What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 07 December 2019 10:34

လိင္ကတစ္ဆင့္ ကူးစက္ေသာ ေရာဂါမ်ား

၁။ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြဆုိတာ ဘာေတြလဲ

HIV ပုိး၊ အသည္းေရာင္အသား၀ါ ဘီပုိး၊ စီပိုး၊ ဂႏုိ၊ ဆီးပူေညာင္းက်၊ ဆစ္ဖလစ္၊ လိင္အဂၤါေရယုန္၊ လိင္အဂၤါၾကြက္ႏုိ႕ စတဲ့ ေရာဂါေတြကို ေျပာတာပါ။ အမ်ိဳးသမီးေတြမွာ ျဖစ္တတ္တဲ့ သားအိမ္ေခါင္းကင္ဆာေရာဂါဟာလည္း လိင္ကတစ္ဆင့္ ကူးစက္တဲ့ HPV (Human Papilloma Virus) ေၾကာင့္ ျဖစ္ရတာပါပဲ။

 

ဒီေရာဂါေတြက ေသြးနဲ႕ထိေတြ႕ရင္း ကူးတာ၊ ကုိယ္၀န္ေဆာင္မိခင္ကေန သေႏၶသားဆီ ကူးတာေတြ ရွိေပမယ့္ မ်ားေသာအားျဖင့္ေတာ့ အကာအကြယ္မဲ့ လိင္ဆက္ဆံရာကတစ္ဆင့္ ကူးစက္တယ္။ ေရာဂါပုိး၀င္ရာလမ္းေၾကာင္းေတြက လိင္အဂၤါမွာရွိတဲ့ အေရျပားနဲ႕ အေျမွးပါးေတြ၊ စအိုလမ္းေၾကာင္းနဲ႕ ခံတြင္းက အေျမွးပါးေတြကတစ္ဆင့္ ၀င္ေရာက္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္မုိ႕ စအုိကတစ္ဆင့္ ဆက္ဆံမယ္၊ ပါးစပ္နဲ႕ ဆက္ဆံမယ္ဆုိလည္း ဒီေရာဂါပိုးေတြ ကူးစက္ႏုိင္ပါတယ္။

 

၂။ ဒီျပႆနာ ဘယ္ေလာက္ၾကီးလဲ

ကာလသားေရာဂါေတြဟာ အင္မတန္မွကို အေရးၾကီးတဲ့ ျပည္သူ႔က်န္းမာေရး ျပႆနာတစ္ရပ္အျဖစ္ ကမာၻမွာေရာ၊ ကၽြန္ေတာ္တုိ႕ျမန္မာႏုိင္ငံမွာပါ သတ္မွတ္ထားပါတယ္။ ေရာဂါပုိး ငုပ္လွ်ိဳးေနသူ၊ ျဖစ္ရက္နဲ႕ ကုသမႈ မခံယူေတြလည္း အမ်ားၾကီးရွိေနပါတယ္။ အဲဒီလို ကုသမႈ မခံယူမိဘူးဆုိရင္ ေနာက္ဆက္တြဲ ဆုိးက်ိဳးေတြျဖစ္တဲ့ နာတာရွည္ သားအိမ္ေရာင္တာ၊ ကေလးအေသ ေမြးတာ၊ သားသမီး မရႏုိင္ေတာ့တာမ်ိဳးေတြ ၾကံဳေတြ႕ရႏုိင္ပါတယ္။ ဒါေၾကာင့္မို႕ တကယ့္ကို သတိထားသင့္တဲ့ ေရာဂါတစ္ခု ျဖစ္ပါတယ္။

 

၃။ ဘယ္လိုလကၡဏာေတြ ျပတတ္လဲ

လိင္အဂၤါ အနာေပါက္ျခင္း ၊ လိင္တံထိ္ပ္မွ ျပည္ထြက္ျခင္း၊ အျဖဴရည္က်ျခင္း ၊ ဆီးသြားလွ်င္ နာက်င္ျခင္း ၊ ၾကြက္ႏုိ႕ေပါက္ျခင္း ၊ ေပါင္ၿခံအၾကိတ္ထြက္ျခင္း ၊ မိန္းမကုိယ္ယားယျခင္း၊ အၿဖဴဆင္းျခင္း၊ အနံ႕နံျခင္း ၊ အမ်ိဳးသမီးေတြမွာ ၀မ္းဗုိက္ေအာက္ပုိင္း နာက်င္ကုိက္ခဲျခင္း စတဲ့ပံုစံေတြနဲ႕ ျပတတ္ပါတယ္။ မ်ားေသာအားျဖင့္ အမ်ိဳးသားေတြမွာေတာ့ ပိုးကူးစက္ခံလိုက္ရရင္ ေရာဂါလကၡဏာ ျပတာမ်ားေပမယ့္ အမ်ိဳးသမီးေတြမွာ ငုပ္လွ်ိဳးေနတတ္ပါတယ္။ ဒီအတြက္ လကၡဏာျပလာရင္ အျမန္ဆံုးေဆးကုသမႈ ခံယူပါ။ တကယ္လုိ႕ အကာအကြယ္မဲ့ လိင္ဆက္ဆံမိတာမ်ားရွိခဲ့ရင္လည္း လကၡဏာ ဘာမွမျပရင္ေတာင္ စစ္ေဆးမႈ ခံယူဖုိ႕ လိုပါတယ္။ အထူးသျဖင့္ အမ်ိဳးသမီးေတြဆုိ ပုိသတိထားသင့္လို႕ပါ။

