What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 25 May 2020 23:43

မျက်နှာပြင်များ၊ အရာဝတ္ထုများပေါ်မှ coronavirus အလွယ်တကူ မပျံနှံ့ဟု အမေရိကန် CDC ဆို

အမေရိကန် ပြည်ထောင်စု ရောဂါများထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး

ဗဟိုဌာန ( CDC - Centers for Disease Control and Prevention) မှ လတ်တလော ထုတ်ပြန်သော လမ်းညွှန်ချက်များသည်  မျက်နှာပြင်များမှ တစ်ဆင့် coronavirus မည်သို့ပျံ့နှံ့သည်ကို အလင်းအသစ် ပြပေးသည်။ 

Coronavirus ရှိသည့် မျက်နှာပြင်ကို ထိလိုက်ပြီးသည့်နောက် ထိုသို့ ထိထားသည့် လက်ဖြင့် နှာခေါင်း၊ ပါးစပ် သို့မဟုတ် မျက်လုံးများကို ထိခြင်းဖြင့် ကူးစက်နိုင်သည့် ဖြစ်နိုင်ချေ ရှိသော်လည်း ၎င်းဖြစ်နိုင်ခြေမှာ လူနှင့်လူချင်း ထိတွေ့မှုမှ coronavirus ကူးစက်ခြင်းထက် နည်းပါးသည်။  လူနှင့်လူချင်း ထိတွေ့ချင်းမှ ကူးစက်ခြင်းသည် အဖြစ်များသော နည်းလမ်းဖြစ်သည်။

 

 “ COVID-19 သည်ရောဂါအသစ်တစ်ခုဖြစ်ပြီး၎င်းသည်မည်သို့ပျံ့နှံ့သည်ကိုလေ့လာဆဲဖြစ်သည်" ဟု  CDC  မှ လတ်တလော ထုတ်ပြန်သော လမ်းညွှန်ချက်များတွင် ဆိုထားသည်။

 

Yale University ဆေးတွဲဘက်ပါမောက္ခနှင့် ကူးစက်ရောဂါ ဆရာဝန် Dr. Manisha Juthani က  USA TODAY သတင်းလုပ်ငန်းကို ပြောပြခဲ့သည်မှာ  ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ ကပ်ရောဂါအတွင်း ထုပ်ပိုးပစ္စည်းများနှင့် ကုန်စုံ စားသောက်ကုန်တို့အပေါ် စူးစိုက်သော စိုးရိမ်ပူပန်မှုများ များပြားနေသည်ဟု ဖြစ်သည်။

 

“CDC လမ်းညွှန်ချက်များဟာ ကူးစက်ပုံကူးစက်နည်းတွေနဲ့ ပတ်သက်လို့ ကြောက်တာ၊ ယုံမှားသံသယ လွန်ကဲတာတွေကို လျှော့ချဖို့ ကြိုးပမ်းတာလို့  ကျွန်တော် ယုံကြည်ပါတယ်” ဟု သူမက ဖြည့်စွက် ပြောပြသည်။

 

ပို၍ အရေးကြီးသည်မှာ  "လူများသည် ရုပ်ခန္ဓာဆိုင်ရာ အကွာအဝေးကို ဆက်လက်ထိန်းသိမ်းထားရမည်၊ လက်များကို ဆေးကြောသန့်စင်ရမည်။ လက်ဖြင့် မျက်နှာကို ထိတွေ့ခြင်းအား ရှောင်ရှားရန် ကြိုးစားရမည်" ဟု သူမက ပြောသည်။ ထို့ပြင် သူမက အကြံပြုသည်မှာ မတ်စ်ကို အထူးသဖြင့်လူနေထူထပ်သောနေရာများတွင် ၀ တ်ဆင်ရန် ဖြစ်သည်။

ဒီအလေ့အကျင့်က အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်ပိုးရာသီဖြစ်တဲ့ အခုလာမယ့် ဆောင်း ဦး ရာသီနဲ့ဆောင်းရာသီထဲကို ဝင်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

 

ဤ နောက်ဆုံးအခြေအနေ အသိပေးချက်သည် COVID-19 မည်သို့ကူးစက်သည်နှင့် ပတ်သက်၍ အချို့သော 

အဓိကစိုးရိမ်မှုများကို ဖြေဖျောက်ပေးပေလိမ့်မည်။ သို့သော် မေးခွန်းများစွာ ဆက်လက်ရှိနေသေးသည်။

ဤသည်တို့မှာ ကျွန်ုပ်တို့ သိထားသည်များ ဖြစ်သည်။

 

