What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 24 January 2018 11:38

ကေလးေတြ ဝက္သက္ျဖစ္ၿပီဆိုရင္……

ကေလးေတြ ဝက္သက္ျဖစ္ၿပီဆိုရင္…… google.com

ဝက္သက္ဆိုတာ ဗိုင္းရပ္စ္ ပိုးေၾကာင့္ျဖစ္တဲ့ ကူးစက္ေရာဂါ တစ္မ်ိဳးပါ။ ကေလးေတြမွာအျဖစ္မ်ားပါတယ္။ Paramyxovirus ဆိုတဲ့ RNA အမ်ိဳးအစားဗိုင္းရပ္စ္ေၾကာင့္ျဖစ္တာပါ။

လူတစ္ေယာက္နဲ႔တစ္ေယာက္ဘယ္လိုကူးစက္လဲဆိုေတာ့ ဝက္သက္ေရာဂါ ျဖစ္ေနသူရဲ့ ႏွာေခ် ၊ေခ်ာင္းဆိုးတာကေန ထြက္လာတဲ့ အမွုန္အမႊား(Droplets) ေတြထဲမွာ ေရာဂါပိုးပါလားၿပီး အဲဒီအမွုန္အမႊားေတြကို ရွုမိတဲ့အျခားသူေတြဆီကို ကူးစက္ပ်ံ႕ႏွံ့ပါတယ္။ ဒါေၾကာင့္ Droplet Infection လို႔လည္းေခၚတယ္။ ေလထဲကေနတဆင့္ ကူးစက္တဲ့အတြက္ ကူးစက္ႏႈန္း အရမ္းကိုျမန္ပါတယ္။

Read: ျဖစ္တတ္ေသာအပူေလာင္နာမ်ားႏွင့္ ကုသနည္းမ်ား

ေရာဂါပိုးဝင္တဲ့သူတိုင္း ေရာဂါျဖစ္မယ္လို႔ေတာ့ အတိအက်ေျပာလို႔မရပါဘူး။ ဥပမာ-ဝက္သက္ကာကြယ္ေဆး ႏွစ္ႀကိမ္ထိုးထားၿပီး ခုခံအားအျပည့္အဝရွိသူေတြ နဲ႔ အရင္ျဖစ္ဖူးၿပီး သဘာဝအေလ်ာက္ ကိုယ္ခံအား ရထားတဲ့သူေတြမွာေတာ့ ေရာဂါပိုးဝင္ေသာ္လည္း ဝက္သက္ေရာဂါမျဖစ္ပါ။

measles rash closeup

ဝက္သက္ေရာဂါလကၡဏာမ်ား

ေရာဂါလကၡဏာေတြကေတာ့ ေရာဂါပိုးဝင္ၿပီး ၁၀ရက္ကေန ၁၄ရက္အၾကာမွာ စေပၚပါတယ္။ အရင္ဆုံး ဖ်ားတာ၊ ေခါင္းကိုက္တာ၊ ကိုယ္လက္ကိုက္ခဲတာေတြခံစားရပါတယ္။ ကေလးေတြဆိုရင္ အီေနတာမ်ိဳးရွိနိုင္ပါတယ္။ ေနာက္မွ ဝက္သက္လို႔ေသခ်ာေပါက္နီးပါး ေျပာနိုင္မယ့္ ေခ်ာင္းဆိုးတာ(Cough)၊ ႏွာရည္ယိုတာ(Coryza) နဲ႔ ၊ မ်က္စိနီရဲတာ(Conjunctivitis)ေတြျဖစ္တာပါ။

ကေလးေတြမွာ ဝက္သက္စေပါက္ေပါက္ခ်င္း ဝက္သက္မွန္းသိဖို႔ မလြယ္ပါဘူး။ ရိုးရိုးဖ်ားတာ၊ အေအးမိတာေတြနဲ႔လည္းမွားနိုင္ပါတယ္။ ေခ်ာင္းဆိုတာ၊ ႏွာရည္ယိုတာ၊ မ်က္စိရဲတာ ေပၚတာေတာင္မွ ဝက္သက္လို႔ ၉၀ရာခိုင္ႏွုန္းေလာက္ပဲ ေျပာနိုင္ပါတယ္။

