What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 24 November 2022 14:07

ရင်သားကင်ဆာရောဂါ ပြန်လည်သက်သာလာသူလူနာများ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သေဆုံးနိုင်ခြေ လျှော့ချနိုင်

တစ်ပတ်လျှင်အချိန်အနည်းငယ်ပေး၍ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခဲ့လျှင်ပင် ရင်သားကင်ဆာရောဂါ ပြန်လည်သက်သာ ကောင်းမွန်လာသူများ ရင်သားကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေကို ၆၀ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း The Daily Mail သတင်းစာတွင်ရေးသားဖော်ပြထားသည်။

အမေရိကန် သုတေသနပညာရှင်မျာသည် ပြီးခဲ့သည့်နှစ်နှစ်အတွင်း ရောဂါစစ်ဆေးတွေ့ရှိပြီးနောက် ရောဂါ သက်သာလာသည့် ရင်သားကင်ဆာလူနာ ၃၁၅ဦး တို့ကို လေ့လာခဲ့ကြသည်။

လေ့လာမှုမှထွက်ပေါ်လာသည့် ရလဒ်များအရ တစ်ပတ်လျှင်အနည်းဆုံး ၁၅မိနစ်အချိန်ပေး၍ လေ့ကျင့် ပြုလုပ်သူလူနာများတွင် ရင်သားကင်ဆာကြောင့် သေဆုံးနိုင်ခြေမှာ လေ့ကျင့်ခန်းမလုပ်သူ၊ ထိထိရောက်ရောက် မလုပ်သူများထက် ၆၀ရာခိုင်နှုန်း ပိုနည်းပါးကြောင်း သိရသည်။

သို့ဖြစ်ရာ ရင်သားကင်ဆာရောဂါမှ ပြန်လည်သက်သာလာသူ လူနာများ၏ ဘ၀သက်တမ်းကို ဆန့်ထုတ်ပေးရေးအတွက် ပုံမှန်ကုထုံးများ၌ လေ့ကျင့်ခန်းပြုလုပ်မှုကိုပါ ထည့်သွင်းပေးထား သင့်ကြောင်း အမေရိကန်သုတေသနပညာရှင်များက အကြံပြုထားသည်။

ရင်သားကင်ဆာရောဂါသည် ကမ္ဘာပေါ်၌ အဖြစ်အများဆုံး ကင်ဆာရောဂါများထဲတွင် ပါဝင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

၂၀၂၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ အမျိုးသမီး ၂ဒသမ ၃သန်း ရင်သားကင်ဆာ ရောဂါခံစားခဲ့ရပြီး ၆၈၅၀၀၀ ဆုံးပါးခဲ့ရကြောင်း သိရသည်။

 

 

 

Ref: ရတနာပုံ

 

Read times Last modified on Thursday, 24 November 2022 14:50
Rate this item
(0 votes)