"ကင္ဆာ ေရာဂါကို ၈၀ % ေလွ်ာ့ခ်ေပးမယ့္ ဘဝေနထိုင္မႈပံုစံ " ဖတ္ရႈရန္ ႏွိပ္ပါ။

ကင္ဆာ ေရာဂါကို ၈၀ % ေလွ်ာ့ခ်ေပးမယ့္ ဘဝေနထိုင္မႈပံုစံ

၄။ ဘယ္ေနရာေတြမွာ ကုသလို႕ရသလဲ

ျမိဳ႕နယ္ေဆးရံုေတြမွာ ကာလသားေရာဂါ တုိက္ဖ်က္ေရးဌာနေတြ ရွိသလို NGO ေဆးခန္းေတြလည္း ရွိပါတယ္။ အဲဒီမွာ သြားေရာက္ကုသမႈ ခံယူလုိ႔ရပါတယ္။ ပိုးသတ္ေဆးေပးမယ္။ ကုိယ့္ရဲ႕ အတူေန လိင္ဆက္ဆံေဖာ္ကုိလည္း ေဆးကုေပးတယ္။ ေဆးကုသမႈအျပင္ ကြန္ဒံုးေတြလည္း ေပးမယ္၊ သံုးပံုသံုးနည္း မသိရင္လည္း သင္ေပးတယ္၊ လိုအပ္ရင္ ေသြးစစ္ေပးတယ္၊ ႏွစ္သိမ့္ေဆြးေႏြးမႈေတြလည္း လုပ္ေပးပါတယ္။ ဒါေၾကာင့္မုိ႕ ေဆးျမီးတုိေတြေသာက္၊ ဟိုလူ႕ေမး ဒီလူ႕ေမး လုပ္ေနမယ့္အစား စနစ္တက် ကုေပးႏုိင္တဲ့ေနရာေတြမွာ သြားျပတာ ပုိေကာင္းပါတယ္။

 

၅။ ဒီေရာဂါေတြ မကူးေအာင္ ဘယ္လိုကာကြယ္မလဲ

ဒီအပိုင္းကေတာ့ အသိေစခ်င္ဆံုးအပုိင္း ျဖစ္ပါတယ္။ ျဖစ္မွကုမယ့္အစား မျဖစ္ခင္ကတည္းက ကာကြယ္ႏုိင္ရင္ သိပ္ေကာင္းတာေပါ့။ တကယ္ဆို ျဖစ္လာရင္ ဘယ္သူမွလည္း ေဆးမကုခ်င္ပါဘူး၊ ဘာလို႕ဆုိေတာ့ ရွက္တာကုိး။ အဲဒီေတာ့ ေနာက္ဆက္တြဲျပႆနာေတြ တက္လာတယ္၊ ကုိယ့္အိမ္ေထာင္ဖက္ဆီလည္း ကူးသြားတယ္။ ဒါေၾကာင့္မုိ႕ မျဖစ္ခင္မွာ ေသခ်ာေလး စနစ္တက် ကာကြယ္ေစခ်င္ပါတယ္။

 

တကယ္ေတာ့ ဒီေရာဂါေတြ ကူးစက္မခံရေအာင္ အေကာင္းဆံုးကာကြယ္ေပးႏုိင္တဲ့ နည္းလမ္းက လိင္ကိစၥေတြ မလုပ္ဖုိ႕ပါ။ တစ္လင္တစ္မယားစနစ္ က်င့္သံုးၾကမယ္၊ လူငယ္ေတြအေနနဲ႕လည္း လိင္ကိစၥ ေရွာင္ႏုိင္မယ္ဆုိရင္ ဒီေရာဂါေတြလည္း ကူးစက္ႏုိင္ေခ် တအားနည္းသြားမွာပါ။

