What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 09 November 2020 17:33

အူလမ်းကြောင်း အကျိတ်များဖြစ်ပွားခြင်း

အဆီများသော အစားအစာများ စားခြင်းကြောင့် အူလမ်းကြောင်းတွင် အကျိတ်များဖြစ်ပွားနိုင်ပါတယ်။ အဆီဓာတ်အားလုံးသည် တူညီသော အကျိုးသက်ရောက်မှုမရှိသောကြောင့် သံလွင်ဆီသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး ပြောင်းဖူးဆီသည် ကျန်းမာရေးအတွက် မကောင်းသောဆီဖြစ်ကာ အချို့သော အဆီဓာတ်များက အူလမ်းကြောင်းတွင် အကျိတ်များ ဖြစ်ပေါ်စေနိုင်ပါတယ်။

 

အဝလွန်ဖြစ်ခြင်းနှင့်မသက်ဆိုင်သော အဆီပါသည့် အစားအစာများက ရောင်ရမ်းမှုဖြစ်ပေါ်စေပြီး ကင်ဆာရောဂါဖြစ်ပွားလာနိုင်ပါတယ်။

 

ရေခဲမှုန့်နှင့် အသုပ်အချို့ကဲ့သို့အစားအစာများတွင် ပါဝင်သော ပြောင်းဖူး သို့မဟုတ် အုန်းဆီကို အခြေခံထားသည့် အဆီဓာတ်မြင့်မားစွာ ပါဝင်သော အစားအစာများကို စားသုံးမှုများခြင်းကြောင့် အူလမ်းကြောင်း ကင်ဆာဖြစ်ပွားမှု အခြေအနေဖြစ်သည့် အကျိတ်များ ဖြစ်ပေါ်လာနိုင်ပါတယ်။

 

ပြောင်းဖူးဆီနှင့် အုန်းဆီစားသုံးမှုများသော ကြွက်များ၏ အူလမ်းကြောင်းတွင် ကင်ဆာဖြစ်ပွားနိုင်သော အခြေအနေဖြစ်သည့် ရောင်ရမ်းမှုများနှင့် အကျိတ်များဖြစ်ပေါ်စေပါတယ်။

 

အဆီဓာတ်မြင့်မားစွာ ပါဝင်သော အစားအစာများ စားသုံးခြင်းကြောင့် ကင်ဆာဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားလာနိုင်ပါတယ်။

7 daydaily

Read times
Rate this item
(1 Vote)