What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 July 2020 16:11

ခြေဖမိုးလေးတွေ ရောင်နေရတဲ့ အကြောင်းအရင်းများ

ခြေဖဖိုးလေးတွေ ကြည့်နေရင်း မို့နေဖောင်းနေတဲ့အခါဘာကြောင့်များလဲလို့စဉ်းစားနိုင်ဖို့တင်ပြပေးလိုက်ပါတယ်။ 

 

၁။ ခြေသလုံးတွင်သွေးခဲ့ပိတ်ဆို့ခြင်းဟာရှားပါးပေမယ့်မဖြစ်တတ်ဘူးလို့ ပြောလို့မရပါဘူး။ ခြေထောက်တစ်ဖက်တည်းသာ ဖြစ်တတ်ပြီး ခြေကျင်းဝတ်နဲ့ ခြေဖမိုးလေးတွေအန်းလာပါတယ်။

 

၂။ ကိုယ်ဝန်ဆောင်ချိန်မှာ ခြေဖမိုးလေးတွေကအမ်းတတ်တာပုံမှန်ဆိုပေမယ့် သွေးပေါင်လေးတော့ ချိန်ကြည့်ပါဦး။ကိုယ်ဝန်ဆိပ်တက်၊ သွေးတိုးရောဂါဖြစ်နေတတ်လို့ပါ။

 

၃။ အမောတွေ၊အဖျားတွေ၊မျက်နှာတွေအမ်းတာတွေပါဆိုရင်တော့ကျောက်ကပ်ရောဂါနှလုံးရောဂါတွေ ဖြစ်နိုင်သေးတာပါပဲ။

 

ခြေဖမိုးမှာမှ ဘာလို့အမ်းရသလဲ?

ကမ္ဘာ့ဆွဲအားကြောင့် ရေဓာတ်တွေဟာ ခြေဖမိုးနဲ့ ခြေဖဝါးတွေမှာအများဆုံးလာစုပါတယ်။ ကိုယ်ဝန်သည်လေးတွေမှာသွေးကြောလေးတွေဆုံလာတဲ့အခါနှလုံးကိုသွေးအရောက်နည်းသွားပြီးမူးဝေတာ၊ ခြေထောက်အမ်းတာတွေ ဖြစ်တတ်ပါတယ်။

 

ပျောက်နိုင်ပါ့မလား?

အငန်ကိုသိသာစွာလျှော့စားပြီးသွေးပေါင်ကို ထိန်းညှိကုသလိုက်တာနဲ့ ကောင်းသွားနိုင်ပါသတဲ့။ ခြေဖဝါး ရောင်တတ်တာတွေကလည်း မနည်းမနောပါပဲ။

 

ရေ လျှော့သောက်ရမလား?

ခြေဖဝါးလေးတွေအမ်းနေလို့ ရေ လျှော့သောက်ဖို့မလိုပါဘူး။ရေဓာတ်ပြည့်ဝကျန်းမာနေဖို့ကလည်းအရေးကြီးနေတယ်လေ။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Read times Last modified on Wednesday, 29 July 2020 17:02
Rate this item
(0 votes)