 

တကယ္လုိ႕မ်ား မေရွာင္ႏုိင္လုိ႕ ရွိလာခဲ့မယ္ဆုိရင္ေတာ့ အကာအကြယ္မဲ့ လိင္ဆက္ဆံမႈ ဘယ္ေတာ့မွ မလုပ္မိဖို႕ သတိထားရပါလိမ့္မယ္။ လိင္ဆက္ဆံတဲ့အခါတုိင္း ကြန္ဒံုးသံုးဖို႕ လုိတယ္။ တစ္ၾကိမ္တည္းပါဆုိျပီး မေပါ့မိဖုိ႕ လိုပါတယ္။

အသံုးျပဳရတာလည္း လြယ္ကူတယ္။ အဓိက မွတ္ဖုိ႕ကေတာ့ စျပီး အတူေနကတည္းက စြပ္ဖုိ႕ပါ။ ဘာလုိ႕ဆုိေတာ့ သုက္ရည္က ျပီးမွထြက္တယ္ဆုိေပမယ့္ ဆက္ဆံေနတုန္းမွာလည္း ထြက္တတ္တယ္။ ဒါေၾကာင့္မုိ႕ အျပင္ထုတ္တဲ့နည္းက ကိုယ္၀န္တားဖုိ႕အတြက္လည္း စိတ္မခ်ရသလို၊ ေရာဂါပုိး မကူးစက္ေအာင္လည္း ကာကြယ္မေပးႏုိင္ဘူး။

 

ေနာက္ စိတ္အပူလြန္ျပီးလည္း ႏွစ္ထပ္မစြပ္ပါနဲ႕ အဲဒါက ကြန္ဒံုးပိုေပါက္တတ္တယ္။ တကယ္လို႕ လြယ္လြယ္ကူကူမ်ား ၀ယ္မရျဖစ္ေနရင္လည္း တစ္ခါတည္းပါ လို႕ ဘယ္ေတာ့မွ မေတြးလိုက္ပါနဲ႕။ စိတ္ကလည္း တအားျပင္းထန္ေနတယ္ဆို ထုိးသြင္းဆက္ဆံျခင္း မဟုတ္တဲ့၊ လက္နဲ႕လုပ္တာ၊ ရင္သားနဲ႕လုပ္တာ၊ ဒီနည္းေတြနဲ႕ အစားထုိးထြက္ေပါက္ေပးႏုိင္ပါတယ္။

 

ဒါေၾကာင့္မို႕ အႏွစ္ျပန္ခ်ဳပ္ရရင္ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြဟာ အေတာ္ေလး ေတြ႕ရမ်ားေနသလို၊ ေနာက္ဆက္တြဲျပႆနာလည္း ၾကီးပါတယ္။ ဒီအတြက္ မျဖစ္ခင္ ၾကိဳတင္ကာကြယ္ျခင္းသည္သာ အေကာင္းဆံုးပါ။ ကာကြယ္ဖုိ႕ကေတာ့ နံပါတ္တစ္ လိင္မႈကိစၥကို ေစာင့္ထိန္းပါ၊ နံပါတ္ႏွစ္ ဆက္ဆံမိတုိင္း ကြန္ဒံုးသံုးပါ၊ နံပါတ္သံုး မေတာ္တဆ အကာအကြယ္မဲ့ ဆက္ဆံမိခဲ့ရင္လည္း ေဆးကုသမႈ ခံယူပါ၊ ေသြးစစ္ေဆးပါ။

 

Dr.Phio Thi Ha


(Unicode)

=======

လိင်ကတစ်ဆင့် ကူးစက်သော ရောဂါများ

၁။ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေဆိုတာ ဘာတွေလဲ

HIV ပိုး၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ ဂနို၊ ဆီးပူညောင်းကျ၊ ဆစ်ဖလစ်၊ လိင်အင်္ဂါရေယုန်၊ လိင်အင်္ဂါကြွက်နို့ စတဲ့ ရောဂါတွေကို ပြောတာပါ။ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ သားအိမ်ခေါင်းကင်ဆာရောဂါဟာလည်း လိင်ကတစ်ဆင့် ကူးစက်တဲ့ HPV (Human Papilloma Virus) ကြောင့် ဖြစ်ရတာပါပဲ။

 

