What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 10 December 2020 16:36

သွေးတိုးရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များနှင့် သက်သာစေမည့် နည်းလမ်းများ

သွေးတိုးခြင်းသည် သွေးပေါင်ချိန် ၁၄၀/၉၀ mmHg နှင့် အထက်ရှိခြင်းဖြစ်ပြီး သွေးတိုးရောဂါဖြစ်လာလျှင် အဓိကပြသည့်လက္ခဏာများမှာ နှာခေါင်းသွေးလျှံခြင်း ၊ မောပန်းခြင်း ၊ ဇက်ကြောတက်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ခေါင်းမူးခြင်း ၊ မျက်နှာအမ်းခြင်း ၊ အော့အန်ခြင်း ၊ အသက်ရှုခက်ခြင်း ၊အိပ်ငိုက်ခြင်း ၊ ဆီးထဲသွေးပါခြင်း ၊ ရင်ဘတ်အောင့်ခြင်း ၊ မျက်ခွံမို့အစ် ခြင်း ၊ လေးလံထိုင်းမှိုင်းခြင်းနှင့် အမြင်အာရုံချို့တဲ့ခြင်း စသည်တို့ဖြစ်သည်။

 

သွေးတိုးရောဂါဖြစ်နိုင်သူများသည် အဝလွန်သူ၊ မျိုးရိုးသွေးတိုးရှိသူ၊ အဆီအဆိမ့် အချိုနှင့် အငန်အရသာ ရှိသော အစားအစာများကို အလွန်စားသောက်သူ၊ ဆေးလိပ်သောက်သူ၊ အရက် သောက်သူများနှင့် ကျောက်ကပ်ရောဂါ၊ ဆီးရောဂါရှိသူများတွင် ဖြစ်တတ်သည်။ သွေးတိုးရောဂါကြာနေပါက လေဖြတ်ခြင်း နှလုံးရောဂါနှင့် ကျောက်ကပ် ရောဂါကို ဖြစ်စေတတ်ပါတယ်။

 

သွေးတိုးခြင်းကို အထူးလိုက်နာရန် အချက်များ

- ကြက်သွန်ဖြူ စားပါ။

- အချို၊ အဆိမ့်၊ အငန်၊ အဆီနှင့် ဆီပါသော အစားအစာများကို စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။

- ရှာလကာရည် သုံးပါ။

- ကော်ဖီ ရှောင်ပါ။

- အရက် ၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

- သခွားသီး စားပါ။

- လေ့ကျင့်ခန်းလုပ်ခြင်း။

- စိတ်ဖိစီးမှု လျှော့ချခြင်း စသည်တို့ဖြစ်သည်။

 

သွေးတိုးကျစေမည့် အစားအသောက်များ

 

အာလူးမီးဖုတ်

အာလူးသည် မဂ္ဂနီစီယမ်နှင့် ပိုတက်စီယမ် အဟာရဓာတ် ၂ မျိုးပါဝင်သောကြောင့် သွေးတိုးကျစေနိုင်ပါသည်။ ပိုတက်စီယမ်များသော အစာသည် ခန္ဓာကိုယ်အတွင်းမှာရှိသော အပိုဆိုဒီယမ်ဓာတ်များကို ဖယ်ရှားစေပြီး မဂ္ဂနီစီယမ်သည် သွေးစီးဆင်းမှုကို ကောင်းမွန်စေပါသည်။

 

နွားနို့

နွားနို့သည် ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီ အဟာရဓာတ် ၂ မျိုးပါဝင်ပြီး သွေးတိုးခြင်းကို ၃-၁၀ % နှင့် နှလုံးရောဂါအတွက်လည်း ၁၅ % အထိ လျော့ကျစေနိုင်ပါသည်။

 

ဥအမျိုးမျိုး

ကြက်ဥ၊ ဘဲဥမှာ ပရိုတင်း ၊ ဗီတာမင်ဒီ တို့ပါဝင်သောကြောင့် ကျန်းမာရေးဖြင့် ညီညွှတ်သော အဟာရဓာတ် ပါဝင်ပါသည်။

 

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်း ၊ ပန်းဂေါ်ဖီထုပ် တို့သည် သွေးဖိအားထိန်းချုပ်ပေးသော မဂ္ဂနီစီယမ် ၊ ကယ်လ်စီယမ် နှင့် ပိုတက်စီယမ် စသည်တို့ ပါဝင်ပြီးး သွေးတိုးရောဂါ ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် လေဖြတ်ခြင်းတို့ကို လျော့ကျစေပါသည်။

