What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 04 February 2021 11:10

ခေါင်းကိုက်ခြင်းအကြောင်း သိကောင်းစရာ

ခေါင်းကိုက်ခြင်းအကြောင်း သိကောင်းစရာ

ခေါင်းကိုက်ခြင်းမှာ ဦးနှောက်ကို ဝန်းရံထားသော ကြွက်သား နှင့် အမြှေးပါး ရောင်ရမ်းလာသည့်အခါမျိုး ဖြစ်ပြီး ဦးနှောက်ရဲ့အမြှေးပါး နှင့် အရိုးရဲ့အမြှေးပါး တစ်ခုခု ချို့ယွင်းမှုဖြစ်ခြင်းတို့ကြောင့် ဖြစ်စေပါတယ်။

ခေါင်းကိုက်ဝေဒနာ အမျိုးမျိုးရှိသော်လည်း အဖြစ်အများဆုံးမှာ Tension Headache နဲ့ Migraine ဖြစ်ခြင်းသည် အဆိုးဆုံးဖြစ်ပါသည်။

ဘယ်လိုတွေကြောင့် ခေါင်းကိုက်မလဲ

- အထိုင်များတဲ့ဝန်ထမ်းများ ၊ ကွန်ပျူတာကို အချိန်ကြာကြာ အာရုံစိုက်ပြီး အလုပ်လုပ်ရသူများနှင့် ကိုယ်ဟန် အနေအထားမမှန်ရင် ဖိစိမှုကြောင့် Tension Headache ခေါင်းကိုက်ခြင်းတွေ ဖြစ်ပေါ်စေပါတယ်။

- ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine) သည် ဦးနှောက်ထဲတွင် သွေးကြောများ တင်းလာတဲ့အခါမှာ အမြှေးပါးကို ထိမိပြီး နာတာ ၊ ကိုက်တာ ဖြစ်ပေါ်စေတယ်။

- ကိုယ်စိတ်ပင်ပန်းမှုကြောင့် ခေါင်းကိုက်ခြင်း။

- လေ့ကျင့်ခန်းလုပ်တာများခြင်းကြောင့် ခေါင်းကိုက်ခြင်း။

ခေါင်းကိုက်ဝေဒနာ သက်သာစေမည့် အချက်များ

- သံပရာသီးကို ၂ ခြမ်းခြမ်းပီး နဖူးကို ပွတ်သပ်ပေးခြင်း။

- ဦးခေါင်းကို စမုန်ဖြူနှင့် rosemary အဆီများ ပွတ်လိမ်းပေးခြင်း။

- ချင်းတက် လက်ဖက်ရည် သောက်ခြင်း။

- Chamomile ပန်း (အဖြူနှင့် အဝါရောင် ဒေစီမျိုးစိတ်ပန်း) လက်ဖက်ရည် သောက်ခြင်း။

- ခြေထောက်ကို ရေချိုးဖို့အတွက် ပက်ပါမင့်နဲ့လာဗင်ဒါ အဆီများ။

- မဂ္ဂနီဆီယမ် ၊ ဗီတာမင် ဘီ၂

- Butterbur မှ ရသော အဆီအနှစ်များ။

- အစားမစားခြင်းသည်လည်း ခေါင်းကိုက်စေနိုင်ပါတယ်။ ထို့ကြောင့် အစာများကို အချိန်မှန်မှန် စားပေးပါ။

- နေ့စဉ် ရေ ၈ ခွက်သောက်ပေးပါ။

Source: Every time myanmar ၊ သစ်ထူးလွင်၊ သဘာဝရဲ့အင်အား

Read times
Rate this item
(0 votes)