ဒီရောဂါတွေက သွေးနဲ့ထိတွေ့ရင်း ကူးတာ၊ ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသားဆီ ကူးတာတွေ ရှိပေမယ့် များသောအားဖြင့်တော့ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တယ်။ ရောဂါပိုးဝင်ရာလမ်းကြောင်းတွေက လိင်အင်္ဂါမှာရှိတဲ့ အရေပြားနဲ့ အမြှေးပါးတွေ၊ စအိုလမ်းကြောင်းနဲ့ ခံတွင်းက အမြှေးပါးတွေကတစ်ဆင့် ဝင်ရောက်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စအိုကတစ်ဆင့် ဆက်ဆံမယ်၊ ပါးစပ်နဲ့ ဆက်ဆံမယ်ဆိုလည်း ဒီရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။

 

၂။ ဒီပြဿနာ ဘယ်လောက်ကြီးလဲ

ကာလသားရောဂါတွေဟာ အင်မတန်မှကို အရေးကြီးတဲ့ ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် ကမ္ဘာမှာရော၊ ကျွန်တော်တို့မြန်မာနိုင်ငံမှာပါ သတ်မှတ်ထားပါတယ်။ ရောဂါပိုး ငုပ်လျှိုးနေသူ၊ ဖြစ်ရက်နဲ့ ကုသမှု မခံယူတွေလည်း အများကြီးရှိနေပါတယ်။ အဲဒီလို ကုသမှု မခံယူမိဘူးဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ နာတာရှည် သားအိမ်ရောင်တာ၊ ကလေးအသေ မွေးတာ၊ သားသမီး မရနိုင်တော့တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့်မို့ တကယ့်ကို သတိထားသင့်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

 

၃။ ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ

လိင်အင်္ဂါ အနာပေါက်ခြင်း ၊ လိင်တံထိပ်မှ ပြည်ထွက်ခြင်း၊ အဖြူရည်ကျခြင်း ၊ ဆီးသွားလျှင် နာကျင်ခြင်း ၊ ကြွက်နို့ပေါက်ခြင်း ၊ ပေါင်ခြံအကြိတ်ထွက်ခြင်း ၊ မိန်းမကိုယ်ယားယခြင်း၊ အဖြူဆင်းခြင်း၊ အနံ့နံခြင်း ၊ အမျိုးသမီးတွေမှာ ဝမ်းဗိုက်အောက်ပိုင်း နာကျင်ကိုက်ခဲခြင်း စတဲ့ပုံစံတွေနဲ့ ပြတတ်ပါတယ်။ များသောအားဖြင့် အမျိုးသားတွေမှာတော့ ပိုးကူးစက်ခံလိုက်ရရင် ရောဂါလက္ခဏာ ပြတာများပေမယ့် အမျိုးသမီးတွေမှာ ငုပ်လျှိုးနေတတ်ပါတယ်။ ဒီအတွက် လက္ခဏာပြလာရင် အမြန်ဆုံးဆေးကုသမှု ခံယူပါ။ တကယ်လို့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိတာများရှိခဲ့ရင်လည်း လက္ခဏာ ဘာမှမပြရင်တောင် စစ်ဆေးမှု ခံယူဖို့ လိုပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဆို ပိုသတိထားသင့်လို့ပါ။

"ကင်ဆာ ရောဂါကို ၈၀ % လျှော့ချပေးမယ့် ဘဝနေထိုင်မှုပုံစံ " ဖတ်ရှုရန် နှိပ်ပါ။

ကင္ဆာ ေရာဂါကို ၈၀ % ေလွ်ာ့ခ်ေပးမယ့္ ဘဝေနထိုင္မႈပံုစံ

၄။ ဘယ်နေရာတွေမှာ ကုသလို့ရသလဲ

မြို့နယ်ဆေးရုံတွေမှာ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနတွေ ရှိသလို NGO ဆေးခန်းတွေလည်း ရှိပါတယ်။ အဲဒီမှာ သွားရောက်ကုသမှု ခံယူလို့ရပါတယ်။ ပိုးသတ်ဆေးပေးမယ်။ ကိုယ့်ရဲ့ အတူနေ လိင်ဆက်ဆံဖော်ကိုလည်း ဆေးကုပေးတယ်။ ဆေးကုသမှုအပြင် ကွန်ဒုံးတွေလည်း ပေးမယ်၊ သုံးပုံသုံးနည်း မသိရင်လည်း သင်ပေးတယ်၊ လိုအပ်ရင် သွေးစစ်ပေးတယ်၊ နှစ်သိမ့်ဆွေးနွေးမှုတွေလည်း လုပ်ပေးပါတယ်။ ဒါကြောင့်မို့ ဆေးမြီးတိုတွေသောက်၊ ဟိုလူ့မေး ဒီလူ့မေး လုပ်နေမယ့်အစား စနစ်တကျ ကုပေးနိုင်တဲ့နေရာတွေမှာ သွားပြတာ ပိုကောင်းပါတယ်။