အေရျပားလကၡဏာေတြ ထင္ထင္ရွားရွားေပၚလာမွပဲ ဝက္သက္ေပါက္ၿပီလို႔ ေသခ်ာေျပာနိုင္မွာပါ။ အေရးႀကီးတဲ့လကၡဏာကေတာ့ ပါးေစာင္မွာ ဆားပြင့္ေလးေတြနဲ႔တူတဲ့ အျဖဴစက္ေလးေတြပါ။ ေဆးပညာအရ Koplik’s spots လို႔ေခၚပါတယ္။ သို႔ေသာ္ ဒီဟာက အျပင္းဖ်ားတဲ့အခ်ိန္မွာ ခဏပဲေပၚၿပီး တစ္ရက္ေတာင္မခံဘဲ ျပန္ေပ်ာက္သြားတာမို႔ အမိဖမ္းဖို႔ခက္ပါတယ္။ ဒါေပမယ့္ အဲ့ဒီအျဖဴစက္ေလးေတြကို ပါးေစာင္မွာ ျမင္ရခဲ့ရင္ေတာ့ ဝက္သက္ပဲလို႔ ေစာစီးစြာ ေကာက္ခ်က္ခ်နိုင္ပါတယ္။

ေနာက္အေရျပားလကၡဏာတစ္ခုက ဝက္သက္ဖုေတြ ေပၚလာတာပါ။ မိတ္ဖုလို အနီဖုေလးေတြ အျပင္လိုက္ေပၚလာတာပါ။ သို႔ေသာ္ ဒါက အဖ်ားဝင္ၿပီး ေလးရက္ေျမာက္ေန႔မွာ ေပၚတာမို႔ အဲ့အခ်ိန္က် သိတာ ေတာ္ေတာ္ေနာက္က်သြားပါၿပီ။ နားေနာက္မွာ ဆံစပ္နားမွာအရင္ေပၚၿပီး မ်က္ႏွာ၊ လည္ပင္း ကေန တစ္ကိုယ္လုံးကို ရက္ပိုင္းအတြင္းပ်ံ႕ႏွံ့သြားတာပါ။ စေပၚခါစမွာ အနီျပင္ျဖစ္ေပမယ့္ တျဖည္းျဖည္းနဲ႔ ညိဳသြားပါတယ္။ ယားေပမယ့္ ေပ်ာက္သြားရင္ေတာ့ အမာရြတ္မက်န္တတ္ပါဘူး

ဝက္သက္ဆိုတာ ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တဲ့အတြက္ အဲ့ပိုးကိုသတ္တဲ့ေဆးေတာ့ မရွိေသးပါဘူး။ ဒါေၾကာင့္ အကိုက္အခဲေပ်ာက္ေဆး ကိုယ္ပူက်ေဆးေတြနဲ႔ပဲေစာင့္ၾကည့္ေနရတာမ်ိဳးပါ။ ဝက္သက္ျဖစ္တဲ့ကေလးကို အလင္းေရာင္မွိန္ျပျပအခန္းမွာ ထားေပးတာပိုေကာင္းပါတယ္။ အရည္မ်ားမ်ားတိုက္ဖို႔လိုပါတယ္။ ဗီတာမင္ေအ အားေဆးလည္းေကၽြးနိုင္ပါတယ္။ ပဋိဇီဝပိုးသတ္ေဆး(Antibiotics)ေတြကေတာ့ လိုမွပဲ ဆရာဝန္က ညြန္းေပးမွာပါ။

