုသမှုမှာ ကျောက်ကပ်ထက် အသည်းက အစားထိုးကုသမှုက နံပါတ် ၂ နေရာထိရှိလာတယ်လို့ ဆိုပါတယ်။

United States တွင် နေ့စဉ် အစားထိုးကုသမှုကို စောင့်ဆိုင်းနေတဲ့ လူနာတွေထဲမှာ ၁၇ ဦးလောက် ပျမ်းမျှသေဆုံးလျက်ရှိပါတယ်။ ၉ မိနစ်တိုင်းတွင် လူတစ်ဦး အစားထိုးကုသမှုကို စောင့်ဆိုင်းနေတဲ့ စာရင်းတွင် ထည့်သွင်းထားပါတယ်။ UNOS က ကိုယ်တွင်းအင်္ဂါအစိတ်ပိုင်းတွေကို လှူဒါန်းပေးလျက်ရှိတယ်ဆိုပေမယ့်လည်း ကိုယ်တွင်းအင်္ဂါအစိတ်ပိုင်းက ပျက်လတ်မှု ရှိနေတုန်းပါပဲ။

ကွဲပြားတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ၎င်းတို့ရဲ့ တစ်ရှူးများမပြိုကွဲမီ အအေးခန်းမှာ မတူညီတဲ့ အချိန်တွေအတိုင်း ထားရှိနိုင်ပါ။ ဥပမာအားဖြင့်ပြောရမယ်ဆိုရင်တော့ ကျောက်ကပ်ကို ၂၄ နာရီမှ ၃၆ နာရီအထိ ကြာရှည်ထားနိုင်သော်လည်း နှလုံးကိုတော့ အချိန် ၄နာရီမှ ၆ နာရီအထိဘဲ ထားနိုင်ပါတယ်။ အသည်းကို အအေးခန်းထဲမှာ ၈ နာရီကနေ ၁၂ နာရီအထိ သိမ်းဆည်းထားနိုင်ပါတယ်။

လူ့အသည်းအစားထိုးစက် perfusion စက်နည်းပညာကို အခြားအင်္ဂါများအတွက် အသုံးပြုနိုင်လိမ့်မယ်လို့ သုတေသီများက ယုံကြည်နေကြပါတယ်။ ဒီနည်းပညာက ပြုပြင်ပြောင်းလဲမှုအချို့ကို ပြုလုပ်ရတယ်ဆိုပေမယ့် သီအိုရီအရ အင်္ဂါအစိတ်အပိုင်းအားလုံးအတွက် သင့်လျော်ပါတယ် လို့ ပရော်ဖက်ဆာ Clavien ကဆိုပါတယ်။

"အထူးသဖြင့်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လက်တွေ့စမ်းသပ်မှုများ ဖြစ်နိုင်ချေရှိကြောင်း ပြသထားပြီးဖြစ်သည့်အတွက် ကျောက်ကပ်နှင့် သားအိမ်တို့ကို လည်း စိတ်ဝင်စားပါတယ်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့တယ်။

Perfusion စက်ဆိုတာဘာလဲ။

Perfusion ဆိုတာကတော့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအပြင်သို့ရောက်ရှိနေချိန်မှာ ခန္ဓာကိုယ်အတွင်းရှိ နှလုံး နှင့် အဆုတ်တို့ရဲ့ လုပ်ဆောင်ချက်တို့ ရယူပြီး သွေးနှင့် အောက်ဆီဂျင်တွေကို စုတ်ယူပေးပြီး အခြေနေတစ်ခု ထိန်းထားပေးတဲ့ စက်တစ်မျိုးဖြစ်ပါတယ်။

Written By Aung Win

(Myanmar Health Products Guide)

Ref: Medical News Today

Read times
Rate this item
(1 Vote)