What's New




Tuesday, 26 December 2023 16:31

မြန်မာနိုင်ငံတွင် တစ်ပတ်အတွင်း ကိုဗစ်လူနာအသစ် တွေ့ရှိမှု မြင့်တက်လာ

မြန်မာနိုင်ငံမှာ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာအသစ် ၂၉ ယောက် တွေ့ရှိပြီး ကိုဗစ်လူနာအသစ် တွေ့ရှိမှုဟာ ယခင်အပတ်ထက် မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက် ည ၈ နာရီကနေ ဒီဇင်ဘာ ၂၄ ရက် ည ၈ နာရီအထိ တစ်ပတ်အတွင်း စစ်ဆေးချက်အရ ကိုဗစ်အတည်ပြုလူနာအသစ် ၂၉ ယောက် တွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ (၂၅) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Toe-Tet-Aung.jpg

Click Here >> Toe Tet Aung

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တစ်ပတ်အတွင်း ဓာတ်ခွဲအတည်ပြု ကိုဗစ်လူနာအသစ် ၇ ယောက်သာ တွေ့ရှိခဲ့ပြီး အခုတစ်ပတ်မှာတော့ ၂၉ ယောက်အထိ တွေ့ရှိရတာကြောင့် ပိုးတွေ့ရာခိုင်နှုန်းကလည်း အရင်တစ်ပတ်ထက် အနည်းငယ် မြင့်တက်လာပါတယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါပိုးကြောင့် သေဆုံးသူတော့ မတွေ့ရှိရသေးကြောင်း သိရပါတယ်။

လက်ရှိကာလမှာ ကမ္ဘာ့နိုင်ငံတချို့တွင် ကိုဗစ်မျိုးကွဲ JN 1 ကူးစက်မှု မြင့်တက်နေတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားဖို့ကို ဌာနအတွင်း အစည်းအဝေးများ ပြုလုပ်ကာ ဆွေးနွေးနေတယ်လိုလည်း သိရပါတယ်။

Source - MyanmaPlatform

Read times Last modified on Tuesday, 26 December 2023 16:57
Rate this item
(0 votes)