What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 10 March 2020 16:07

အစာအိမ်ချဉ်ပေါက်ရောဂါ အကြောင်းသိကောင်းစရာ

အစာအိမ်က ခန္ဓာကိုယ်အတွင်း အစာချေလုပ်ငန်းကို အဓိကလုပ်ဆောင်ရတယ်။

အစာအိမ်က ခန္ဓာကိုယ်ရဲ့ အာဟာရဓာတ်များသိုလှောင် ထုတ်လုပ်ပေးတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ နေ့စဉ်စားသုံးသော အစားအစာများကို အစာအိမ်က ချေဖျက်ပြီး အာဟာရများထုတ်လုပ်ခြင်းနဲ့ အညစ်အကြေးများ စွန့်ထုတ်ခြင်းကို ပြုလုပ်ပေးပါတယ်။ ဒါကြောင့် အစာမစားတာ ၊ အစားအသောက်မှားတာ များကြောင့် ဗိုက်နာတာ ၊ အစာအိမ်ရောဂါ နဲ့ အစာအိမ်ချဉ်ပေါက်ရောဂါ များကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အစာအိမ်ချဉ်ပေါက်ခြင်းဆိုတာ အစာအိမ်ရေမျိုအောက်ပိုင်းရှိ ကြွက်သားများ အားနည်းခြင်းမှ အစာအိမ်အတွင်း အက်စစ်ရည်များ အပေါ်လျှံတက်ခြင်းကို ခေါ်ပါတယ်။

 

အစာအိမ်ချဉ်ပေါက်ခြင်း လက္ခဏာများ

ဝမ်းဗိုက်ကပူတာ ၊ ရင်ပူတာ ၊ လေခဏခဏတက်တာ၊ ပျို့အန်တာ ၊ အစာစားချိန် ဝမ်းဗိုက်အောင့်တာ ၊ ခံတွင်းအနံ့ဆိုးတာ၊ ရင်ဘတ်အောင့်တာ ၊ အစာမကျေတာ ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ အစာစားပြီး ပြန်အန်တာ ၊ အဖျားတက်တာ စတဲ့လက္ခဏာများဖြစ်ပေါ် စေနိုင်ပါတယ်။

 

Healthcare Services (ကျန်းမာရေး စောင့်ရှောက်မှုပေးသော ဆေးခန်း ၁၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Healthcare Services

 

အစာအိမ်ချဉ်ပေါက်ရောဂါ ဖြစ်ပေါ်စေတဲ့ အကြောင်းများ

အပူအစပ်အလွန်စားတာ ၊ အရက် အလွန့်အကျွံ့သောက်တာ ၊ စိတ်ဖီစီးမှုများတာ ၊ အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံ့သောက်သုံးတာ ၊ အစာအိမ်ရောဂါ အခံရှိတာ ၊ အစာအိမ်ပိုးဝင်တာ၊ အစားအစာများကို မြန်မြန်စားတာ၊ ကွမ်းစားတာ ၊ အစာစားပြီးချက်ခြင်း ပြေးတာ၊ ခုန်တာ များကြောင့် အစာအိမ်ချဉ်ပေါက်ရောဂါကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အစာအိမ်ချဉ်ပေါက်ရောဂါက အစာချေစနစ် ချို့ယွင်းခြင်းကြောင့်လည်း ဖြစ်ပေါ်စေပါတယ်။


အစာအိမ်ချဉ်ပေါက်ရောဂါ ကုသနည်း

မုန်လာဥနီနဲ့ ငှက်ပျော်သီးရောဖျော်သောက်တာ ၊ နွားနို့ နဲ့ ပျားရည်ဖျော်သောက်သုံးတာ၊ ဂျင်းကိုရေနွေးဖြင့် စိမ်သောက်ပေးခြင်းဖြင့်လည်း အစာအိမ်ချဉ်ပေါက်ရောဂါကို သက်သာစေနိုင်ပါတယ်။ 


အစာအိမ်ချဉ်ပေါက်ရောဂါကို ဆရာဝန်နဲ့ စစ်ဆေးပြီး မက်ထရို ၊ အမောက်ဆလင် ၊ ရယ်နီတီဒင်း ဆေးများကို ဆရာဝန်ရဲ့ လမ်းညွှန်ချက် များအတိုင်းသောက်သုံးပေးခြင်းဖြင့် ကုသနိုင်ပါတယ်။ ဒါအပြင် လိုအပ်ရင် ခွဲစိတ်ကုသတာ၊ မှန်ပြောင်းမှတစ်ဆင့်ကုသတာ စတဲ့ နည်းလမ်းများဖြင့် ကုသနိုင်ပါတယ်။

Written By Health Products Directory

 

(Zawgyi)

=====

အစာအိမ္ခ်ဥ္ေပါက္ေရာဂါ အေၾကာင္းသိေကာင္းစရာ

 

