What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 10 December 2020 16:52

ဆီးချိုကြောင့် ခြေထောက်များမဆုံးရှုံးအောင် ကာကွယ်နည်း (၁၁) နည်း

ဆီးချိုကြောင့် ခြေထောက်များမဆုံးရှုံးရအောင် ကာကွယ်နည်း (၁၁) နည်းအောက်တွင်ဖော်ပြပေးလိုက်ပါတယ်။

 

(၁) သွေးချိုဓာတ်ကို ကောင်းစွာ ထိန်းရန်၊

(၂) ဆေးလိပ်သောက်ခြင်းမှ ရောင်ကြဉ်ရန်၊

(၃) ခြေထောက်ကို နေ့စဉ်ကြည့်ရှုစစ်ဆေးပြီး၊ သန့်ရှင်း ခြောက်သွေ့စွာထားရန်၊

(၄) ခြေသည်းလက်သည်း လှီးဖြတ်ရာတွင် ဂရုစိုက်ရန်၊

(၅) ဖိနပ်စီးခါနီးတိုင်း ဖိနပ်အတွင်းဆူး၊ သံမှိုထိပ်၊ ခဲလုံး စသည့် ပွန်းပဲ့နိုင်သော အရာများ ရှိ၊ မရှိ စစ်ဆေးရန်၊

(၆) ခြေထောက်နှင့် အနေတော်ဖြစ်မည့် ဖိနပ်ကို ဝတ်ဆင်ရန်၊

(၇) ဖိနပ်မပါဘဲ လမ်းမလျှောက်ပါနှင့်၊

(၈) ခြေထောက်များကို ကြိုးများဖြင့် စည်းနှောင်ထားခြင်း ရှောင်ကြဉ်ပါ၊

(၉) ခြေဖျားအေးသောကြောင့် ရေနွေးအိတ်ကပ်ခြင်းများကို ရှောင်ကြဉ်ပါ၊

(၁၀) ခြေထောက်နှင့် ခြေချောင်းများကြားကို သန့်ရှင်းခြောက်သွေ့နေအောင် အစဉ်ဂရုပြုပါ။

(၁၁) ထိခိုက်ဒဏ်ရာရခဲ့လျှင် ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသပြီး ကုသမှုခံယူပါ။

(မှတ်ချက် - ထိခိုက်ဒဏ်ရာရရှိခဲ့ပါက ဆေးမြီးတိုများဖြင့် လက်တည့်စမ်းကုသခြင်း လုံးဝ(လုံးဝ) မပြု လုပ်သင့်ပါ။)

Read times
Rate this item
(0 votes)