What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Wednesday, 26 February 2020 12:05
အမျိုးသမီးများ အများဆုံးဖြစ်တဲ့ နှလုံးရောဂါ
အမျိုးသမီးအများစုက ကင်ဆာရောဂါပြီး ဒုတိယ နှလုံးရောဂါဖြင့် အများဆုံးသေဆုံးနေ ကြပါတယ်။
နှလုံးရောဂါကို အာမေရီကန်နိုင်ငံ လေ့လာချက်တွင် အမျိုးသမီးအများစုကို ဖြစ်ပွားစေတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။
နှလုံးရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်
နှလုံးရောဂါက နှလုံးခုန်နှုန်းမမှန်တာ နဲ့ သွေးကြောများပုံမှန်မဟုတ်တဲ့ အခြေအနေများတွင် ဖြစ်ပွားလေ့ရှိပါတယ်။ နှလုံး နားတစ်ဝှိုက် သွေးကြောပိတ်စို့တာ ၊ ခြေ လက်ရှိသွေးကြေများ ပိတ်စို့တာ၊ နှလုံးခုန်နှုန်း ချိ့ယွင်းတာ ၊ နှလုံးြွကက်သားများ ပျက်စီးတာ ၊ နှလုံးကြွက်သားများ လည်ပတ်မှု့ လျော့နည်းတာ ကြောင့် နှလုံးရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
နှလုံးရောဂါ လက္ခဏာများ
အမျိုးသမီးအများစုက နှလုံးအမောဖောက်ခြင်း မဖြစ်သည့်တိုင်အောင် နှလုံးရောဂါ လက္ခဏာ ဖော်ပြလေ့မရှိပါ။ ဒါပေမဲ့ ရှေ့ပြေးလက္ခဏာများတော့ ဖြစ်ပေါ်လေ့ရှိပါတယ်။ ရင်ဘတ်အောင့်တာ ၊ လည်ပင်း၊ လက်ချောင်းနာတာ၊ မေးနာကျင်တာ ၊ ဝမ်းဗိုက်အထက်အောင့်တာ ၊ နောက်ကျော အထက်ပိုင်းအောင့်တာ ၊ ပျို့တာ ၊ မောပန်းတာ ၊ အသက်ရှူကျပ်တာ ၊ အရေပြား မီးခိုးရောင်ပြောင်းတာ နဲ့ ချွေးထွက်များတာ စတဲ့ရှေ့ပြေးလက္ခဏာများ ဖြစ်ပေါ်လာပါတယ်။ ဒီလက္ခဏာများက နေ့တိုင်း အနားယူချိန် ၊ ကိုယ်လက်လှုပ်ရှားချိန်များတွင် ဖြစ်ပေါ်ရင်တော့ နှလုံးရောဂါ ဖြစ်ပွားနိုင်တဲ့ အတွက် စစ်ေဆေးမှု များပြုပေးပါ။
အမျိုးသမီးများတွင် တွေ့ရှိရတဲ့ နှလုံးရောဂါ လက္ခဏာများ
နှလုံးရောဂါလက္ခဏာ အများစုက နှလုံးရောဂါပြင်းထန်လာတဲ့ အချိန်များတွင် ထွက်ပေါ်နိုင်ပါတယ်။ နှလုံးရောဂါ လက္ခဏာများက နှလုံးရောဂါဖြစ်ပေါ်ရတဲ့ အကြောင်းရင်းအလိုက် ကွဲပြားမှုရှိနိုင်ပါတယ်။ အမျိုးသမီးအများစုမှာ ဖြစ်ပွားတဲ့ နှလုံးရောဂါလက္ခဏာများက အမျိုးသားများနဲ့ မတူညီနိုင်ပါ။
ခြေ ၊ လက် အဆစ်များရောင်ရမ်းတာ ၊ ကိုယ်အလေးချိန်တိုးလာတာ ၊ အိပ်နေချိန် အသက်ရှူမဝတာ ၊ ခံစားချိန်များတွင် နှလုံးခုန်နှုန်းမြန်တာ ၊ ချောင်းဆိုးတာ ၊ ဟောက်တာ ၊ ချွေးထွက်များတာ၊ သွေးတတ်ပြီး ခေါင်းလေးလံတာ ၊ ပူလောင်တာ ၊ စိုးရိမ်စိတ်များတာ နဲ့ သတိလစ်တာ စတဲ့လက္ခဏာ များဖြစ်ပေါ်လေ့ရှိကြပါတယ်။
Dental (သွားနှင့် ခံတွင်း ဆေးခန်းသုံးပစ္စည်း ရောင်းချသော် ဆိုင်ပေါင်း ၄၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
Image result for Dental
နှလုံးရောဂါကို ပိုမိုဆိုးဝါးစေတဲ့ ရောဂါများ
ဆီးချိုသွေးချို ၊ သွေးတိုးရောဂါ ၊ သွေးကျရောဂါ ၊ စိတ်ကျရောဂါ ၊ ဆေးလိပ်သောက်တာ၊ နာတာရှည်စိတ်ဖိစီးတာ ၊ နှလုံးဆိုင်ရာပြဿနာများရှိတာ ၊ မျိုးရိုဗီဇရှိတာ ၊အဆစ်အမြစ်ရောင်ရမ်းတာ၊ HIVရောဂါရှိတာ ၊ ကိုယ်ဝန်ဆောင်စဉ် ၊ အဝလွန်တာ များက နှလုံးရောဂါကို ပိုမိုဆိုးဝါးစေပါတယ်။ ဒါအပြင် နှလုံးအမောဖောက်တာ ၊ လေဖြတ်တာ ၊ နှလုံးရောဂါ အခံရှိခြင်းကလည်း နှလုံးရောဂါကို ပိုမိုစိုးဝါးလာစေပါတယ်။
နှလုံးရောဂါကုသနည်း
အမျိုးသမီးများ နှလုံးရောဂါဖြစ်ပေါ်လာလျှင်တော့ အဆီဓာတ်စားခြင်းလျော့တာ ၊ကိုယ်အလေးချိန်လျော့တာ၊ သွေးခုန်နှုန်းပုံမှန်တိုင်တာ၊ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကျဉ်တာ ၊ အချိုဓာတ်များ ထိန်းချုပ်စားသုံးတာ၊ ကျန်းမာသော အစားအစာများကို စားတာ ၊ အရက်သောက်ခြင်းမှရှောင်ကျဉ်တာ၊ ပေါ့ပါးသော လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပေးတာ ၊ နှလုံးရောဂါဖြစ်ပွားရတဲ့ အပိုင်းမှ စတင်ကုသတာ၊ ဆရာဝန် စမ်းသပ်စစ်ဆေးပြီး အသက်အန္တာရာယ်မဖြစ်ပွားအောင် ဆရာဝန်ရဲ့လမ်းညွှန်ချက်အတိုင်း ဆောင်ရန်ရှောင်ရန်များကို လိုက်ခြင်းဖြင့် နှလုံးရောဂါကို သက်သာစေနိုင်ပါတယ်။
Written By Health Products Directory
(Zawgyi)
=====
နှလုံးရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်း
နှလုံးရောဂါကုသနည်း
Read times Last modified on Wednesday, 26 February 2020 13:21
Rate this item
(0 votes)