သွေးတိုးရောဂါအဖြစ်များတဲ့လူတွေအကြောင်း၊ ရုတ်တရက်သွေးတိုးရတဲ့အကြောင်းအရင်းတွေကို အဓိကရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဘယ်လိုလူတွေမှာ သွေးတိုးနိုင်သလဲ?
အသက်အရွယ်ရလာတာနဲ့အမျှ သွေးတိုးဖြစ်နိုင်ခြေများလာပါတယ်။ အသက် ၆၄ မတိုင်ခင်မှာ အမျိုးသားက သွေးတိုးပိုအဖြစ်များပြီး အသက် ၆၅ နှစ်နောက်ပိုင်းမှာတော့ အမျိုးသမီးက ပိုပြီးသွေးတိုးရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ မိသားစုထဲမှာ သွေးတိုးရောဂါရာဇဝင်ရှိရင်လည်း မိမိမှာသွေးတိုးဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ်အလေးချိန်များလွန်းပြီး ဝလေလေ တစ်ရှူးတွေဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေသယ်ဖို့ သွေးများများလိုလေလေပါပဲ။ သွေးပမာဏများလာတဲ့အခါမှာ သွေးကြောနံရံတွေပေါ်ကို ဖိအားတွေများလာပြီး သွေးတိုးနိုင်ပါတယ်။ ဆေးလိပ်၊ဆေးရွက်ကြီးသောက်တဲ့အခါ ပါဝင်တဲ့ဓာတုပစ္စည်းတွေက သွေးကြောနံရံတွေကိုဖျက်ဆီးပါတယ်။ သွေးကြောနံရံတွေကျဉ်းလာတဲ့အခါမှာ သွေးတိုးရောဂါနဲ့အတူ နှလုံးရောဂါပါဖြစ်စေပါတယ်။ ကိုယ်တိုင်ဆေးလိပ်မသောက်ရင်တောင် တစ်ဆင့်ခံရှူရှိုက်ရရင်လည်း ဆေးလိပ်သောက်တဲ့လူကဲ့သို့ ရောဂါရနိုင်ပါတယ်။ စားသောက်တဲ့အစားအစာမှာ Sodium (ဆားဓာတ်)အငန်ဓာတ်ပါဝင်မှုများရင် ကိုယ်ခန္ဓာမှာ ရေဆွဲထားပြီး သွေးတိုးစေပါတယ်။
ပိုတက်ဆီယမ်ဟာ ဆဲလ်တွေထဲမှာ Sodium ဓာတ်ညီမျှဖို့ ကူညီပေးပါတယ်။ Potassium လုံလောက်အောင်မစားတဲ့အခါ ဆဲလ်တွေထဲမှာ Sodium တွေများလာပြီး သွေးတိုးရောဂါဖြစ်နိုင်ပါတယ်။ အရက်သောက်ခြင်းဟာ လူ့ရဲ့အသည်းနဲ့ နှလုံးကို ပျက်စီးစေပါတယ်။အရက်ကြောင့် သွေးတိုးရောဂါဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုအလွန်များလာရင် ချက်ချင်းသွေးတိုးလာတတ်ပါတယ်။ စိတ်ဖိစီးတာကို ဖြေလျှော့နည်းမှားယွင်းစွာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အစားအလွန်စားခြင်းနဲ့ ဖြေလျှော့ရင်တော့ သွေးတိုးရောဂါပိုဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များလည်း သွေးတိုးနိုင်ခြေရှိပါတယ်။ သွေးတိုးရောဂါဖြစ်ရတဲ့အကြောင်းရင်းနှစ်ခုရှိပါတယ်။ အဲဒီနှစ်ခုကတော့
Primary (Essential) Hypertension
