What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 22 September 2022 11:28

ကလေးဝမ်းချုပ်ခြင်း အကြောင်းသိကောင်းစရာ

ကလေးဝမ်းချုပ်ခြင်း အကြောင်းသိကောင်းစရာ Google.com

ဝမ်းချုပ်ခြင်းဆိုတာဝမ်းမှန်မှန် မသွားခြင်း၊ ဝမ်းသွားမှန်ပေမယ့်လည်းဝမ်းပမာဏနည်းခြင်းတို့ ဖြစ်ပါတယ်။

 

နို့ဘူးစို့ ကလေးငယ်တွေနဲ့ ဖြည့်စွက်စာကျွေးခါစအရွယ်တွေမှာကျွေးတဲ့ အစားအစာမှာဟင်းသီးဟင်းရွက် ထည့်သွင်းကျွေးမွေးမှု နှုန်းနည်းပါးလို့ ဝမ်းမာလာသလိုအသီးအရွက် ပါဝင်မှုနှုန်းနည်းလို့ ဝမ်းသွားတဲ့ ပမာဏနည်းသွားရတယ်။ ရေသောက်နည်းရင်လည်းဝမ်းချုပ်တတ်ပါတယ်။

 

ရောဂါလက္ခဏာများ

- ဝမ်းမာပြီးစမြင်းတုံးဖြစ်ခြင်း၊ ဝမ်းဗိုက်အောက်ပိုင်းနာခြင်းနဲ့ ကလေးရဲ့ ဘောင်းဘီမှာ သွေးစတွေ့ရခြင်း စသည်တို့ဟာလည်း ဝမ်းချုပ်တာကြောင့် ဖြစ်ပါတယ်။ ဝမ်းဖောဝမ်းရောင် မဖြစ်စေဖို့ ဝမ်းချူပေးသင့် ပြီးတစ်ခါတစ်လေဝမ်းချုပ်ခြင်းကစိုးရိမ်စရာမရှိပေမယ့် ဝမ်းနဲ့အတူသွေးပါလာပါကကျန်းမာရေးအရ ပြဿနာရှိနိုင်ပါတယ်။ မိဘတွေကကလေးငယ်ကိုအချိန်မှန်မှန် ဝမ်းတည်ပေးရပါ့မယ်။ နာကျင်မှုမရှိစေဖို့ ကလေးကိုညှစ်ပြီး ဝမ်းသွားစေခြင်းကို ရှောင်သင့်တယ်။ ဝမ်းချူဘောလုံးနဲ့ ချူပေးဖို့လည်းလိုပါတယ်။ ကလေးကိုကျွေးတဲ့ အစားအစာမှာလည်းဟင်းသီးဟင်းရွက် များများပါ ရပါမယ်။ ရေများများတိုက်သင့်ပါတယ်။ 

 

ဆရာဝန်ထံပြသသင့်

- ဝမ်းသွားမယ့်လမ်းကြောင်းမှာ စမြင်းတုံးဖြစ်ပြီးပိတ်နေပါက စမြင်းတုံးဖယ်ပေးပြီး ရေများများတိုက်ပေးပြီး ဝမ်းမှန်စေရပါမယ်။ဝမ်းချူလို့မရဘဲဝမ်းမသွားပါကသက်ဆိုင်ရာဆရာဝန်ထံပြသသင့်ပါတယ်။

 

ဆရာဝန်လုပ်ဆောင်ချက်

- ကလေးခံစားနေရတဲ့ရောဂါဝေဒနာကို ပျောက်ကင်းစေဖို့အန္တရာယ်မရှိနိုင်တဲ့ ဝမ်းပျော့ဆေးကို ညွှန်ပေးနိုင်ပါတယ်။ လေးစအိုမှာကွဲကြောင်းဖြစ်တဲ့အထိရောဂါလက္ခဏာရှိရင်ဆရာဝန်ကကလေးစအိုဝကိုသေသေချာချာစစ်ဆေးကြည့်ရပါမယ်။အနာရှိပါကအနာကျက်တဲ့လိမ်းဆေးအဆီတစ်မျိုးမျိုးကိုလိမ်းပေးသင့်ပါတယ်။

Kalar-Lay.jpg

 

 

မိဘများကိုအကြံဉာဏ်ပေးခြင်း

- ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ကလေးကို ဝမ်းနုတ်ဆေး မတိုက်ကျွေးသင့်ပါဘူး။ ကလေးကိုဂရုစိုက်ပြီး ဝမ်းတည်ပေးရပါမယ်။ အရည်များများတိုက်ကျွေးပေးရပါမယ်။ ဝမ်းမသွားလို့ဝမ်းချူမယ်ဆိုရင် သင်္ဘောရိုးငယ်နဲ့ဆပ်ပြာရည်သွင်းပေးပြီး ဝမ်းချူနိုင်သလို ကလေးဝမ်းချူဘောလုံးတစ်လုံးသုံးပြီး ချူပေးနိုင်ပါတယ်။ ထိခိုက်မှုမရှိစေဖို့လည်းဂရုစိုက်သင့်ပါတယ်။ ကလေးမူကြိုအရွယ်ကျောင်းပို့ရင်လည်း အိမ်မှာဝမ်းတည်ပြီးမှ ပို့ဖို့လိုပါတယ်။ ဒါမှမဟုတ် မူကြိုကျောင်းမှာ တည်ခိုင်းဖို့လိုပါတယ်။

 

ကျောင်းမသွားမီနဲ့ကျောင်းဆင်းချိန်တိုင်းမှာ ဝမ်းတည်ပေးတဲ့အလေ့အကျင့်ကို လုပ်ပေးရပါမယ်။ အသီးအရွက်နဲ့ငှက်ပျောသီးတစ်လုံးကိုနေ့စဉ်ကျွေးသင့်ပြီး တတ်နိုင်သလောက် သဘာဝအတိုင်း ဝမ်းသွားနိုင်စေဖို့ လေ့ကျင့်ပေးဖို့လိုပါတယ်။

 

Myanmar Health Products Guide

Read times
Rate this item
(1 Vote)