အစာအိမ္က ခႏၶာကိုယ္အတြင္း အစာေခ်လုပ္ငန္းကို အဓိကလုပ္ေဆာင္ရတယ္။အစာအိမ္က ခႏၶာကိုယ္ရဲ႔ အာဟာရဓာတ္မ်ားသိုေလွာင္ ထုတ္လုပ္ေပးတဲ့ အရာတစ္ခုလည္းျဖစ္ပါတယ္။ ေန႕စဥ္စားသံုးေသာ အစားအစာမ်ားကို အစာအိမ္က ေခ်ဖ်က္ၿပီး အာဟာရမ်ားထုတ္လုပ္ျခင္းနဲ႔ အညစ္အေၾကးမ်ား စြန္႔ထုတ္ျခင္းကို ျပဳလုပ္ေပးပါတယ္။ ဒါေၾကာင့္ အစာမစားတာ ၊ အစားအေသာက္မွားတာ မ်ားေၾကာင့္ ဗိုက္နာတာ ၊ အစာအိမ္ေရာဂါ နဲ႔ အစာအိမ္ခ်ဥ္ေပါက္ေရာဂါ မ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။ အစာအိမ္ခ်ဥ္ေပါက္ျခင္းဆိုတာ အစာအိမ္ေရမ်ိဳေအာက္ပိုင္းရွိ ၾကြက္သားမ်ား အားနည္းျခင္းမွ အစာအိမ္အတြင္း အက္စစ္ရည္မ်ား အေပၚလွ်ံတက္ျခင္းကုိ ေခၚပါတယ္။

 

အစာအိမ္ခ်ဥ္ေပါက္ျခင္း လကၡဏာမ်ား

၀မ္းဗိုက္ကပူတာ ၊ ရင္ပူတာ ၊ ေလခဏခဏတက္တာ၊ ပ်ိဳ႔အန္တာ ၊ အစာစားခ်ိန္ ၀မ္းဗိုက္ေအာင့္တာ ၊ ခံတြင္းအနံ႔ဆိုးတာ၊ ရင္ဘတ္ေအာင့္တာ ၊ အစာမေက်တာ ၊ ရင္ျပည့္ရင္ကယ္ျဖစ္တာ၊ အစာစားၿပီး ျပန္အန္တာ ၊ အဖ်ားတက္တာ စတဲ့လကၡဏာမ်ားျဖစ္ေပၚ ေစႏိုင္ပါတယ္။

 

Healthcare Services (က်န္းမာေရး ေစာင့္ေရွာက္မႈေပးေသာ ေဆးခန္း ၁၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Healthcare Services

 

အစာအိမ္ခ်ဥ္ေပါက္ေရာဂါ ျဖစ္ေပၚေစတဲ့ အေၾကာင္းမ်ား

အပူအစပ္အလြန္စားတာ ၊ အရက္ အလြန္႔အကၽြံ႔ေသာက္တာ ၊ စိတ္ဖီစီးမႈမ်ားတာ ၊ အကိုက္အခဲေပ်ာက္ေဆးမ်ား အလြန္အကၽြံ႔ေသာက္သံုးတာ ၊ အစာအိမ္ေရာဂါ အခံရွိတာ ၊ အစာအိမ္ပိုး၀င္တာ၊ အစားအစာမ်ားကို ျမန္ျမန္စားတာ၊ ကြမ္းစားတာ ၊ အစာစားၿပီးခ်က္ျခင္း ေျပးတာ၊ ခုန္တာ မ်ားေၾကာင့္ အစာအိမ္ခ်ဥ္ေပါက္ေရာဂါကို ျဖစ္ေပၚေစႏိုင္ပါတယ္။ အစာအိမ္ခ်ဥ္ေပါက္ေရာဂါက အစာေခ်စနစ္ ခ်ိဳ႕ယြင္းျခင္းေၾကာင့္လည္း ျဖစ္ေပၚေစပါတယ္။

 

အစာအိမ္ခ်ဥ္ေပါက္ေရာဂါ ကုသနည္

မုန္လာဥနီနဲ႔ ငွက္ေပ်ာ္သီးေရာေဖ်ာ္ေသာက္တာ ၊ ႏြားႏို႔ နဲ႔ ပ်ားရည္ေဖ်ာ္ေသာက္သံုးတာ၊ ဂ်င္းကိုေရေႏြးျဖင့္ စိမ္ေသာက္ေပးျခင္းျဖင့္လည္း အစာအိမ္ခ်ဥ္ေပါက္ေရာဂါကုိ သက္သာေစႏုိင္ပါတယ္။


အစာအိမ္ခ်ဥ္ေပါက္ေရာဂါကို ဆရာ၀န္နဲ႔ စစ္ေဆးၿပီး မက္ထရို ၊ အေမာက္ဆလင္ ၊ ရယ္နီတီဒင္း ေဆးမ်ားကို ဆရာ၀န္ရဲ႔ လမ္းညႊန္ခ်က္ မ်ားအတိုင္းေသာက္သံုးေပးျခင္းျဖင့္ ကုသႏိုင္ပါတယ္။ ဒါအျပင္ လိုအပ္ရင္ ခဲြစိတ္ကုသတာ၊ မွန္ေျပာင္းမွတစ္ဆင့္ကုသတာ စတဲ့ နည္းလမ္းမ်ားျဖင့္ ကုသႏိုင္ပါတယ္။

Written By Health Products Directory

Read times Last modified on Tuesday, 10 March 2020 16:19
Rate this item
(1 Vote)