COVID-19 အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများသည် မျက်နှာပြင်များပေါ်၌ တည်တံ့လေ့ရှိသည်ဟု Juthani က ပြောကြားခဲ့သည်။ 

ရက်သတ္တပတ် အနည်းငယ်အတွင်း ထုတ်ဝေခဲ့သည့် အဓိကတွေ့ရှိချက်နှစ်ခုသည် ကျွန်ုပ်တို့သိထားသည်ဟု ထင်သော မျက်နှာပြင်များပေါ်ရှိ coronavirus အကြောင်းအရာကို ပုံဖော်ရာတွင် အလွန်အရေးကြီးသည်။ 

နယူးအင်္ဂလန် ဆေးပညာဂျာနယ်တွင် ဖော်ပြသော လေ့လာမှုတစ်ခုအရ မိမိဘာသသာ ရှင်သန်နိုင်သော coronavirus သည် ပလတ်စတစ်နှင့် သံမဏိကဲ့သို့သော မျက်နှာပြင်အချို့တွင် သုံးရက်ကြာ ရှင်သန်နိုင်ပြီးကတ်ထူပြားတွင် ၂၄ နာရီအထိ ရှင်သန်နိုင်ကြောင်း တွေ့ရှိရသည်။

 

ထိုအချက် တွေ့ရှိပြီး နောက်နှစ်ပတ်အကြာတွင် CDC ၏ အစီရင်ခံစာတွင် Diamond Princess ခရုဇ်သင်္ဘောပေါ်မှ ခရီးသည်များသည် သူတို့နေထိုင်ရာ အခန်းများမှ ထွက်ခွာပြီးနောက် ၁၇ ရက်အကြာ၌ ၎င်းခရုဇ်သင်္ဘောပေါ်ရှိသော မျက်နှာပြင်များတွင် coronavirus မျိုးရိုးဗီဇပစ္စည်းများကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။ 

 

ထိုလေ့လာမှုများတွင် မည်သည်ကမှ Coronavirus သည် မျက်နှာပြင်ပေါ်တွင် အလွယ်တကူပျံ့နှံ့နိုင်ခြင်း ပြုမပြုကို အတည်မပြုပေးချေ။

အကယ်စင်စစ် ယေးလ်ဆေးပညာ ပါမောက္ခနှင့် ကူးစက်ရောဂါဆိုင်ရာ သုတေသီ Joseph Vinetz က မတ်လတွင် ပြောခဲ့သည်မှာ CDC ၏ အစီရင်ခံစာသည် လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါနှ င့်လုံးဝ အပ်စပ်မှု မရှိဟူ၍  ဖြစ်သည်။ 

 

သတိဆိုသည်မှာ ပိုသည်မရှိ ဖြစ်ပေရာ မျက်နှာပြင်များပေါ်မှ  coronavirus အကြောင်း ဆွေးနွေးသည့်အခါတိုင်း မျက်နှာပြင်များကို မကြာခဏ ဆေးကြောသန့်စင်ခြင်းနှင့် လက်ဆေးခြင်းတို့သည် စံသတ်မှတ်ချက်တစ်ခု  ဖြစ်လာခဲ့သည်။

 

coronavirus သည် မည်မျှကြာကြာ မျက်နှာပြင်များပေါ်တွင် နေထိုင်သနည်း။ 

 

ယေဘုယျအားဖြင့် မျက်နှာပြင် ပိုမိုမာကြောလေလေ coronavirus အသက်ရှည်လေလေ ဖြစ်သည်။ Coronavirus သည် ဖန်ခွက်၌ ၉၆ နာရီအထိ ရှင်သန်နိုင်သည်ဟု ဇန်နဝါရီလထုတ် ကူးစက်ဆေးရုံဂျာနယ်မှဖော်ပြသော လေ့လာမှုအရ သိရသည်။ 

 

အစောပိုင်းက ဖော်ပြခဲ့သည့်အတိုင်း coronavirus သည်ပလပ်စတစ်နှင့်သံမဏိများပေါ်တွင် ၇၂ နာရီသို့မဟုတ် သုံးရက်၊ ကတ်ထူပြားနှင့် ကြေးနီ မျက်နှာပြင်ပေါ်တွင် ၄ နာရီကြာ ရှင်သန်နိုင်သည်။ 

 

အမြင်အာရုံလမ်းညွှန် ။ ။  Coronavirus သည် မည်မျှကြာမြင့်စွာ မျက်နှာပြင်များပေါ်တွင် နေထိုင်သနည်း။ 

 

 