 

၅။ ဒီရောဂါတွေ မကူးအောင် ဘယ်လိုကာကွယ်မလဲ

ဒီအပိုင်းကတော့ အသိစေချင်ဆုံးအပိုင်း ဖြစ်ပါတယ်။ ဖြစ်မှကုမယ့်အစား မဖြစ်ခင်ကတည်းက ကာကွယ်နိုင်ရင် သိပ်ကောင်းတာပေါ့။ တကယ်ဆို ဖြစ်လာရင် ဘယ်သူမှလည်း ဆေးမကုချင်ပါဘူး၊ ဘာလို့ဆိုတော့ ရှက်တာကိုး။ အဲဒီတော့ နောက်ဆက်တွဲပြဿနာတွေ တက်လာတယ်၊ ကိုယ့်အိမ်ထောင်ဖက်ဆီလည်း ကူးသွားတယ်။ ဒါကြောင့်မို့ မဖြစ်ခင်မှာ သေချာလေး စနစ်တကျ ကာကွယ်စေချင်ပါတယ်။

 

တကယ်တော့ ဒီရောဂါတွေ ကူးစက်မခံရအောင် အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ နည်းလမ်းက လိင်ကိစ္စတွေ မလုပ်ဖို့ပါ။ တစ်လင်တစ်မယားစနစ် ကျင့်သုံးကြမယ်၊ လူငယ်တွေအနေနဲ့လည်း လိင်ကိစ္စ ရှောင်နိုင်မယ်ဆိုရင် ဒီရောဂါတွေလည်း ကူးစက်နိုင်ချေ တအားနည်းသွားမှာပါ။

 

တကယ်လို့များ မရှောင်နိုင်လို့ ရှိလာခဲ့မယ်ဆိုရင်တော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ဘယ်တော့မှ မလုပ်မိဖို့ သတိထားရပါလိမ့်မယ်။ လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးဖို့ လိုတယ်။ တစ်ကြိမ်တည်းပါဆိုပြီး မပေါ့မိဖို့ လိုပါတယ်။

အသုံးပြုရတာလည်း လွယ်ကူတယ်။ အဓိက မှတ်ဖို့ကတော့ စပြီး အတူနေကတည်းက စွပ်ဖို့ပါ။ ဘာလို့ဆိုတော့ သုက်ရည်က ပြီးမှထွက်တယ်ဆိုပေမယ့် ဆက်ဆံနေတုန်းမှာလည်း ထွက်တတ်တယ်။ ဒါကြောင့်မို့ အပြင်ထုတ်တဲ့နည်းက ကိုယ်ဝန်တားဖို့အတွက်လည်း စိတ်မချရသလို၊ ရောဂါပိုး မကူးစက်အောင်လည်း ကာကွယ်မပေးနိုင်ဘူး။

 

နောက် စိတ်အပူလွန်ပြီးလည်း နှစ်ထပ်မစွပ်ပါနဲ့ အဲဒါက ကွန်ဒုံးပိုပေါက်တတ်တယ်။ တကယ်လို့ လွယ်လွယ်ကူကူများ ဝယ်မရဖြစ်နေရင်လည်း တစ်ခါတည်းပါ လို့ ဘယ်တော့မှ မတွေးလိုက်ပါနဲ့။ စိတ်ကလည်း တအားပြင်းထန်နေတယ်ဆို ထိုးသွင်းဆက်ဆံခြင်း မဟုတ်တဲ့၊ လက်နဲ့လုပ်တာ၊ ရင်သားနဲ့လုပ်တာ၊ ဒီနည်းတွေနဲ့ အစားထိုးထွက်ပေါက်ပေးနိုင်ပါတယ်။

 

ဒါကြောင့်မို့ အနှစ်ပြန်ချုပ်ရရင် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေဟာ အတော်လေး တွေ့ရများနေသလို၊ နောက်ဆက်တွဲပြဿနာလည်း ကြီးပါတယ်။ ဒီအတွက် မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးပါ။ ကာကွယ်ဖို့ကတော့ နံပါတ်တစ် လိင်မှုကိစ္စကို စောင့်ထိန်းပါ၊ နံပါတ်နှစ် ဆက်ဆံမိတိုင်း ကွန်ဒုံးသုံးပါ၊ နံပါတ်သုံး မတော်တဆ အကာအကွယ်မဲ့ ဆက်ဆံမိခဲ့ရင်လည်း ဆေးကုသမှု ခံယူပါ၊ သွေးစစ်ဆေးပါ။

Read times
Rate this item
(1 Vote)