ကိုယ့္ကေလးမွာ ဝက္သက္ေပါက္ရင္ ေက်ာင္းကိုမလႊတ္ပါနဲ႔။ အျခားကေလးေတြပါ ကူးကုန္မွာစိုးလို႔ပါ။ ဝက္သက္ေပါက္တဲ့ကေလးကို ဝက္သက္ေပ်ာက္တဲ့အထိ တသီးတျခား ျပဳစုေစာင့္ေရွာက္ေပးဖို႔လိုပါတယ္။ ဝက္သက္ဆိုတာအခ်ိန္တန္ရင္(အနီျပင္ေတြထြက္ၿပီးသြားရင္) ျပန္ေကာင္းသြားနိုင္ေပမယ့္ ျဖစ္ေနတဲ့အခါမွာ ေသခ်ာဂ႐ုမစိုက္ေပးရင္ ဆိုးက်ိဳးေတြ က်န္ခဲ့တတ္ပါတယ္။

ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ား

ဝက္သက္ရဲ့ေနာက္ဆက္တြဲဆိုးက်ိဳးေတြကေတာ့ နားျပည္ယိုတာ၊ နမိုးနီးယားအဆုတ္ေရာင္တာ၊ ဦးေႏွာက္ေရာင္တာ၊ ေသြးထဲမွာေသြးဥမႊားနည္းၿပီး ေသြးေျခဥကြက္ေတြ အေရျပားမွာေပၚလာတာ၊ မ်က္ၾကည္လႊာမွာ အနာျဖစ္တာ၊ ပါးေစာင္မွာ ပါးေပါက္နာျဖစ္တာ စသျဖင့္ပါ။ အဲ့အထဲမွာ နမိုးနီးယားအဆုတ္ေရာင္တာက အသက္ကိုရန္ရွာနိုင္သလို ဦးေႏွာက္ေရာင္တဲ့အခါမွာလည္း တက္တာ၊ သတိလစ္တာ၊ ေမ့ေမ်ာသြားတာအျပင္ အသက္ေသဆုံးတာအထိျဖစ္နိုင္ပါတယ္။ ဦးေႏွာက္ေရာင္တာမ်ိဳးက ဝက္သက္ေပ်ာက္ၿပီး ေနာက္မွာလည္းျဖစ္နိုင္တာမို႔ သတိထားရမွာပါ။

အရင္က တီဘီေရာဂါအခံရွိတဲ့သူမွာ ဝက္သက္ေပါက္ခဲ့ရင္ ရွိခဲ့တဲ့ တီဘီေရာဂါျပန္ေပၚလာၿပီး တစ္ကိုယ္လုံးပါ ပ်ံ႕သြားနိုင္ပါတယ္။ အာဟာရခ်ိဳ႕တဲ့ေသာကေလးမ်ား၊ ဗီတာမင္ေအခ်ိဳ႕တဲ့သူမ်ား၊ HIV ပိုးရွိသူမ်ား မွာဝက္သက္ေပါက္ရင္ ပိုသတိထားသင့္ပါတယ္။ ခုနကေျပာတဲ့ ေနာက္ဆက္တြဲေတြ ဝင္နိုင္ေျခပိုမ်ားလို႔ပါ။ ေနာက္ကိုယ္ဝန္ေဆာင္မိခင္ေတြပါ။ ဘာလို႔လဲဆိုေတာ့ ကိုယ္ဝန္ေဆာင္စဥ္မွာ ဝက္သက္ေပါက္ရင္ ကိုယ္ဝန္ပ်က္တာ၊ လမေစ့ဘဲေမြးတာ၊ ေပါင္မျပည့္တာ ေတြျဖစ္နိုင္တာေၾကာင့္ ကိုယ္ဝန္ေဆာင္စဥ္မွာ ဝက္သက္မေပါက္ေအာင္ ဂ႐ုစိုက္ရမွာပါ။

