What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 23 June 2022 14:03

ဆီးကျောက်တည်ရောဂါ မဖြစ်စေဖို့ ရှောင်ရန်၊ ဆောင်ရန်များ

ဆီးကျောက်တည်ရောဂါ မဖြစ်စေဖို့ ရှောင်ရန်၊ ဆောင်ရန်များ McCaffrey Health Center

ကျောက်တည်ရောဂါဆိုတာ ဆီးထဲမှာပါတဲ့ ဓာတ်ပစ္စည်းတွေကို ကျောက်ကပ်က ကြေညက်အောင် မချက်နိုင်တဲ့ အခါမှာ အချိန်ကြာလာတာနဲ့အမျှ ကျောက်ခဲစလေးတွေလို အသွင်ပြောင်းပြီး ဆီးလမ်းကြောင်းကို ဒုက္ခပေးခြင်းကို ကျောက်တည်ခြင်းလို့ ခေါ်ပါတယ်။

ဒီကျောက်တည်ရောဂါ မဖြစ်စေဖို့ အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။

ဆီးကျောက်တည်ခြင်းကို ဖြစ်စေသောအရာများ

၁. ရေလုံလောက်စွာ မသောက်ခြင်း

ရေလုံလောက်စွာ မသောက်ခြင်းဟာလည်း ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေပါတယ်။ ရေဓာတ်ပြည့်ဝနေမှ ကျောက်ကပ်နဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ပုံမှန် အလုပ်လုပ်နိုင်တာ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ငန်းတွေ ထိခိုက်မှုရှိတဲ့အခါ ကျောက်တည်ရောဂါဖြစ်ဖို့ နီးစပ်ပါတယ်။

၂. အဖျော်ယမကာနှင့် ဆိုဒါကဲ့သို့သော အချိုရေများ သောက်ခြင်း

အရက်ကဲ့သို့သော အဖျော်ယမကာတွေဟာ အသည်းနဲ့ ကျောက်ကပ်ကို တိုက်ရိုက်ဆိုးကျိုးပေးပါတယ်။ ဒါ့အပြင် ဆိုဒါကဲ့သို့သော် အချိုရေများမှာ ကျောက်ကပ်ကို ပို့လွှတ်ပေးတဲ့ ကယ်လ်စီယံဓာတ်တွေကို နှောက်ယှက်ပြီး ကျန်မားရေးဆိုးဝါးစေပါတယ်။

၃. ကွမ်းစားခြင်း

ကွမ်းစားခြင်းသည်လည်း ကျောက်တည်ရောဂါကို ဖြစ်စေပါတယ်။ ကွမ်းထဲမှာပါတဲ့ ထုံးမှာ ကယ်လ်စီယံဓာတ် ပါဝင်တာမှန်ပေမယ့် အခဲအမှုန်အဖြစ် ပါဝင်လာတဲ့ ထုံးရည်ကိုတော့ ကျောက်ကပ်က ပျော်သွားအောင် မခြေမွနိုင်ပါဘူး။

၄. အရိုးဆဲလ်များကြွပ်ဆပ်ခြင်းနှင့် ကျောက်တည်ရောဂါ

အရိုးဆဲများ ကြွပ်ဆပ်လာခြင်း ဖြစ်လျှင် ကယ်လ်စီယံချို့တဲ့ခြင်းကြောင့် ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးအဖြစ် ဆီးထဲမှာ ကျောက်တည်စေပါတယ်။

အစားအသောက်ဖြင့် ကာကွယ်နိုင်

၁. ရေများများသောက်ပါ။

ကျောက်တည်ရောဂါကို ကာကွယ်ဖို့အတွက် ရေဓာတ်မပြတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် နေ့စဉ် ရေ 1.5 လီတာမှ 2 လီတာအထိ သောက်ပေးဖို့ လိုအပ်ပါတယ်။

၂. Magnesium/ကယ်လ်စီယမ် ကြွယ်ဝသောအစားစာများကို စားပါ။

စားသင့်တဲ့အစားအစာတွေကတော့ မဂ္ဂနီစီယံနဲ့ ကယ်လ်ဆီယံကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ အထူးသဖြင့် အသီးအရွက်များများနဲ့ သားငါး အနည်းဆီ စားပေးနိုင်ပါတယ်။

၃. အချိုယမကာကို ရှောင်ပါ။

အရက်နဲ့ဆိုဒါကဲ့သို့သော အချိုရည်များကို ရှောင်ပါ။ ဒါပေမယ့် ဘီယာကိုတော့ သောက်ပေးသင့်တယ်လို့ ဆေးပညာရှင်အချို့က အဆိုပြုပါတယ်။ ဘီယာသောက်ခြင်းဟာ ဆီးကို ရွှင်စေပြီး ကျောက်ကို ကျေမွှစေတယ်လို့လည်း အခြားစစ်တမ်းတစ်ရပ်မှာ ဆိုထားတာ တွေ့ရပါသေးတယ်။

Additional Info

  • Sidebar Banner: 4378-heart-diesase-clues
Read times Last modified on Monday, 04 July 2022 13:05
Rate this item
(1 Vote)