What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 11 December 2020 17:56

ခံတွင်းကင်ဆာ အကြောင်းသိကောင်းစရာ

ကင်ဆာများထဲတွင် ခံတွင်းကင်ဆာသည်လည်း ကြောက်စရာကောင်းသော ကင်ဆာတစ်မျိုးဖြစ်ပါတယ်။

 

ကြောက်စရာကောင်းတဲ့ ကင်ဆာရောဂါကိုမဖြစ်ခင်ကကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ ဒါကြောင့် ကြိုတင်ကာကွယ်လိုရအောင် ခံတွင်းကင်ဆာနဲ့ပတ်သတ်တဲ့ ဗဟုသုတများကို အောက်တွင် ဖော်ပြပေး လိုက်ပါတယ်။

 

ခံတွင်းကင်ဆာ ဖြစ်နိုင်ချေပိုများသော အချက်များမှာ-

(၁) ဆေးရွက်ကြီး ငုံခြင်း၊

(၂) ဆေးလိပ်သောက်ခြင်း၊

(၃) အရက်သောက်ခြင်း၊

(၄) ကွမ်းစားခြင်း၊ ကွမ်းသီးဝါးခြင်း၊

(၅) သွားများတွင် ချွန်ထက်သော အစွန်းများရှိနေခြင်း၊ သွားအံကပ်၊ သွားအစွပ်များ အံဝင်ခွင်ကျမဖြစ်ခြင်း၊

(၆) လူသားကြွက်နို့ ဗိုင်းရပ်စ်ပိုး ( HPV ) ကူးစက်ခံထားရခြင်း၊ ( အထူးသဖြင့် HPV 16 )

စသည်တို့ သည်ခံတွင်းကင်ဆာ ဖြစ်နိုင်ချေအများဆုံး အကြောင်းရင်းများဖြစ်ပါတယ်။

 

ကင်ဆာမဖြစ်ခင် လက္ခဏာများမှာ-

(၁) လျှာတွင် အဖြူကွက်များဖြစ်နေခြင်း ( Leukoplakia )

(၂) လျှာတွင် အနီကွက်များ ဖြစ်နေခြင်း၊ ( Erythroplakia )

(မှတ်ချက်။ ။ ကြိုတင်စစ်ဆေးကုသမှု ခံယူပါက ကင်ဆာအဆင့်သို့ မရောက်နိုင်ပါ )

ခံတွင်းကင်ဆာ လက္ခဏာများမှာ-

(၁) ခံတွင်းထဲတွင် အနာရှိနေပြီး သွေးထွက်လွယ်သည့်အပြင် အနာမကျက်ဘဲရှိနေခြင်း၊

(၂) ခံတွင်းထဲတွင် အဖု (သို့) မာခဲနေသောနေရာ (သို့) ကြမ်းတမ်းသော အစက်အပြောက် တစ်ခုခုရှိနေခြင်း၊

(၃) ဝါးစားရန်၊ မျိုချရန်၊ စကားပြောရန် ခက်ခဲခြင်း၊

(၄) မေးရိုး၊ လျှာ လှုပ်ရှားမှု ပြုလုပ်ရန် ခက်ခဲခြင်း၊

(၅) ခံတွင်းအတွင်းနှင့် နှုတ်ခမ်းများ ထုံခြင်း (သို့) ထိလျှင် နာခြင်း၊

စသည်တို့ဖြစ်ပြီဆိုရင်တော့ ခံတွင်းကင်ဆာအတွက် ကုသမှုတွေ ခံယူရပါတော့မယ်။

Read times
Rate this item
(0 votes)