အရွယ်ရောက်ပြီးသားလူတွေမှာဖြစ်တဲ့ သွေးတိုးရောဂါကို ဘာအကြောင်းကြောင့်ဖြစ်တယ်ဆိုပြီး အကြောင်းရင်းအတိအကျရှာလို့မရပါဘူး။ အဲဒီလိုသွေးတိုးတာကို Primary Hypertension လို့ခေါ်ပါတယ်။ နှစ်တွေရှည်ကြာတဲ့အထိ ရောဂါဖြစ်တတ်ပါတယ်။
Secondary Hypertension
အချို့လူတွေမှာတော့ နဂိုရောဂါအခံတစ်ခုခုကြောင့်သွေးတိုးတတ်ပါတယ်။ အဲဒါကိုတော့ Secondary Hypertension လို့ခေါ်ပြီး ရုတ်တရက်သွေးတိုးတာမျိုးများပါတယ်။ ရုတ်တရက်သွေးတိုးပြီး Secondary Hypertension ဝင်နိုင်တဲ့အခြေအနေများကတော့
(၁)Obstructive sleep apnoea
လည်ပင်းကြွက်သားတွေဟာ အိပ်စက်နေချိန်မှာ ဖြေလျော့လိုက် အသက်ရှူလမ်းကြောင်းကိုပိတ်ဆို့လိုက်နဲ့ ပြတ်တောင်းပြတ်တောင်းဖြစ်ပြီး အသက်ရှူရပ်ရပ်သွားတဲ့ အိပ်စက်ခြင်းမူမမှန်မှုရောဂါကြောင့်လည်း Secondary Hypertension ဖြစ်နိုင်ပါတယ်။
(၂) ကျောက်ကပ်မကောင်းသူများ
(၃)Adrenal Gland တွင်အကျိတ်ရှိသူများ
(၄)သိုင်းရွိုက်ပုံမှန်မဟုတ်ဘဲ ရောဂါတစ်ခုခု သို့မဟုတ် အကျိတ်ရှိသူများ
(၅)သွေးကြောထဲတွင် မွေးရာပါချို့ယွင်းချက်ပါလာသူများ
(၆)ဆေးဝါးများ၏ဘေးထွက်ဆိုးကျိုးများကြောင့် ရုတ်တရက်သွေးတိုးခြင်းဥပမာ-သန္ဓေတားဆေး၊ အအေးမိနှာစေးပျောက်ဆေးများ၊ အကိုက်အခဲပျောက်ဆေးများ နှင့် အခြားကန့်သတ်ဆေးဝါးများ။
(၇)တရားမဝင်သောမူးယစ်ဆေးများကြောင့် ရုတ်တရက်သွေးတိုးခြင်း
ဥပမာ- Amphetamines( စိတ်ကြွရူးသွပ်ဆေးပြား), Cocaine (ကိုကင်း)
(၈)ဆေးလိပ်သောက်ခြင်းဟာလည်း သွေးတိုးစေပါတယ်။ ပါဝင်တဲ့ နီကိုတင်းဓာတ်ဟာ ပုံမှန်လုပ်ငန်းဆောင်တာတွေလုပ်ကိုင်နေတဲ့သွေးကြောတွေကို မူမမှန်ပြောင်းလဲစေပါတယ်။ ရောင်ရမ်းမှုတွေဖြစ်စေပြီး သွေးကြောနံရံတွေကိုမာလာစေပါတယ်။
(၉)စိတ်ဖိစီးခြင်းနှင့် စိတ်လှုပ်ရှားခြင်း
(၁၀)ငန်သောအစားအသောက်များစားမိခြင်းဟာလည်း ရေကိုဆွဲသော sodium ဓာတ်ကြောင့် ရုတ်တရက်သွေးတိုးစေနိုင်ပါတယ်။
အထက်ဖော်ပြပါအကြောင်းအရာတွေကတော့ သွေးတိုးရောဂါအဖြစ်များတဲ့လူတွေအကြောင်းနဲ့ ရုတ်တရက်သွေးတိုးစေတဲ့အခြေအနေတွေကို ရေးသားဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။
Source: မောင်(ဆေး-၁) (My Doctor)
(zawgyi)
--------
႐ုတ္တရက္ ေသြးတိုးေစေသာ အေျခအေနမ်ား
ေသြးတိုးေရာဂါအျဖစ္မ်ားတဲ့လူေတြအေၾကာင္း၊ ႐ုတ္တရက္ေသြးတိုးရတဲ့အေၾကာင္းအရင္းေတြကို အဓိကေရးသားေဖာ္ျပသြားမွာ ျဖစ္ပါတယ္။
ဘယ္လိုလူေတြမွာ ေသြးတိုးႏိုင္သလဲ?
