What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 17 January 2018 11:24

အကြောင်းအမျိုးမျိုးကြောင့် အိမ်ထဲမှာ အဝတ်လှန်းသူများ သိသင့်သောအချက်များ---

အကြောင်းအမျိုးမျိုးကြောင့် အိမ်ထဲမှာ အဝတ်လှန်းသူများ သိသင့်သောအချက်များ--- google.com

အဝတ်တွေကို အိမ်ထဲမှာလှန်းထားခြင်း၊ အခြောက်ခံခြင်း က သေစေနိုင်လောက်တဲ့ ပန်းနာရင်ကျပ်အန္တရာယ် ဖြစ်လာနိုင်စေ တယ်လို့ ပညာရှင်တစ်ဦးကသတိပေးပါတယ်။

စိုစွတ်တဲ့ပတ်ဝန်းကျင်တွေဟာ မှိုတွေဖြစ်ပေါ်စေတဲ့နေရာအနေအ ထားတွေဖြစ်လာစေပြီးအမှုန်အမွှားတွေ ထွက်ရှိစေတယ်လို့ ကျွမ်းကျင်သုတေသီက ဆိုပါတယ်။
မမြင်နိုင်တဲ့ ၄င်းအမှုန်တွေက ဓာတ်မတည့်မှုတွေ ဒါမှမဟုတ် ပန်းနာ ရင်ကျပ်အန္တရာယ်တွေအထိ ဖြစ်လာစေနိုင်ပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးပိုင်းအရွယ်တွေနဲ့ ကင်ဆာကုထုံးခံယူနေရသူတွေလို ကိုယ်ခံအားနည်းတဲ့ သူတွေမှာအထူးသဖြင့် ပိုသတိထားရပါမယ်။
ဖြစ်နိုင်ရင်အဝတ်တွေကို အပြင်မှာပဲလှန်းသင့်သလို အိမ်ထဲမှာ လေမှုတ်စက်သုံးပြီး လေဝင်လေထွက်ကောင်းအောင်ထားရှိကာ မမြင်နိုင်တဲ့မှိုတွေများမလာအောင် ကြိုတင်ကာကွယ်ပါလို့ သူက အကြံပြုပါတယ်။
ဘာလို့အန္တရာယ်များရတာလဲ---

စွတ်စိုတဲ့ ပတ်ဝန်းကျင်တွေဟာ spores လို့ခေါ်တဲ့အမှုန်တွေကို ထွက်ရှိစေတဲ့မှိုတွေဖြစ်ပေါ်မှုကိုအားပေးတယ်၊ spores တွေက တချို့လူတွေမှာ ဓာတ်မတည့်မှုတွေဖြစ်စေတယ်၊ မှို spores တွေကို ခံနိုင်ရည်မရှိတဲ့ ပန်းနာရင်ကျပ်ရှိသူတချို့အတွက် ဆို ဓာတ်မတည့်မှုလက္ခဏာတွေပိုဆိုးသွားစေတယ်လို့ Asthma Society of Ireland မှ ကျန်းမာရေးမြှင့်တင်မှုမန်နေဂျာဖီနာကန်နီ က ပြောပါတယ်။ Aspergillus fum-igatus ဆိုတာ အဆုတ် ရောဂါတွေဖြစ်စေတဲ့ မှိုတစ်မျိုးဖြစ်ပါတယ်။ ၄င်းမှိုကတစ်နှစ်တာလုံး ပေါက်ဖွားရှင်သန်နိုင်ပေမဲ့ စိုစွတ်တဲ့လတွေမှာပိုများလေ့ရှိပါတယ်။


ပတ်ဝန်းကျင်ကြောင့်ဖြစ်ရတဲ့ ရုတ်တရက် အန္တရာယ်လက္ခဏာမျိုးကို ပန်းနာရင်ကျပ်လူနာတချို့မှာ ခံစားရနိုင်ခြေပိုများပါတယ်။ အဲသည်လူတွေထဲမှာ ကလေးငယ်တွေ၊ သက်ကြီးပိုင်းတွေ၊ ကိုယ်ခံ အားနည်းသူတွေ၊ ပန်းနာရင် ကျပ်အပြင်းစားအဆင့်ရှိသူတွေ၊ အရေ ပြားပြဿနာရှိသူတွေပါဝင်ပါတယ်။

သည်မှိုတွေက မီးဖိုချောင်၊ ရေချိုးခန်းတို့လို မှောင်မိုက်တဲ့ပတ်ဝန်း ကျင်မှာလည်း ဖြစ်လာတတ်တာကိုလည်းသတိထားပါလို့ ကန်နီက ပြောပါတယ်။ အခန်းတွေကို
လေဝင်လေထွက်ကောင်းအောင်ထားရှိပြီး စိုစွတ်ခဲ့ရင် မှိုဖြစ် တည်လာမှုကို ကာကွယ်နိုင်ဖို့ ပန်ကာ၊ လေသန့်စက်တို့ကို သုံးနိုင်ပါတယ်။

မာကျောတဲ့မျက်နှာပြင်တွေမှာရှိတဲ့ မှိုတွေကိုတော့ ရေ၊ ဗီနီဂါ၊ ဆပ်ပြာတို့ရောပြီး ပုံမှန်ဆေးကျောပွတ်တိုက်တဲ့နည်းနဲ့ ဖယ်ရှားနိုင် ပါတယ်။ လေထုညစ်ညမ်းမှုနဲ့
ထိတွေ့ ခဲ့ရတဲ့စိတ် ဖိစီးမှုခံစားနေရသူ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကနေ မွေားဖွားလာတဲ့ကလေးတွေ ဟာ ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေပိုများတယ်လို့ နယူးယောက်မြို့ Mount Sinai ဆေးရုံမှ သုတေသီတွေ၏ စမ်းသပ်မှုတခုအရသိရပါတယ်။
သည်လက္ခဏာတွေရှိတဲ့ မိခင်တွေက မွေးဖွားလိုက်တဲ့ သား ယောကျာ်းလေးတွေဟာ အသက်ခြောက်နှစ်လောက်မှာ ပန်းနာရင်ကျပ်ရောဂါလက္ခဏာပြတတ်တယ်လို့ သုတေသီတွေက တွေ့ရှိ ခဲ့ကြပါတယ်။

Source: Shwe property.com

Read times Last modified on Wednesday, 17 January 2018 14:59
Rate this item
(1 Vote)