 

မုန်လာဥနီဖျော်ရည်

မုန်လာဥနီဖျော်ရည်တွင် ပါဝင်သော နိုက်ထရိတ်ကြောင့် သွေးကြောကျယ်စေပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေခြင်း ဖြစ်သည်။

 

နှမ်းဆီ

နှမ်းဆီတွင် ဖက်တီးအက်ဆစ်နှင့် အင်တီအောက်စီးဒင့်ပါဝင်ပြီး သွေးကြောကို ကျန်းမာစေခြင်းနှင့် သွေးတိုးကျစေခြင်း ဖြစ်သည်။

 

ငှက်ပျောသီး

သွေးတိုးရှိသူများသည် ပိုတက်စီယမ်ပါဝင်သော ငှက်ပျောသီးကိုတစ်နေ့တစ်လုံးစားသုံးပါ။

 

အမည်းရောင်ချောကလက်

အမည်းရောင်ချောကလက်တွင် ဖလေဗိုနွိုက်အင်တီအောက်ဆီးဒင့်ပါဝင်သောကြောင့် သွေးကြောကို ကျယ်ပြန့်စေပြီး နှလုံးကျန်းမာစေပါသည်။

 

သွေးတိုးရောဂါ ထိန်းသိမ်းနိုင်မည့် အချက်များ

- လမ်းစဉ် ၁၅ မိနစ်ခန့် လမ်းလျှောက်ပါ။

- ဆေးမှန်မှန်သောက်ခြင်း။

- ပုံမှန်သွေးဖိအားတိုင်းတာခြင်း။

- အမျှင်ဓာတ်ပါဝင်သော အစားအစာများ ၊ အသီးအနှံများ ၊ ကောက်ပဲသီးနှံ များ စားပေးခြင်း။

- ကော်ဖီသောက်ခြင်းလျော့ချခြင်း။

- ထောက်ပတ်သီးစားသုံးခြင်း နှင့် ချောကလက်အမဲစားသုံးခြင်း။

- အရက်သောက်ခြင်း နှင့် ဆေးရွက်ကြီးထွက်ကုန်များကို လုံးဝရှောင်ကြဉ်ရမည်။

- စိတ်ဖိစီးမှုကို လျော့ချပါ။

 

သွေးတိုးရောဂါ ပျောက်စေမည့် ဆေးနည်းများ

- ဒန့်သလွန်ရွက် သတ္ထုရည်ကို ဟင်းစားဇွန်း၂ဇွန်း တစ်နေ့လျှင် ၂ ကြိမ်ထက်မနည်း သောက်သုံးပေးခြင်း။

- ဧကရာဇ်အရွက် နှင့် အမြစ်တို့ကို တစ်နေ့လျှင် ၃ ကြိမ်မျှ သောက်သုံးပေးခြင်း။

- ကြက်သွန်ဖြူ (ဥတစ်လုံး) ကို ထမင်းစားတိုင်း သုံးလုံးမှ ငါးလုံးအထိ စားသုံးပေးခြင်း။

- သံပရာသီးတစ်လုံးကို အလယ်မှ ထက်ခြမ်းလှီးကာ ရေနွေးအပူချိန် ၇၅ ဒီဂရီ ဖာရင်ဟိုက်ထဲသို့ ၄၅ မိနစ်ခန့်ထည့်ပြီး သောက်သုံးခြင်း နှင့် သံပုရာသီးအစေ့ ၅-စေ့ခန့် ဝါးစားခြင်း။

- မြင်းခွာရွက်ကို အရည်ညှစ်သောက်ခြင်း၊ သုပ်စားခြင်း၊ ဟင်းခါးချက်သောက်ခြင်း။

- ဗန်ဒါရွက် အနု ၃- ၄ ရွက် ခန့်ကို ရေစင်အောင် ဆေးပြီး ၅ မိနစ်ခန့် ပြုတ်၍ သောက်ပေးခြင်း။

- ခရာမြစ်ကိုသွေးပြီး ဆားအနည်းငယ် ထည့်၍သောက်ခြင်း။

- ကွမ်းရွက် ၅-ရွက် နှင့် ရွဲယိုရွက် ၅-ရွက်တို့ကို ရောစပ်ကျိတ်ချေထားသောအရည်ကို တစ်နေ့ ၃-ကြိမ် သောက်ခြင်း။

Read times
Rate this item
(8 votes)