ဝက္သက္ဘယ္လိုကာကြယ္မလဲ။

ကာကြယ္ေဆးထိုးပါ။ ျမန္မာနိုင္ငံမွာေတာ့ ပုံမွန္အေနနဲ႔ကေလးကို ၉လမွာ တစ္ႀကိမ္၊ ၁ႏွစ္ခြဲမွာ တစ္ႀကိမ္ စုစုေပါင္း၂ႀကိမ္ဝက္သက္ကာကြယ္ေဆးထိုးေပးပါတယ္။ ဝက္သက္ပိုးမပ်ံ႕ေအာင္ဘယ္လိုကာကြယ္မလဲဆိုေတာ့ ဝက္သက္ျဖစ္ေနတဲ့ကေလးကို ေက်ာင္း သို႔မဟုတ္ လူအမ်ားရွိတဲ့ေနရာေတြကိုမေခၚသြားပါနဲ႔။ ကေလးကိုလက္မွန္မွန္ေဆးေပးပါ။ ႏွာေခ် ၊ေခ်ာင္းဆိုးပါက တစ္ရွုးနဲ႔ကာပါ။ သုံးၿပီး တစ္ရွုးကို အဖုံးပါေသာ အမွိုက္ပုံးထဲကို ေသခ်ာထည့္ပါ။ မ်က္ႏွာသုတ္ပဝါ တစ္ေယာက္တစ္ထည္စီသုံးပါ။ ကေလးကို အာဟာရျပည့္ေအာင္ ေကၽြးပါ။ အရည္မ်ားမ်ားတိုက္ပါ။

Source : ondoctor

Read: ရုတ္တရက္ေလျဖတ္သြားေသာ လူနာကိုေရွးဦးသူနာျပဳစုနည္းျဖင့္ ကုသနည္း

(Unicode)

