What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 June 2022 14:23

ကျောက်ကပ် ပျက်စီးကို လျော့ချနိုင်မည့် နည်းလမ်းများ

ကျောက်ကပ်ဆိုတာ လူ့ခန္ဓာကိုယ် ကျန်းမာရေးအတွက် သာမက ဆီးလမ်းကြောင်းဆိုင်ရာအတွက်ပါ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ဒါကြောင့် ကျောက်ကပ် ပျက်စီးကို လျော့ချနိုင်မည့် နည်းလမ်းများ ကိုဖော်ပြထားပါတယ်။

မလိုအပ်ဘဲဆေး အလွန်ကျွံသောက်ခြင်း

အကိုက်ခဲပျောက်ဆေးအုပ်စုဝင်ဖြစ်တဲ့ ibuprofen နဲ naproxen ဆေးများကို ခဏခဏ သောက်သုံးစွဲခြင်း ဒါမှမဟုတ် သတ်မှတ်ထားတဲ့ အကြိမ်ရေထက် ပိုစွဲမိရင် ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။ proton pump inhibitors (PPIs) ကို နာကျင်ခြင်းအတွက် သောက်သုံးတာကလည်း နာတာရှည် ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်တယ်။ တစ်ကယ်လို့ သောက်သုံးဖို့ လိုအပ်လာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သုံးသင့်ပါတယ်။

ပိုးသတ်ဆေးများ သောက်သုံးခြင်း

ဘတ်တီးရီးယား တိုက်ဖျက်တဲ့ ဆေးဝါးများကို လိုအပ်တာထက်ပိုအသုံးရင်လည်း ကျောက်ကပ်ကို ပျက်စီးနိုင်တဲ့အပြင် ကျောက်ကပ်နဲ့ ဆက်သွယ်သော ဆီးလမ်းကြောင်းများကိုပါ ထိုခိုက်စေနိုင်ပါတယ်။ Cephalosporins ၊ sulfonamaides ၊ penicillin ကဲ့သို့သော ပိုးသတ်ဆေးဝါးများကလည်း ရည်ရှည်မှာ ကျောက်ကပ် ကို ပျက်စီးဖြစ်ပေါ်စေနိုင်သောကြောင့် အလွန်ကျွံ သောက်သုံးခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။

ကျန်းမာသော အစားအသောက်များ စားခြင်း

ကျောက်ကပ်ရောဂါက အချိုဓာတ် ၊ အငန်ဓာတ် နဲ့ အဆီဓာတ် စတဲ့ နေ့စဉ်အစားအသောက်များကလည်း ကျောက်ကပ်ပျက်စီးခြင်း ဖြစ်ပွားစေနိုင်ပါတယ်။ အိပ်ယာဝင်ချိန် အစာစားခြင်းကလည်း ကျောက်ကပ်ဆိုင်ရာ ရောဂါများ အပြင် အဝလွန်ခြင်း ၊ ဆီးချိုသွေးချို နဲ့ သွေးခုန်နှုန်းများ ထိခိုက်နိုင်ပါတယ်။ ကျန်းမာရေးအတွက်ကောင်းသော အရွက်များ ၊ အသီးများ ၊ အစေ့များ နဲ့ အစားအသောက်များကို စားသုံးပေးဖြင့်အား ကျောက်ကပ်ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

အငန်ဓာတ်များ စားသုံးခြင်း

အငန်ဓာတ်က လူများကို မတူညီသော ကွဲပြားမှု နဲ့ အကျိုးသကစေနိုင်တဲ့အပြင် ယူရင်းအထဲမှာရှိတဲ့ ပရိုတင်းဓာတ်များပမာဏ ကို မြင့်တတ်စေနိုင်ပါတယ်။ ဒါ့အပြင် အလွန်ကျွံစားမိရင်တော့ ကျောက်ကပ် ရောဂါကို ဖြစ်ပေါ်စေနိုင်ပါသလို အငန်ဓာတ်များခြင်းက သွေးတိုး နှင့် ဆီးချိုသွေးချို ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျောက်ကပ် ပျက်စီးခြင်းဖြစ်ပေါ်ပါက ဆေးကုသမှုကို ခံယူခြင်းမရှိလျှင် ရည်ရှည်မှာ ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ရေကို လုံလောက်စွာသောက်သုံးခြင်း
ရေကို လုံလုံလောက်သောက်သုံးခြင်းကလည်း ကျောက်ကပ်ရောဂါဖြစ်ခြင်းကို လျော့ချပေးနိုင်ပါတယ်။ ရေကိုလုံလောက်စွာ သောက်သုံးခြင်းနည်းရင်တော့ ရောဂါကူးဆက်ခြင်း ၊ ကျောက်ကပ်ခြောက်သွေ့ခြင်း နဲ့ ကျောက်ကပ်အတွင်းရှိ သေးငယ်သောဇာကာပေါက် လေးများက ကောင်းမွန်စွာ လုပ်နိုင်စွမ်း လျော့နည်းသွားနိုင်ပါတယ်။ တစ်ရက်ကို ရေ (၁)တစ်လီတာ သောက်သုံးခြင်းက လည်းကျောက်ကပ် အတွင်းရှိ အညစ်အကြေးများကို သန့်စင်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်း

လေ့ကျင့်ခန်းပြုလုပ်ခြင်း ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှု့ အတွက် အကောင်းဆုံးနည်းလမ်းဖြစ်သလို ၊ ကျောက်ကပ် ပျက်စီးခြင်း ၊ နှလုံးရောဂါဖြစ်ခြင်း နဲ ဆီးချိုသွေးချိုရောဂါ ဖြစ်ခြင်းများကိုလည်း လျော့ချနိုင်ပါတယ်။ နေ့တိုင်း GYM ကစားခြင်း မပြုလုပ်နိုင်ရင်လည်း ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းကလည်း ကျောက်ကပ်ဖြစ်ခြင်းကို လျော့ချနိုင်ပါတယ်။ တစ်ပတ်ကို ၅ ရက် တစ်ရက်ကို ၃၀မိနစ် - ၆၀ မိနစ် ပုံမှန်ပြု လုပ်ပေးသင့်ပါတယ်။ သင့်မှာ နှလုံးရောဂါရှိတယ်ဆိုရင်တော့ လေ့ကျင့်ခန်း မပြုလုပ်ခင် ဆရာဝန်များနဲ့ တိုင်ပင်ပြီးမှ လေ့ကျင့်ခန်းကို ပြုလုပ်သင့်ပါတယ်။

အရက်သောက်ခြင်း

ကျန်းမာရေးအတွက် အရက်သောက်သုံးရင်တော့ တစ်ခွက် (သို့) နှစ်ခွက်လောက်သာသောက် သုံးခြင်းက ကျောက်ကပ်ကို မထိခိုက်နိုင်သော်လည်း လိုတာထက် ပိုသောက်မယ်ဆိုရင်တော့ ကျောက်ကပ်၊ ခန္ဓာကိုယ် အစိတ်အပိုင်း နဲ့ နာတာရှည်ရောဂါများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အရက်သောက်ခြင်းက ရေဓာတ်ခန်းခြောက်ခြင်း ၊ ကျောက်ကပ် ကောင်းစွာအလုပ်မလုပ်ခြင်း နဲ့ ခန္ဓာကိုယ်အဆီပိတ်ခြင်း ၊ အသဲရောဂါ ၊ သွေးတိုး နဲ့ အခြားစိတ်ဖိစီးမှုများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Written By Health Products Directory

Read times
Rate this item
(1 Vote)