What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 March 2019 13:27

သွေးလေဖက်နာ သောက်ဆေးများ၏ ဆိုးကျိုးများ

သွေးလေးဖက်နာ ရောဂါရှင်များအတွက် သွေးလေးဖက်နာဟာ Autoimmune disease ထဲမှာ ပါဝင်နေပါတယ်။

များသောအားဖြင့် ဒီလူနာတွေကို ကုသရာမှာ ၊ Conventional medicine ကုရိုးကုစဉ် ဆေးပညာတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

၁ ။ သွေးလေးဖက်နာ ရောဂါရှင်များ အဆစ်နာ သက်သာရအောင် ဆေးတွေရယ် ( ဥပမာ paracetamol, ibuprofen စသည်ဖြင့်ဖြစ် ပါတယ်။ )

၂ ။ အယောင်ကျရအောင်ဆိုပြီး prednisolone တွေလဲ အကြာကြီး တိုက်တတ်ပါတယ်။ ရေရှည်မှာ ဘေးတွက်ဆိုးကျိုးတွေ အလွန်များ ပါတယ်။ အဒါတွေကတော့ အရိုးပါးခြင်း၊ ခုခံအားကျဆင်းခြင်း ၊ မျက်စိမှာ တိမ်ဖြစ်ခြင်း ၊ မျက်စိ အကြည် ရုပ်ပျက်စီး ခြင်း ၊ ဆီးချိုရောဂါဝင်နိုင်ခြင်း စသည်ဖြင့် ဖြစ်ပါတယ်။

 

၃ ။ Methotrexate ကီမို ဆေး တစ်မျိုး နဲ့ လဲ ကုတတ်ပါသေးတယ်။ သူကတော့ ခန္ဓာကိုယ်ရဲ့ ခုခံအားကို ကျဆင်းစေပါတယ်။ အထူးသဖြင့် rapidly dividing cells တွေကပိုပြီး ဖျက်စီးခံရပါတယ်။ ( ဥပမာ - ရိုးတွင်း ချဉ်ဆီ ၊ အူနံရံ ၊ ဆံပင် စသည်ဖြင့် ဖြစ်ပါတယ်။ ) အချိန်ကာလကြာမြင့်စွာ သောက်ရမယ်ဆိုရင်တော့ မချောင်လှပါ။

Read More : တစ်လအတွင်း တင်ပါးကိတ်လာစေမယ့် အိမ်တွင်းလေ့ကျင့်ခန်း ၉ ခု

 

အထူးသဖြင့် သွေးလေးဖက်နာ နဲ့ စပ်လျဉ်းပြီး အနည်းငယ်ထပ် ဖြည့်စွက်ပေးချင်တာကတော့ -

 

၁ ။ Omega3 fat ဖြစ်တဲ့ cod liver oil ကို ဆနွင်းနဲ့ ဖျော်သောက်ပါ။

၂ ။ ပြုပြင်ပြီး အစာ processed food အားလုံး ရှောင်သင့်ပါတယ်။

၃ ။ Fructose သကြား အထူးရှောင်ရပါမယ်။

 

၎ ။ အရွက်မျိုးစုံ ကြိတ်ပြီး တစ်နေ့ ၂-၃ ခါလောက်သောက်ပါ။

၅ ။ VitaminD level 70-100 ng/ml ဖြစ်အောင် ကြိုးစားပါ။

၆ ။ ချဉ်ဖတ် နေ့စဉ် စားပါ။

 

၇ ။ လေ့ကျင့် ခန်းမှန်မှန် လုပ်ပါ။

၈ ။ Prednisolone ရေရှည်သောက်နေတဲ့ အတွက် မျက်စိကို ကာကွယ်ရအောင် Macuguard တစ်နေ့ တစ်လုံး သောက်သင့် ပါတယ်။

၉ ။ Gluten၊ နွားနို့ စသည်ဖြင့်ရှောင်ပါ။

၁၀ ။ အရိုးပြုတ်ရည် သောက်ပါ။

 

Source : ဒေါက်တာ ဒေါ်ခင်နွယ်ဝင်း

Read times Last modified on Tuesday, 26 March 2019 14:23
Rate this item
(1 Vote)