What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 May 2018 15:26

သွားတွေကို ပျက်စီးစေနိုင်တဲ့ အလေ့အကျင့်များ

သွားတွေကို ပျက်စီးစေနိုင်တဲ့ အလေ့အကျင့်များ Google.com

နေ့စဉ်သွားတိုက်တဲ့အခါ ပြုလုပ်မိတတ်တဲ့ အလေ့အကျင့် တချို့ဟာ သွားတွေကို ရေရှည်မှာ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ သွားတွေဟာ တကြိမ်ပျက်စီးသွားပြီ ဆိုတာနဲ့ သဘာဝအတိုင်း ပြန်လည်ကောင်းမွန်ဖို့ ဆိုတာဟာ ခက်ခဲလှတာကြောင့် သတိမထားမိဘဲ ပြုလုပ်မိတတ်တဲ့ သွားတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အလေ့အကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

() နေ့စဉ်သွားတိုက်တဲ့အခါ သွားတွေကို ဖိပြီးတိုက်ခြင်းဟာ သွားတွေရဲ့အပေါ်ယံကြွေလွှာကို ပျက်စီးစေနိုင်ပြီး သွားဖုံးတွေကို ရောင်ရမ်းစေနိုင်တာကြောင့် သွားတွေကိုဖိပြီး မတိုက်သင့်ပါဘူး။

() သွားတိုက်တံနဲ့ သွားတိုက်ခြင်းဟာ သွားကြားထဲမှာရှိတဲ့ အညစ်အကြေးတွေကို မဖယ်ရှားပေးနိုင်ပါဘူး။ သင်ဟာ သွားကျန်းမာရေးကို ဂရုစိုက်သူတယောက်ဆိုရင်တော့ သွားတိုက်တံနဲ့ သွားတိုက်ခြင်းအပြင် သွားပွတ်ကြိုးတွေကိုပါ အသုံးပြုသင့်ပါတယ်။

() သကြားအစားများခြင်းဟာလည်း သွားတွေကိုထိခိုက်ပျက်စီးစေနိုင်တဲ့ အကြောင်းအရာတွေထဲမှာ ပါဝင်ပါတယ်။ သွားတွေကို ဘယ်လိုပဲတိုက်နေပါစေ၊ အချိုတွေကို အလွန်အကျွံ စားသုံးနေမယ်ဆိုရင်တော့ ရေရှည်မှာသွားတွေကို ထိခိုက်ပျက်စီးစေမှာပဲ ဖြစ်ပါတယ်။

() လက်သည်းကိုက်ခြင်းဟာ သွားတွေကိုထိခိုက်ပျက်စီးစေနိုင်တဲ့ အလေ့အထတခုပဲ ဖြစ်ပါတယ်။ လက်သည်း ကိုက်တဲ့အခါ အပေါ်သွားနဲ့ အောက်သွားတွေကို ဖိပြီးအားစိုက်ကာ အသုံးပြုရတာဖြစ်တာကြောင့် သွားတွေကို ပျက်စီးစေနိုင်ပါတယ်။

() သွားတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အဓိကအကြောင်းရင်းထဲမှာ သွားတိုက်ဆေးဟာလည်း အပါအဝင်ပဲဖြစ်ပါတယ်။ မိမိနဲ့အဆင်ပြေတဲ့ သွားတိုက်ဆေးအမျိုးအစားကို ရွေးချယ်အသုံးပြုသင့်ပြီး သွားတွေသန့်ရှင်းစေဖို့ သွားတိုက်ဆေး အများကြီးသုံးဖို့ မလိုအပ်ပါဘူး။

() အစာစားပြီးတိုင်း သွားကြားထိုးတံနဲ့ သွားကြားထိုးခြင်းဟာ သွားဖုံးရောဂါကို ရစေနိုင်ပြီး မသန့်ရှင်းတဲ့ သွားကြားထိုး တံကြောင့် သွားဖုံးမှာပြည်တည်တာမျိုးတွေ ဖြစ်ပေါ်နိုင်ပါတယ်။

Source:".irrawaddy"

Read:ဖ်ားနားတဲ့အခ်ိန္မစားသင့္တဲ့ အစားအစာ ၅ မ်ိဳး

ဖ်ားနားတဲ့အခ်ိန္မစားသင့္တဲ့ အစားအစာ ၅ မ်ိဳး

 

Read times Last modified on Monday, 28 May 2018 16:13
Rate this item
(1 Vote)