ဝက်သက်ဆိုတာ ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ ကလေးတွေမှာအဖြစ်များပါတယ်။ Paramyxovirus ဆိုတဲ့ RNA အမျိုးအစားဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။
လူတစ်ယောက်နဲ့တစ်ယောက်ဘယ်လိုကူးစက်လဲဆိုတော့ ဝက်သက်ရောဂါ ဖြစ်နေသူရဲ့ နှာချေ ၊ချောင်းဆိုးတာကနေ ထွက်လာတဲ့ အမှုန်အမွှား(Droplets) တွေထဲမှာ ရောဂါပိုးပါလားပြီး အဲဒီအမှုန်အမွှားတွေကို ရှုမိတဲ့အခြားသူတွေဆီကို ကူးစက်ပျံ့နှံ့ပါတယ်။ ဒါကြောင့် Droplet Infection လို့လည်းခေါ်တယ်။ လေထဲကနေတဆင့် ကူးစက်တဲ့အတွက် ကူးစက်နှုန်း အရမ်းကိုမြန်ပါတယ်။
ရောဂါပိုးဝင်တဲ့သူတိုင်း ရောဂါဖြစ်မယ်လို့တော့ အတိအကျပြောလို့မရပါဘူး။ ဥပမာ-ဝက်သက်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီး ခုခံအားအပြည့်အဝရှိသူတွေ နဲ့ အရင်ဖြစ်ဖူးပြီး သဘာဝအလျောက် ကိုယ်ခံအား ရထားတဲ့သူတွေမှာတော့ ရောဂါပိုးဝင်သော်လည်း ဝက်သက်ရောဂါမဖြစ်ပါ။
ဝက်သက်ရောဂါလက္ခဏာများ
ရောဂါလက္ခဏာတွေကတော့ ရောဂါပိုးဝင်ပြီး ၁၀ရက်ကနေ ၁၄ရက်အကြာမှာ စပေါ်ပါတယ်။ အရင်ဆုံး ဖျားတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေခံစားရပါတယ်။ ကလေးတွေဆိုရင် အီနေတာမျိုးရှိနိုင်ပါတယ်။ နောက်မှ ဝက်သက်လို့သေချာပေါက်နီးပါး ပြောနိုင်မယ့် ချောင်းဆိုးတာ(Cough)၊ နှာရည်ယိုတာ(Coryza) နဲ့ ၊ မျက်စိနီရဲတာ(Conjunctivitis)တွေဖြစ်တာပါ။
ကလေးတွေမှာ ဝက်သက်စပေါက်ပေါက်ချင်း ဝက်သက်မှန်းသိဖို့ မလွယ်ပါဘူး။ ရိုးရိုးဖျားတာ၊ အအေးမိတာတွေနဲ့လည်းမှားနိုင်ပါတယ်။ ချောင်းဆိုတာ၊ နှာရည်ယိုတာ၊ မျက်စိရဲတာ ပေါ်တာတောင်မှ ဝက်သက်လို့ ၉၀ရာခိုင်နှုန်းလောက်ပဲ ပြောနိုင်ပါတယ်။
အရေပြားလက္ခဏာတွေ ထင်ထင်ရှားရှားပေါ်လာမှပဲ ဝက်သက်ပေါက်ပြီလို့ သေချာပြောနိုင်မှာပါ။ အရေးကြီးတဲ့လက္ခဏာကတော့ ပါးစောင်မှာ ဆားပွင့်လေးတွေနဲ့တူတဲ့ အဖြူစက်လေးတွေပါ။ ဆေးပညာအရ Koplik’s spots လို့ခေါ်ပါတယ်။ သို့သော် ဒီဟာက အပြင်းဖျားတဲ့အချိန်မှာ ခဏပဲပေါ်ပြီး တစ်ရက်တောင်မခံဘဲ ပြန်ပျောက်သွားတာမို့ အမိဖမ်းဖို့ခက်ပါတယ်။ ဒါပေမယ့် အဲ့ဒီအဖြူစက်လေးတွေကို ပါးစောင်မှာ မြင်ရခဲ့ရင်တော့ ဝက်သက်ပဲလို့ စောစီးစွာ ကောက်ချက်ချနိုင်ပါတယ်။
နောက်အရေပြားလက္ခဏာတစ်ခုက ဝက်သက်ဖုတွေ ပေါ်လာတာပါ။ မိတ်ဖုလို အနီဖုလေးတွေ အပြင်လိုက်ပေါ်လာတာပါ။ သို့သော် ဒါက အဖျားဝင်ပြီး လေးရက်မြောက်နေ့မှာ ပေါ်တာမို့ အဲ့အချိန်ကျ သိတာ တော်တော်နောက်ကျသွားပါပြီ။ နားနောက်မှာ ဆံစပ်နားမှာအရင်ပေါ်ပြီး မျက်နှာ၊ လည်ပင်း ကနေ တစ်ကိုယ်လုံးကို ရက်ပိုင်းအတွင်းပျံ့နှံ့သွားတာပါ။ စပေါ်ခါစမှာ အနီပြင်ဖြစ်ပေမယ့် တဖြည်းဖြည်းနဲ့ ညိုသွားပါတယ်။ ယားပေမယ့် ပျောက်သွားရင်တော့ အမာရွတ်မကျန်တတ်ပါဘူး
