What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 18 January 2021 11:03

သွေးပေါင်ကျခြင်း ကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ

ဘယ်သူမဆို သွေးတိုးရောဂါဖြစ်မှာကို စိုးရိမ်တတ်ကြပါတယ်။

ဒါပေမဲ့ သွေးတိုးရောဂါတင်မဟုတ်ဘဲ သွေးပေါင်ကျခြင်းကြောင့်လည်းဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါတယ်။ တော်သင့်ရုံသွေးပေါင်ကျခြင်းကြောင့် ဆိုးရွားသော ပြဿနာများမဖြစ်ပေါ်နိုင်ပေမယ့် သွေးပေါင်အလွန်ကျပါက မူးဝေခြင်း သတိလစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

သွေးပေါင်ကျခြင်း၏ လက္ခဏာများကတော့ မူးဝေခြင်း ၊ ဖျော့တော့ခြင်း ၊ သတိလစ်ခြင်း ၊ ရေဓာတ်နည်းပါးခြင်း ၊ အာရုံစိုက်မရခြင်း ၊ မျက်စိဝေခြင်း ၊ ပျို့အန်ခြင်း ၊ အသားအရေ ဖြူဖပ်ဖြူလျော်ဖြစ်ပြီး ခြေဖျားလက်ဖျားအေးခြင်း ၊ အသက်ရှူမြန်ခြင်း ၊ နုံးခြင်းနှင့် စိတ်ကျခြင်းတို့ ဖြစ်ပါတယ်။

သွေးပေါင်ကျခြင်းဟာနှလုံးရောဂါ၊ ဟော်မုန်းရောဂါနှင့်အာရုံကြောရောဂါများရဲ့အချက်ပြခြင်းလည်းဖြစ်နိုင်တာမို့မပေါ့ဆသင့်ပါဘူး။ သွေးပေါင်ကျခြင်းကိုမကုသပါကဦးနှောက်နှင့် အခြားသောကိုယ်အစိတ်အပိုင်းများဟာ အောက်ဆီဂျင်အပြည့်အဝရရှိခြင်းမရှိနိုင်တော့လို့ စိုးရိမ်ဖွယ်အခြေအနေဖြစ်လာနိုင်ပါတယ်။

အလွန်အမင်းဆိုးဝါးပါကရှော့ခ်ရသည်အထိဖြစ် နိုင်ပြီးအသက်အန္တရာယ်ပါထိခိုက်နိုင်ပါတယ်။

သွေးပေါင်ကျစေသော အကြောင်းရင်းများကတော့ နာတာရှည် အိပ်ရာထဲလဲခြင်း(လှုပ်ရှားမှု နည်းပါးသောကြောင့် သွေးလှည့်ပတ်မှု မကောင်းရာမှ သွေးပေါင်ကျစေပါတယ် ။

နှလုံးရောဂါ ၊ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း ၊ ကိုယ်ဝန်ဆောင်ကာလဖြစ်ခြင်း ၊ ဒဏ်ရာရခြင်း ၊ ရေဓာတ်နည်းခြင်း ၊ ကိုယ်တွင်းသွေးယိုစိမ့်ခြင်းကြောင့် သွေးပမာဏနည်းပါးခြင်း ၊ သွေးပေါင်ကျဆေး ၊ နှလုံးဆေးများ ၊ ပါကင်ဆန်ရောဂါအတွက်ဆေးများ ၊ စိတ်ကျန်းမာရေးဆေးများနှင့်အမျိုးသားကာမဆေးများ မှီဝဲခြင်း ၊ ဗီတာမင် ဘီ-၁၂ နှင့် ဖောလစ်အက်ဆစ် ချို့တဲ့ခြင်း ၊ ပြင်းထန်သောပိုးဝင်ခြင်း ၊ ရုတ်တရက် မတ်တပ်ရပ်သောအခါ သွေးပေါင်ကျခြင်း ၊ အကြာကြီး မတ်တပ်ရပ်သောအခါ သွေးပေါင်ကျခြင်း တို့ဖြစ်စေနိုင်ပါတယ်။

သင်ဟာမကြာခဏ သွေးပေါင်ကျတတ်သူတစ်ဦးဖြစ်ပါကဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ထို့ပြင်အိပ်ရေးဝအောင်အိပ်ခြင်း၊ အာဟာရပြည့်ဝအောင်စားခြင်းနှင့်ဗီတာမင်အားဆေးများမှီဝဲခြင်းတို့ကိုပြုလုပ်ပေးပါ။ရုတ်တရပ် မတ်တပ်ရပ်သောအခါသွေးပေါင်ကျတတ်သူများအနေနဲ့ကတော့အထိုင်အထကို ဖြည်းညင်းစွာ ပြုလုပ်သင့်ပါတယ်။

Read times
Rate this item
(0 votes)