What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 02 December 2022 13:32

WHO က မျောက်ကျောက်ရောဂါကို Mpox ကျောက်ရောဂါအဖြစ်အမည်သစ်ပြောင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် မျောက်ကျောက်ရောဂါ (Monkeypox) ကို Mpox ကျောက်ရောဂါ အဖြစ် နိုဝင်ဘာလ ၂၈ရက်နေ့က အမည်သစ်ပြောင်းလဲ လိုက်ကြောင်း The Daily Mail သတင်းစာတွင် ရေးသား တင်ပြထားသည်။

 

မျောက်ကျောက်ရောဂါဟူသော အမည်သည်လူမျိုးရေးခွဲခြားနှိမ့်ချမှုသဘောဆောင်ကြောင်း ကန့်ကွက်ထောက်ပြမှုများ ရှိခဲ့ပြီးနောက် ၎င်းရောဂါကို Mpox ဟူ Who က အမည်ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိကျွမ်းကျင်သူများနှင့် တိုင်ပင်နှီးနှောပြီးနောက်

မျောက်ကျောက်ရောဂါအတွက် အသင့်လျော်ဆုံး အမည်အဖြစ် Mpox ဟူသော အမည်ကို ရွေးချယ်ခဲ့ကြောင်း Who ကြော်ငြာချက်၌ ဖော်ပြထားပါသည်။ မျောက်ကျောက်ရောဂါဟူသည့်အမည်ကို သုံးစွဲမှုလျှော့ချစဉ်အမည်သစ်နှင့် အမည်ဟောင်းနှစ်မျိုးစလုံးကို တစ်နှစ်ကြာသုံးစွဲမည် ဖြစ်ကြောင်း Who

၏အဆိုအရ သိရသည်။

 

Who သည် လာမည့်ရက်များအတွင်း Mpox ကျောက်ရောဂါကို နိုင်ငံတကာ ရောဂါအတန်းအစားများစာရင်း၌ ထည့်သွင်းရန်စီစဉ်ထားကြောင်း သိရသည်။ သို့ရာတွင် မျောက်ကျောက်ရောဂါဟူသော အမည်သည် သမိုင်းဆိုင်ရာ အချက်အလက်များအတွက် ရှာဖွေလေ့လာနိုင်သည့်ဆေးပညာ‌ဝေါဟရအဖြစ် ဆက်ရှိနေမည် ဖြစ်ကြောင်း သိရသည်။ Mpox ကျောက်ရောဂါသည် လက်ရှိအချိန်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာအရ လူပေါင်း ၈၀၀၀၀ကျော် ကူးစက်ခံထားရကြောင်း WHO ကထုတ်ပြန်ထားသည်။

 

 

 

Ref: The Daily Mail

Read times Last modified on Friday, 02 December 2022 13:52
Rate this item
(0 votes)