အသက္အရြယ္ရလာတာနဲ႔အမွ် ေသြးတိုးျဖစ္ႏိုင္ေျခမ်ားလာပါတယ္။ အသက္ ၆၄ မတိုင္ခင္မွာ အမ်ိဳးသားက ေသြးတိုးပိုအျဖစ္မ်ားၿပီး အသက္ ၆၅ ႏွစ္ေနာက္ပိုင္းမွာေတာ့ အမ်ိဳးသမီးက ပိုၿပီးေသြးတိုးေရာဂါျဖစ္ႏိုင္ေျခပိုမ်ားပါတယ္။ မိသားစုထဲမွာ ေသြးတိုးေရာဂါရာဇဝင္ရွိရင္လည္း မိမိမွာေသြးတိုးျဖစ္ႏိုင္ပါတယ္။
ခႏၶာကိုယ္အေလးခ်ိန္မ်ားလြန္းၿပီး ဝေလေလ တစ္ရႉးေတြဆီကို ေအာက္ဆီဂ်င္နဲ႔ အာဟာရဓာတ္ေတြသယ္ဖို႔ ေသြးမ်ားမ်ားလိုေလေလပါပဲ။ ေသြးပမာဏမ်ားလာတဲ့အခါမွာ ေသြးေၾကာနံရံေတြေပၚကို ဖိအားေတြမ်ားလာၿပီး ေသြးတိုးႏိုင္ပါတယ္။ ေဆးလိပ္၊ေဆးရြက္ႀကီးေသာက္တဲ့အခါ ပါဝင္တဲ့ဓာတုပစၥည္းေတြက ေသြးေၾကာနံရံေတြကိုဖ်က္ဆီးပါတယ္။ ေသြးေၾကာနံရံေတြက်ဥ္းလာတဲ့အခါမွာ ေသြးတိုးေရာဂါနဲ႔အတူ ႏွလံုးေရာဂါပါျဖစ္ေစပါတယ္။ ကိုယ္တိုင္ေဆးလိပ္မေသာက္ရင္ေတာင္ တစ္ဆင့္ခံရႉ႐ွိဳက္ရရင္လည္း ေဆးလိပ္ေသာက္တဲ့လူကဲ့သို႔ ေရာဂါရႏိုင္ပါတယ္။ စားေသာက္တဲ့အစားအစာမွာ Sodium (ဆားဓာတ္)အငန္ဓာတ္ပါဝင္မႈမ်ားရင္ ကိုယ္ခႏၶာမွာ ေရဆြဲထားၿပီး ေသြးတိုးေစပါတယ္။
ပိုတက္ဆီယမ္ဟာ ဆဲလ္ေတြထဲမွာ Sodium ဓာတ္ညီမွ်ဖို႔ ကူညီေပးပါတယ္။ Potassium လံုေလာက္ေအာင္မစားတဲ့အခါ ဆဲလ္ေတြထဲမွာ Sodium ေတြမ်ားလာၿပီး ေသြးတိုးေရာဂါျဖစ္ႏိုင္ပါတယ္။ အရက္ေသာက္ျခင္းဟာ လူ႔ရဲ႕အသည္းနဲ႔ ႏွလံုးကို ပ်က္စီးေစပါတယ္။အရက္ေၾကာင့္ ေသြးတိုးေရာဂါျဖစ္ေစႏိုင္ပါတယ္။ စိတ္ဖိစီးမႈအလြန္မ်ားလာရင္ ခ်က္ခ်င္းေသြးတိုးလာတတ္ပါတယ္။ စိတ္ဖိစီးတာကို ေျဖေလွ်ာ့နည္းမွားယြင္းစြာ ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္း၊ အစားအလြန္စားျခင္းနဲ႔ ေျဖေလွ်ာ့ရင္ေတာ့ ေသြးတိုးေရာဂါပိုျဖစ္ႏိုင္ပါတယ္။
ကိုယ္ဝန္ေဆာင္မိခင္မ်ားလည္း ေသြးတိုးႏိုင္ေျခရွိပါတယ္။ ေသြးတိုးေရာဂါျဖစ္ရတဲ့အေၾကာင္းရင္းႏွစ္ခုရွိပါတယ္။ အဲဒီႏွစ္ခုကေတာ့
Primary (Essential) Hypertension
အရြယ္ေရာက္ၿပီးသားလူေတြမွာျဖစ္တဲ့ ေသြးတိုးေရာဂါကို ဘာအေၾကာင္းေၾကာင့္ျဖစ္တယ္ဆိုၿပီး အေၾကာင္းရင္းအတိအက်ရွာလို႔မရပါဘူး။ အဲဒီလိုေသြးတိုးတာကို Primary Hypertension လို႔ေခၚပါတယ္။ ႏွစ္ေတြရွည္ၾကာတဲ့အထိ ေရာဂါျဖစ္တတ္ပါတယ္။
