နှလုံးခုန်နှုန်းမူမမှန်ခြင်းကြုံတွေ့နေသော အမျိုးသမီးများသည် အမျိုးသားများထက် ပို၍ ကျန်းမာရေးအန္တရာယ် ပိုများကြောင်း လူနာပေါင်း လေးသန်းကျော်ပါဝင်သည့် လေ့လာမှုပေါင်း ၃၀ ကိုပြန်လည်သုံးသပ်မှုတစ်ခုအရ သိရသည်။
နှလုံးခုန်နှုန်းမူမမှန်ဖြစ်နေသည့် အမျိုးသမီးများသည် သေစေလောက်သော နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ကြုံတွေ့နိုင်ခြေ နှစ်ဆခန့်ပိုများကြောင်း သုတေသီများက ပြောသည်။
အမျိုးသမီးများသည် နှလုံးခုန်နှုန်းမူမမှန်မှုအတွက် သုံးစွဲသောဆေးဝါးများကိုတုံ့ပြန် နိုင်မှုနည်းပါးကြောင်း (သို့မဟုတ်) အမျိုးသားများထက် နောက်ကျပြီးမှ ရောဂါရှိကြောင်း စစ်ဆေးတွေ့ရသည်။
ဗြိတိန်နိုင်ငံတွင် လူပေါင်းတစ်သန်းခန့် နှလုံးခုန်နှုန်းမူမမှန်သည့် ရောဂါဖြစ်ပေါ်နေပြီး သွေးခုန်နှုန်းကို စက္ကန့် ၃၀ ခန့် အထိ စမ်းကြည့်ခြင်းဖြင့် နှလုံးခုန်နှုန်းမူမမှန်ဖြစ်နေခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်သည်။ နှလုံးခုန်နှုန်းနှေးနေခြင်း (သို့မဟုတ်) မြန်နေခြင်းကဲ့သို့ သွေးခုန်နှုန်းအချိန်အခါအလိုက် မူမမှန်ဖြစ်ခြင်းမှာ ကြုံတွေ့နေကျ ကိစ္စတစ်ခု ဖြစ်ပြီး စိုးရိမ်စရာမလိုပေမဲ့ ပုံသေမဟုတ်ဘဲ အဆက်မပြတ်မူမမှန် ဖြစ်နေပါက ဆရာဝန်ဖြင့် ပြသသင့်ပါတယ်။
နှလုံးခုန်နှုန်းမူမမှန်သော ရောဂါရှိသူများတွင် နှလုံး၏အပေါ်ဘက်ခြမ်း ကြွက်သားများသည် ကြုံသလို ကျုံ့လေ ရှိပြီး တစ်ခါတစ်ရံ အလွန်မြန်ဆန်စွာကျုံ့သောကြောင့် ကျုံ့ခြင်းနှင့် ချဲ့ခြင်းကြား ကြွက်သားများ သေချာစွာ မဆန့်ထုတ်နိုင်သောကြောင့် သွေးကောင်းစွာ ပို့လွှတ်နိုင်မှုလျော့ကျသွားသည်။
Source: မြို့တော်သတင်း
Read: နှလုံးမကောင်းဘူးဆိုတဲ့ လက္ခဏာ (၆) မျိုး