Juthani က မှတ်ချက်ချသည်မှာ  မျက်နှာပြင်ကို ထိခြင်းအားဖြင့် COVID-19 ကူးစက်ခံရဖို့မှာ “ ဗိုင်းရပ်စ်၏ အပြင်ဘက်အခွံ” မပျက်စီးစေရန် လိုအပ်သည်။  ကျကျနန လက်များ ဆေးခြင်းနှင့် မျက်နှာပြင်သန့်ရှင်းခြင်းတို့သည် ထိုသို့  မပျက်မစီးဘဲ ဆက်ရှိနေဖို့ ခဲယဉ်းသည်။

"တကယ်လို့ မျက်နှာပြင်များ သန့်ရှင်းစင်ကြယ်ထားမယ်ဆိုရင်၊ ပိုးရှိတဲ့ မျက်နှာပြင်ကို လက်နဲ့ ထိမိကိုင်မိတယ် ဆိုရင်တောင် လက်ကို ကျကျနန ဆေးရင်  ပိုးရှိတဲ့ မျက်နှာပြင်ကနေ ပိုးကူးလာဖို့  အန္တရာယ် နည်းသွားပါတယ်" ဟု သူမက ပြောသည်။

 

မျက်နှာပြင်များမှတစ်ဆင့် ပိုးကူးခြင်းသည် အခြားထိတွေ့ပုံစံများနှင့် နှိုင်းယှဉ်လျှင် ကူးစက်ခံရဖို့ အလွန်နည်းပါးသည်။ အဖြစ်များသည့် နည်းလမ်းမှာ လုံနေသော နေရာတစ်ခုတွင် ကြာမြင့်စွာ အတူရှိနေကြရင်း တစ်ဦးနှင့် တစ်ဦးထိတွေ့မှုများကြောင့် ဖြစ်သည်ဟု  Juthani က မှတ်ချက်ပြုသည်။

"တကယ်လို့ လက်တွေကို တစ်နေ့တာမှာ အကြိမ်များများ ဆေးမယ်ဆိုရင် အထူးသဖြင့် တခြားသူတွေ ထိထား ကိုင်ထားတဲ့အရာဝတ္ထုကို ကိုင်ပြီးချိန်မှာ လက်ဆေးပေးရင် ကူးစက်မှုအန္တရာယ် သိသိသာသာ လျော့ကျမယ်" ဟု သူမက ပြောသည်။

 

CDC  က ထောက်ပြသည်မှာ ဖြစ်နိုင်ခြေ မမြင့်မားသော်လည်း အန္တရာယ် ရှိနေဆဲ ဖြစ်သည်။

"ဒီဟာက ဗိုင်းရပ်စ် ပျံ့နှံ့တဲ့ အဒိကနည်းလမ်းလို့ မထင်ဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့က ဒီဗိုင်းရပ်စ်အကြောင်းကို လေ့လာနေဆဲ ဖြစ်ပါတယ်" ဟု CDC  က ဆိုသည်။

 

ယခင်တုန်းက CDC  ဆိုခဲ့သည်မှာ အမေဇုံ ကဲ့သို့သော အမြန်ချောပို့ထံမှ လက်ခံရရှိသော အထုပ်များထံမှ coronavirus ကူးခံရဖို့ ဆိုသည်မှာ မဖြစ်နိုင်ဖို့ များသည်၊ မျက်နှာပြင်ပေါ်တွင် ဤ coronavirus သက်တင်ရှင်သန်နိုင်စွမ်း ညံ့ဖျင်းသောကြောင့် ဖြစ်သည်။

 

 Juthani  က အထုပ်ကို  ကိုင်ပြီးလျှင် COVID-19 မပျံ့နှံ့ဖို့အတွက် ကျကျနန လက်ဆေးရန် မလုပ်မဖြစ် လိုအပ်သည်ဟု သတိထားဖို့ ပြောသည်။

"မျက်နှာပြင်များနဲ့ ပတ်သက်လို့ လူအများတို့ အကြီးအကျယ်ကြောက်ခြင်းနဲ့ သံသယလွန်ကဲခြင်းတို့ လျော့နည်းစေချင်ပေမဲ့လည်း အဲဒါကြောင့်နဲ့တော့ ပစ္စည်းတွေ ထိကိုင်ပြီးရင်အထူးသဖြင့် အိမ်အပြင်မှာ ထိကိုင်တာဆိုရင် လက်ဆေးဖို့   လက်ဆေးဖို့ လိုအပ်တာကို ပြောင်းလဲရမှာ မဟုတ်ဘူး။ လက်တွေကတော့ ဆေးနေရမှာပဲ"

 USATODAY

Read times Last modified on Tuesday, 26 May 2020 08:20
Rate this item
(0 votes)