What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Thursday, 05 March 2020 14:03
ဘေလုံးနာခြင်း နဲ့ အသက်န္တာရယ်
ဘေလုံးက ခန္ဓာကိုယ်ခုခံအားစနစ် နဲ့ သွေးလည်ပတ်မှုကို အထောက်အကူပြုပေးပါတယ်။
ဘေလုံးက ဘက်ဖက် နာရိုးအောက် နဲ့ ဘက်ဖက် ဝမ်းဗိုက်အထက်နားတွင်ရှိပြီး ဘေလုံးအပေါ်တွင် နရိုးများဖြင့် ဖုံးအုပ်ထားပါတယ်။ ပြေးတာ ၊ခုန်တာ၊ ဘက်ဖက်နံရိုးကို အားဖြင့် ထိခိုက်မိချိန် များတွင် ဘေလုံးတွဲကျလာပြီး အသက်ရှူရန်ခက်ခဲတာ ၊ စကားပြောရန်ခက်ခဲတာ ၊ မောပြီး အောင့်တာများ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဘေလုံးကွဲခြင်း (သို့) ဘက်ဖက် ဝမ်းဗိုက်ထိခိုက်မိပြီး အထိမခံနိုင်လောက်အောင် နာကျင်နေရင်တော့ အရေးပေါ်ကုသမှုခံယူပါတယ်။ ဘေလုံးကွဲခြင်းကြောင့် ဝမ်းဗိုက်အတွင်း သွေးများယိုစိမ့်ပြီး အသက်ကိုဆုံးရံှူးစေပါတယ်။ တခါတလေ ဗိုင်းရပ်စ်ပိုးများ ကြောင့်လည်း ဘေလုံးရောင်ရမ်းတာ ၊ နာကျင်တာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Drug Stores & Pharmacies (ဆေးဆိုင်ပေါင်း ၁၀၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
Image result for Drug Stores & Pharmacies
ဘေလုံး ထိခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ လက္ခဏာများ
ဘက်ဖက်ဝမ်းဗိုက်အထက်နား အောင့်ပြီး အသက်ရှူကျပ်တာ ၊ အစာစားရန်ခက်ခဲတာ၊ မောပန်းလွယ်တာ ၊ သွေးအားနည်းတာ၊ အသက်ပြင်းပြင်းရှူရင် ဘက်ဖက်ဝမ်းဗိုက်အထက်နား အောင့်တာ စတဲ့ လက္ခဏာများကိုဖြစ်ပေါ်စေနိုင်ပါတယ်။
ဝမ်းဗိုက်ဘက်ဖက်ခြမ်းကို ပြင်းထန်စွာ တိုက်ခိုက်မိပြီး နာကျင်တာ၊ အသက်ရှူရန်ခက်ခဲတာ၊ အစာစားရန်ခက်ခဲတာ ၊ အလွန်မောပန်းလွယ်တာ ၊ စကားပြောရန်ခက်ခဲတာ၊ ချောင်းဆိုချိန်၊ အသက်ပြင်းပြင်းရှူချ ချိန်များတွင် ဘက်ဖက်ဝမ်းဗိုက်အထက်နား အလွန်အောင့်ခြင်း ဖြစ်ပေါ်လာလျှင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ လျှင်မြန်စွာ သွားရောက်ကုသမှု ခံယူပါ။
ဘေလုံးကုသနည်း
ဘေလုံးနာကျင်ခြင်း စတင်ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းကိုရှာဖွေပြီး ကုမှုများပြုလုပ်ရပါတယ်။ နံရိုး ၊ ဝမ်းဗိုက် ထိခိုက်မှုဒဏ်ကြောင့်ဆိုရင် နံရိုး ၊ ဝမ်းဗိုက် အရောင်ကျဆေး သောက်တာ၊ အကိုက်ခဲပျောက်ဆေးများ သောက်တာ ၊ ဗိုင်းရပ်စ်ပိုး ကူးဆက်ခြင်းကြောင့်ဆိုရင် ပိုးသတ်ဆေး ထိုးတာ ၊ ကာကွယ်ဆေးများသောက်တာ ၊ ဘေလုံးကွဲခြင်းကြောင့်ဆိုရင် ထုတ်ခြင်း စတဲ့နည်းလမ်းများကို ဆရာဝန်နဲ့ စစ်ဆေးပြီး ခံကုသမှု ခံယူပါ။
Written By Health Products Directory
(Zawgyi)
=====
ဘေလုံးကုသနည်း
Read times Last modified on Thursday, 05 March 2020 17:32
Rate this item
(0 votes)