Secondary Hypertension
အခ်ိဳ႕လူေတြမွာေတာ့ နဂိုေရာဂါအခံတစ္ခုခုေၾကာင့္ေသြးတိုးတတ္ပါတယ္။ အဲဒါကိုေတာ့ Secondary Hypertension လို႔ေခၚၿပီး ႐ုတ္တရက္ေသြးတိုးတာမ်ိဳးမ်ားပါတယ္။ ႐ုတ္တရက္ေသြးတိုးၿပီး Secondary Hypertension ဝင္ႏိုင္တဲ့အေျခအေနမ်ားကေတာ့
(၁)Obstructive sleep apnoea
လည္ပင္းႂကြက္သားေတြဟာ အိပ္စက္ေနခ်ိန္မွာ ေျဖေလ်ာ့လိုက္ အသက္ရႉလမ္းေၾကာင္းကိုပိတ္ဆို႔လိုက္နဲ႔ ျပတ္ေတာင္းျပတ္ေတာင္းျဖစ္ၿပီး အသက္ရႉရပ္ရပ္သြားတဲ့ အိပ္စက္ျခင္းမူမမွန္မႈေရာဂါေၾကာင့္လည္း Secondary Hypertension ျဖစ္ႏိုင္ပါတယ္။
(၂) ေက်ာက္ကပ္မေကာင္းသူမ်ား
(၃)Adrenal Gland တြင္အက်ိတ္ရွိသူမ်ား
(၄)သိုင္းရြိဳက္ပံုမွန္မဟုတ္ဘဲ ေရာဂါတစ္ခုခု သို႔မဟုတ္ အက်ိတ္ရွိသူမ်ား
(၅)ေသြးေၾကာထဲတြင္ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ပါလာသူမ်ား
(၆)ေဆးဝါးမ်ား၏ေဘးထြက္ဆိုးက်ိဳးမ်ားေၾကာင့္ ႐ုတ္တရက္ေသြးတိုးျခင္းဥပမာ-သေႏၶတားေဆး၊ အေအးမိႏွာေစးေပ်ာက္ေဆးမ်ား၊ အကိုက္အခဲေပ်ာက္ေဆးမ်ား ႏွင့္ အျခားကန္႔သတ္ေဆးဝါးမ်ား။
(၇)တရားမဝင္ေသာမူးယစ္ေဆးမ်ားေၾကာင့္ ႐ုတ္တရက္ေသြးတိုးျခင္း
ဥပမာ- Amphetamines( စိတ္ႂကြ႐ူးသြပ္ေဆးျပား) ,Cocaine (ကိုကင္း)
(၈)ေဆးလိပ္ေသာက္ျခင္းဟာလည္း ေသြးတိုးေစပါတယ္။ ပါဝင္တဲ့ နီကိုတင္းဓာတ္ဟာ ပံုမွန္လုပ္ငန္းေဆာင္တာေတြလုပ္ကိုင္ေနတဲ့ေသြးေၾကာေတြကို မူမမွန္ေျပာင္းလဲေစပါတယ္။ ေရာင္ရမ္းမႈေတြျဖစ္ေစၿပီး ေသြးေၾကာနံရံေတြကိုမာလာေစပါတယ္။
(၉)စိတ္ဖိစီးျခင္းႏွင့္ စိတ္လႈပ္ရွားျခင္း
(၁၀)ငန္ေသာအစားအေသာက္မ်ားစားမိျခင္းဟာလည္း ေရကိုဆြဲေသာ sodium ဓာတ္ေၾကာင့္ ႐ုတ္တရက္ေသြးတိုးေစႏိုင္ပါတယ္။
အထက္ေဖာ္ျပပါအေၾကာင္းအရာေတြကေတာ့ ေသြးတိုးေရာဂါအျဖစ္မ်ားတဲ့လူေတြအေၾကာင္းနဲ႔ ႐ုတ္တရက္ေသြးတိုးေစတဲ့အေျခအေနေတြကို ေရးသားေဖာ္ျပေပးထားတာပဲ ျဖစ္ပါတယ္။
Source: ေမာင္(ေဆး-၁) (My Doctor)