What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 29 November 2022 14:23

ပါကစ္စတန်နိုင်ငံ၌ သီတင်းသုံးပတ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် အနည်းဆုံး ၂၀ သေဆုံး

ပါကစ္စတန်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ အရေအတွက်မြင့်တက်လာခြင်းကြောင့် လွန်ခဲ့သည့် သီတင်းသုံးပတ်အတွင်း ပါကစ္စတန်နိုင်ငံ၏ ဒေသအသီးသီးတွင် သွေးလွန်တုပ်ကွေး ရောဂါဖြင့်သေဆုံးသူ အနည်းဆုံး ၂၀ရှိ‌ကြောင်း ဒေသဆိုင်ရာကျန်းမာရေးဌာနများက သတင်း ထုတ်ပြန်ထားပါသည်။

အဆိုပါ သီတင်းသုံးပတ်အတွင်း ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်အရှေ့ပိုင်းတွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၁၅ဦး၊ ဆင်းပြည်နယ်တောင်ပိုင်းတွင် သုံးဦးနှင့် ခိုင်ဘာပက်တွန်ခွာပြည်နယ် အနောက်မြောက်ပိုင်းတွင် နှစ်ဦးအသီးသီး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအာဏာကိုင်များက နိုဝင်ဘာ ၂၆ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရသိရသည်။

လွန်ခဲ့သည့် တစ်ရက်အတွင်း ပန်ဂျပ်ပြည်နယ်တစ်ခုတည်းအတွင်းမှာပင် သွေးလွန်တုပ်ကွေးရောဂါ ကြောင့် လေးဦး သေဆုံးခဲ့ပြီး ပြည်နယ်တစ်ဝန်းတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူပေါင်း ၄၅ဦးရှိလာကြောင်း ပြည်နယ်ကျန်းမာရေးဌာနက ပြောကြားထားပါသည်။ ပန်ဂျပ်ပြည်နယ်တွင် လက်ရှိ အချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၁၈၄၈၇ဦး ရှိသွားပြီး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆင်းပြည်နယ်၌ လွန်ခဲ့သည့်တစ်ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၄ဦး တွေ့ရှိခြင်းကြောင့် ဆင်းပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၄ဦး တွေ့ရှိခြင်းကြောင့် ဆင်းပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၂၂၀၃၈ ဦးရှိလာကြောင်းနှင့် သေဆုံးသူပေါင်း ၆၁ဦးရှိခဲ့သည်။

မြို့တော် အစ္စလာမ္မာဘတ်တွင်မူ လွန်ခဲ့သည့်တစ်ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ လေးဦး ထပ်မံတွေ့ရှိပြီး မြို့တော်တစ်ဝန်းတွင်း ယခုနှစ်အတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူပေါင်း ၅၃၇၈ဦးရှိကာ သေဆုံး သူ ၁၁ဦးရှိကြောင်းသိရပါသည်။

 

 

 

Ref: ရတနာပုံ

Read times Last modified on Tuesday, 29 November 2022 14:31
Rate this item
(0 votes)