What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 06 March 2019 15:22

ဝဲ ရောဂါ အကြောင်း သိကောင်းစရာ

ဝဲရောဂါဆိုတာ Sarcoptes scabiei ကြောင့်ဖြစ်တဲ့ ကူးစက်တတ်သော အရေပြား ရောဂါ တစ်မျိုးဖြစ်ပါတယ်။

Sarcoptes scabiei အကောင်းလေးများဟာ ပါးစပ် နဲ့ ရှေ့ ခြေထောက်ကို အသုံးပြုပြီး အရေးပြား၏ အပြင်ဆုံးအလွှာထဲသို့ ဝင်ရောက်ပြီး ဥများ ပေါက်ခဲ့ကာ ၃ - ၄ ရက် ကြာလာတဲ့အခါ အရေးပြားထဲသို့ ဝင်လာပြီး အကောင်များ ဖြစ်လာကြပါတယ်။

 

ဝဲ ရောဂါ ဖြစ်ပွားရတဲ့ အကြောင်းရင်းမှာ Sarcoptes scabiei လိုခေါ်တဲ့ ကပ်ပါးကောင်း တစ်မျိုးကြောင့် ဖြစ်ပါတယ်။ ရောဂါပိုးရှိသူ၏ လက်များကို ကြာရှည်စွာ ကိုင်မိခြင်း ၊ ရောဂါပိုးရှိသူ နှင့် လိင်ဆက်ဆံမိခြင်း ၊ ရောဂါပိုးရှိသူ နှင့် အဝတ်အထည် ၊ မျက်နှာသုတ်ပုဝါ နှင့် အိပ်ရာခင်းများ အတူသုံးမိခြင်း တို့ ပြုလုပ်မိလျှင် လူတစ်ဦး မှ တစ်ဦး သို့ ဝဲရောဂါ ကူးစက်စေနိုင်ပါတယ်။

 

ဝဲရောဂါကူးစက်ခံရပြီး နောက် ဝဲ မှ တစ်ဆင့် ပိုးဝင်ရောက်နိုင်ပြီး ကုတ်ခြင်းကြောင့် အရေးပြား ပေါက်ပြဲကာ ထိုမှတစ်ဆင့် ဘက်တီးရီးယားပိုး ဝင်ရောက်နိုင်ပြီး Impetigo ဟုခေါ်သော ရောဂါဖြစ်စေနိုင်ပါတယ်။ ထို့သို့ ဖြစ်ပါက Antibiotics ပဋိဇီဝဆေးများ သောက်ရန် လိုအပ်ပါတယ်။ Crusted Scabies ဝဲရောဂါထက် ပိုမိုပြင်းထန်ကာ အကောင်းပေါင်း သန်းချီရှိနေတက်ပါတယ်။ ခုခံအားနည်းသော လူများ (ကလေး ၊ Down-s syndrome , Parkinson-s disease ရှိသူများ ၊ ကိုယ်ဝန်ဆောင်သည် ၊ အသက်ကြီးသူများ ၊ HIV / AIDS ရှိသူများ ၊ စတီးရွိုက် နှင့် ကင်ဆာဆေး ကုသမှု ခံယူနေသူများ ) တွင် အဖြစ်များတတ်ပါတယ်။

 

Read More : တနေ့ကို ရေ ၈ခွက်သောက်ရင် ရလာမယ့် အကျိုးကျေးဇူးများ

တနေ့ကို ရေ ၈ခွက်သောက်ရင် ရလာမယ့် အကျိုးကျေးဇူးများ

 

ဝဲ ရောဂါဒ လက္ခဏာများကတော့ ယားယံခြင်း ၊ ညဘက်မှ ပိုပြီး ယားယံခြင်း ၊ မယားယံခင် ၄ ပတ် မှ ၆ ပတ် ကြာတတ်ပြီး အရင်တစ်ကြိမ် ဖြစ်ဖူးပါ က ၁ ရက် ၂ ရက် အတွင်း ယားတက်ပါတယ်။  အနီစက်များ ပေါ်လာခြင်း ၊ ခန္ဓာကိုယ် မနှံ့တွင်ပေါ်တက်ပါတယ်။ ဝဲ အဖြစ်များသော နေရာများကတော့ လက်ကြား ၊ ခြေကြား ၊ လက်ဖဝါး ၊ လက်ကောက်ဝတ် ၊ တံတောင် ၊ အမျိုးသမီးများတွင် လိင် အင်္ဂါဝန်းကျင် နေရာများဖြစ်တက်ပါတယ်။

 

ဝဲရောဂါ ကို Permethrin cream နှင့် Malathion lotion များလိမ်၍ ပျောက်ကင်းစေနိုင်ပါတယ်။ အကယ်၍ အိမ်ထောင်ဖက် တစ်ဦးတွင် ဝဲရောဂါ ရှိပါက တခြား အိမ်ထောင်ဖက်တွင်လည်း ရောဂါ လက္ခဏာ ရှိသည်ဖြစ်စေ ၊ မရှိသည် ဖြစ်စေ ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

 

Crusted scabies ကိုမှု Insecticide cream နှင့် Ivermectin ဟု ခေါ်သော ဆေးသောက်၍ ကူသနိုင်ပါတယ်။ ဆေးသောက်ပြီး ၁ လကြာမှ ယားယံခြင်း အရှင်းပျောက်တက်သော်လည်း လိင်အင်္ဂါ တစ်ဝိုက်တွင် ဖြစ်ပါက ထိုထက် ပိုကြာတက်ပါတယ်။ မပျောက်ပါက ဆရာဝန်က တခြားဆေးတစ်မျိုးမျိုး ပြောင်းခြင်း ၊ Loction ပြောင်းပေးခြင်းတို့ ပြုလုပ်ပေးတက်ပါတယ်။ ဆေးစသည့် နေ့မှစ၍ အိပ်ရာခင်း ၊ မျက်နှာသုတ်ပုဝါ နှင့် ညဝတ်အင်္ကျီ များကို လျှော်ဖွတ်သင့်ပါတယ်။

 

ဝဲ ရောဂါ ပြန်ဖြစ် နှင့် တခြားလူများအား ကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် အဝတ်အထည်များ နှင့် အိပ်ရာခင်းမျးကို ရေကူ နှင့် ဆပ်ပြာကိုသုံး၍ လျှော်ပွတ်ခြင်း နှင့် အပူချိန်မြင့်မြင့် နှင့် အခြောက်ခံခြင်း ၊ မလျှော်ဖြစ်သော အဝတ်များကို ပလပ်စတစ် တစ်အိတ်ထဲတွင် ထည့်၍ ၂ ပတ်ခန့် အလုံထည့်ခြင်းဖြင့်လည်းကောင်း အကောင်များကို သေစေနိုင်ပါတယ်။ ဝဲရောဂါ ဖြစ်နေသောသူသည် အခြားသူများ နှင့် ထိတွေ့ခြင်း ၊ လိင်ဆက်ဆံခြင်းတို့ကို ရှောင်ကြဉ်ဖို့ အရေးကြီးပါတယ်။

 

Source: Healthcare.com.mm

Health Products Directory

Read times
Rate this item
(1 Vote)