What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 29 December 2020 15:38

ရင်သားကင်ဆာဖြစ်နေပြီဆိုရင် သိနိုင်တဲ့လက္ခဏာ ၅ မျိုး

မိန်းကလေးတိုင်းက သူမတို့ရဲ့ ရင်သားကို အမြဲတစေ ဂရုစိုက်နေဖို့အရေးကြီးပါတယ်။ ရင်သားဟာ ကြည့်လိုက်ရင် သာမန်ဘာရောဂါကိုမှ သယ်ဆောင်လာမှာမဟုတ်ဘူးလို့ ထင်မိမှာပဲဖြစ်ပါတယ်။

 

သို့သော်လည်း ကမ္ဘာ့ကျန်းမာရေးသုတေသနတွေအရ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ တစ်နှစ်ထက်တစ်နေ့ကြီးထွားလို့နေပါတယ်။ ကျန်းမာရေးအသိတိုးပွားစေရန် ရင်သားကင်ဆာဖြစ်နေပြီဆိုရင် သိနိုင်တဲ့ လက္ခဏာရပ် ၅ မျိုးကို တင်ဆက်ပြသလိုက်ပါတယ်။

 

၁။ ရင်သားအတွင်း အလုံး သို့မဟုတ် အခဲတစ်ခုရှိနေခြင်း

အချို့အစိုင်အခဲတွေက အမျိုးသမီးများ၏ ရင်သားကို နာကျင်သောခံစားမှုပေးသော်လည်း အချို့အစိုင်အခဲအလုံးတွေက နာကျင်မှုမရှိဘဲ အစိုင်အခဲကြီးထွားလာမှသာ သတိပြုမိကြပါတယ်။ ထိုသို့မဖြစ်ရ လေအောင် အမျိုးသမီးများအနေနှင့် မိမိတို့၏ ရင်သားကို ရေချိုးသည့်အခါတွင်ဖြစ်စေ၊ အင်္ကျီလဲလည်ဝတ်ဆင် သည့်အခါတွင်ဖြစ်စေ ရင်သားကို အစိုင်အခဲရှိ/မရှိ စမ်းသပ်ကြည့်သင့်ပါတယ်။

 

၂။ ရင်သားတစ်ဝိုက်ရောင်ရမ်းခြင်း

အမျိုးသမီးတွေဟာ ရာသီလာချိန်နီးလာပါက ရင်သားတစ်ဝိုက်အနည်းငယ်ရောင်ရမ်းတတ်ပါတယ်။ သို့ သော် ရင်သားဟာ ပုံမှန်မဟုတ်သည့် အနေအထားအထိ ကြီးမားစွာ ရောင်ရမ်းနေပါက သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရင်သားကင်ဆာ၏အစ ပျိုးလက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။

 

၃။ ရင်သားတစ်ဝိုက် အနီ ရောင် သို့မဟုတ် လိမ္မော်ရောင်သန်းလာခြင်း

ရင်သားတစ်ဝိုက် အနီရောင် (သို့) လိမ္မော်ရောင်သန်းလာပါက ဆရာဝန်ုကို အမြန်ဆုံးတိုင်ပင်သင့်ပါတယ်။ ရင်သားကင်ဆာ၏ သိသာတယ့် လက္ခဏာတစ်ရပ်ဘဲဖြစ်ပါတယ်။

 

၄။ ရင်သားတစ်ဝိုက်ပူလောင်၍ ယားယံခြင်း

တစ်ခါတစ်ရံ နွေရာသီအပူရှိန်ကြောင့် ရင်သားတစ်ဝိုက် ချွေးထွက်ပြီး ယားယံတတ်ပါတယ်။ သို့သော်လည်း ရင်သားမှာ မခံမရပ်နိုင်အောင် ယားယံနေပါက ရင်သားကင်ဆာ အန္တရာယ်ရှိနိုင်ပါတယ်။

 

၅။ နို့သီးခေါင်းပုံပြောင်းလာခြင်း

ရင်သားကင်ဆာဟာ တစ်ခါတစ်ရံမှာ အမျိုးသမီးများ၏နို့သီးခေါင်းပုံကိုပါ ပြောင်းလဲနိုင်ပါတယ်။ နို့သီးခေါင်းဟာ အထဲသို့ လည်းဝင်သွားနိုင်လို့ ပိုမိုထူထဲလာတာမျိုးလည်းရှိတတ်ပါတယ်။ အချို့လူတွေမှာလည်း နို့သီးခေါင်း အရောင်ပြောင်းလဲတာမျိုးရှိတတ်ပါတယ်။ အဲဒီလိုမျိုးလက္ခဏာရပ်များဖြစ်ပေါ်လာပါက ဆရာဝန်နှင့် အမြန်ဆုံး တိုင်သင့်ပါတယ်။

Read times Last modified on Tuesday, 29 December 2020 15:42
Rate this item
(0 votes)