ဝက်သက်ဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့အတွက် အဲ့ပိုးကိုသတ်တဲ့ဆေးတော့ မရှိသေးပါဘူး။ ဒါကြောင့် အကိုက်အခဲပျောက်ဆေး ကိုယ်ပူကျဆေးတွေနဲ့ပဲစောင့်ကြည့်နေရတာမျိုးပါ။ ဝက်သက်ဖြစ်တဲ့ကလေးကို အလင်းရောင်မှိန်ပြပြအခန်းမှာ ထားပေးတာပိုကောင်းပါတယ်။ အရည်များများတိုက်ဖို့လိုပါတယ်။ ဗီတာမင်အေ အားဆေးလည်းကျွေးနိုင်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေး(Antibiotics)တွေကတော့ လိုမှပဲ ဆရာဝန်က ညွန်းပေးမှာပါ။
ကိုယ့်ကလေးမှာ ဝက်သက်ပေါက်ရင် ကျောင်းကိုမလွှတ်ပါနဲ့။ အခြားကလေးတွေပါ ကူးကုန်မှာစိုးလို့ပါ။ ဝက်သက်ပေါက်တဲ့ကလေးကို ဝက်သက်ပျောက်တဲ့အထိ တသီးတခြား ပြုစုစောင့်ရှောက်ပေးဖို့လိုပါတယ်။ ဝက်သက်ဆိုတာအချိန်တန်ရင်(အနီပြင်တွေထွက်ပြီးသွားရင်) ပြန်ကောင်းသွားနိုင်ပေမယ့် ဖြစ်နေတဲ့အခါမှာ သေချာဂရုမစိုက်ပေးရင် ဆိုးကျိုးတွေ ကျန်ခဲ့တတ်ပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုးများ
ဝက်သက်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကတော့ နားပြည်ယိုတာ၊ နမိုးနီးယားအဆုတ်ရောင်တာ၊ ဦးနှောက်ရောင်တာ၊ သွေးထဲမှာသွေးဥမွှားနည်းပြီး သွေးခြေဥကွက်တွေ အရေပြားမှာပေါ်လာတာ၊ မျက်ကြည်လွှာမှာ အနာဖြစ်တာ၊ ပါးစောင်မှာ ပါးပေါက်နာဖြစ်တာ စသဖြင့်ပါ။ အဲ့အထဲမှာ နမိုးနီးယားအဆုတ်ရောင်တာက အသက်ကိုရန်ရှာနိုင်သလို ဦးနှောက်ရောင်တဲ့အခါမှာလည်း တက်တာ၊ သတိလစ်တာ၊ မေ့မျောသွားတာအပြင် အသက်သေဆုံးတာအထိဖြစ်နိုင်ပါတယ်။ ဦးနှောက်ရောင်တာမျိုးက ဝက်သက်ပျောက်ပြီး နောက်မှာလည်းဖြစ်နိုင်တာမို့ သတိထားရမှာပါ။
အရင်က တီဘီရောဂါအခံရှိတဲ့သူမှာ ဝက်သက်ပေါက်ခဲ့ရင် ရှိခဲ့တဲ့ တီဘီရောဂါပြန်ပေါ်လာပြီး တစ်ကိုယ်လုံးပါ ပျံ့သွားနိုင်ပါတယ်။ အာဟာရချို့တဲ့သောကလေးများ၊ ဗီတာမင်အေချို့တဲ့သူများ၊ HIV ပိုးရှိသူများ မှာဝက်သက်ပေါက်ရင် ပိုသတိထားသင့်ပါတယ်။ ခုနကပြောတဲ့ နောက်ဆက်တွဲတွေ ဝင်နိုင်ခြေပိုများလို့ပါ။ နောက်ကိုယ်ဝန်ဆောင်မိခင်တွေပါ။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်ဆောင်စဉ်မှာ ဝက်သက်ပေါက်ရင် ကိုယ်ဝန်ပျက်တာ၊ လမစေ့ဘဲမွေးတာ၊ ပေါင်မပြည့်တာ တွေဖြစ်နိုင်တာကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ ဝက်သက်မပေါက်အောင် ဂရုစိုက်ရမှာပါ။
ဝက်သက်ဘယ်လိုကာကွယ်မလဲ။
ကာကွယ်ဆေးထိုးပါ။ မြန်မာနိုင်ငံမှာတော့ ပုံမှန်အနေနဲ့ကလေးကို ၉လမှာ တစ်ကြိမ်၊ ၁နှစ်ခွဲမှာ တစ်ကြိမ် စုစုပေါင်း၂ကြိမ်ဝက်သက်ကာကွယ်ဆေးထိုးပေးပါတယ်။ ဝက်သက်ပိုးမပျံ့အောင်ဘယ်လိုကာကွယ်မလဲဆိုတော့ ဝက်သက်ဖြစ်နေတဲ့ကလေးကို ကျောင်း သို့မဟုတ် လူအများရှိတဲ့နေရာတွေကိုမခေါ်သွားပါနဲ့။ ကလေးကိုလက်မှန်မှန်ဆေးပေးပါ။ နှာချေ ၊ချောင်းဆိုးပါက တစ်ရှုးနဲ့ကာပါ။ သုံးပြီး တစ်ရှုးကို အဖုံးပါသော အမှိုက်ပုံးထဲကို သေချာထည့်ပါ။ မျက်နှာသုတ်ပဝါ တစ်ယောက်တစ်ထည်စီသုံးပါ။ ကလေးကို အာဟာရပြည့်အောင် ကျွေးပါ။ အရည်များများတိုက်ပါ။
Source : ondoctor

Read times
Rate this item
(0 votes)