What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 10 September 2018 16:36

ေပ်ာက္ကင္းႏိုင္ေျခအမ်ားဆုံး ကင္ဆာမ်ား

အရင္တုန္းကေတာ့ ကင္ဆာလို႕ေျပာလိုက္တာနဲ႕ က်ိန္းေသေပါက္ ေသရေတာ့မယ့္ ေရာဂါၾကီးတစ္ခုအျဖစ္ ယူဆၾကပါတယ္။

ဒီဖက္ေခတ္မွာေတာ့ ေဆးသိပၸံအဆင့္အတန္း ျမင့္မားလာတာေရာ၊ကင္ဆာအမ်ိဳးမ်ိဳးရဲ့ သေဘာသဘာဝ အဖံုဖံုေၾကာင့္ေရာ ကုသလို႕ ေပ်ာက္ကင္းႏိုင္၊သက္တမ္းေစ့ေနသြားႏိုင္တဲ့ အေနအထားေတြ ရွိေနပါျပီ။တခ်ိဳ႕ဆရာဝန္ေတြကေတာ့ ကုသလို႕ေပ်ာက္ကင္းတယ္ဆိုတဲ့ စာလုံးကို သိပ္မသုံးခ်င္ၾကပါဘူး။ဘာလို႕လဲဆိုေတာ့ ကင္ဆာေရာဂါဟာ အခ်ိန္အေတာ္ၾကာ ေပ်ာက္ေနျပီးမွ တစ္ခါ ျပန္ျဖစ္လာႏိုင္လို႕ပါ။ဒါေပမယ့္ ဒီေဆာင္းပါးေလးမွာေတာ့ ေပ်ာက္ကင္းႏိုင္ေျခ အမ်ားဆုံး ကင္ဆာေတြအေၾကာင္း မွ်ေဝေပးသြားပါမယ္။

(၁) ဆီးက်ိတ္ကင္ဆာ

Image result for ဆီးက်ိတ္ကင္ဆာ

ကင္ဆာေရာဂါရွိမွန္းသိျပီး ငါးႏွစ္အတြင္း အသက္ရွင္ႏိုင္ေျခ: ၉၉ ရာခိုင္ႏွႈန္းခန္႕

ဆီးက်ိတ္ကင္ဆာအမ်ားစုဟာ ၾကီးထြားႏွႈန္း အင္မတန္ေႏွးေကြးျပီး လုံးဝၾကီးမလာေတာ့တဲ့ ကင္ဆာက်ိတ္ေတြလည္း ရွိပါတယ္။အခ်ိဳ႕ ကင္ဆာက်ိတ္ေတြဆိုရင္ အထူးတလည္ ကုသမႈခံယူဖို႕ေတာင္ မလိုတတ္ေပမယ့္ ခႏၶာကိုယ္ရဲ့ အျခားေနရာေတြကို ပ်ံ႕ႏွံ႕ေနျပီဆိုရင္ေတာ့ ကုသရခက္သြားတတ္ပါတယ္။ဒါေပမယ့္ မပူပါနဲ႕၊အဲ့ဒီလို အေနအထားမေရာက္ခင္မွာပဲ သင့္မွာ ဆီးက်ိတ္ကင္ဆာရွိေနေၾကာင္း ဆရာဝန္က ေတြ႕ရွိသြားတာမ်ားပါတယ္။

ဒါျဖင့္ရင္ ဆီးက်ိတ္ကင္ဆာကို ေစာစီးစြာသိဖို႕က အထူးအေရးပါလာပါတယ္။ဆီးက်ိတ္ကင္ဆာကို ေထာက္လွမ္းသိရွိႏိုင္မယ့္ နည္းလမ္းႏွစ္မ်ိဳး ရွိပါတယ္။ပထမတစ္နည္းက သင့္စအိုထဲကို ဆရာဝန္က လက္ထည့္စမ္းမယ့္နည္းျဖစ္ျပီး ေနာက္တစ္နည္းကေတာ့ PSA test လို႕ေခၚတဲ့ ေသြးစစ္တဲ့ နည္းလမ္းပါ။ဆီးက်ိတ္ကင္ဆာ ရွိေနရင္ ေသြးထဲမွာ မ်ားျပားလာတတ္တဲ့ ပရိုတင္းတစ္မ်ိဳးရဲ့ ပမာဏကို တိုင္းတာျခင္း ျဖစ္ပါတယ္။ဒါေပမယ့္ ဆီးက်ိတ္ကင္ဆာမရွိသူေတြမွာလည္း အျခားအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒီပရိုတင္းပမာဏ တက္ေနတတ္တာမို႕ ဆရာဝန္နဲ႕ တိုင္ပင္ျပီး လိုအပ္မွသာ စစ္ေဆးသင့္ပါတယ္။ဒါေပမယ့္ သင့္အေနနဲ႕ ဆီးသြားရခက္ခဲျခင္း၊ဆီးထဲေသြးပါျခင္း စတဲ့ ျပႆနာေတြကို ခံစားလာရျပီဆိုရင္ေတာ့ ဆရာဝန္ကို ခ်က္ခ်င္းအသိေပးပါ။ဒါေတြဟာ ဆီးက်ိတ္ကင္ဆာရဲ့ ေရွ႕ေျပးလကၡဏာေတြ ျဖစ္ေနတတ္ပါတယ္။

(၂) သိုင္းရြိဳက္ကင္ဆာ

Image result for သိုင္းရြိဳက္ကင္ဆာ

ကင္ဆာေရာဂါရွိမွန္းသိျပီး ငါးႏွစ္အတြင္း အသက္ရွင္ႏိုင္ေျခ : ၉၈ ရာခိုင္ႏွုန္းခန္႕ (တစ္႐ႉးအမ်ိဳးအစားေပၚ မူတည္ပါတယ္)

သိုင္းရြိဳက္ဆိုတာဟာ သင့္လည္ပင္းမွာရွိတဲ့ လိပ္ျပာပံုစံ ဂလင္းတခုျဖစ္ျပီး သင့္ခႏၶာကိုယ္ထဲက ကယ္လ္လိုရီေတြကို ေလာင္ကြၽမ္းေပးဖို႕၊ႏွလုံးခုန္ႏႈန္းကို ထိန္းခ်ဳပ္ဖို႕ အစရွိတဲ့ လုပ္ငန္းေတြအတြက္ မရွိမျဖစ္ လိုအပ္တဲ့ သိုင္းရြိဳက္ေဟာ္မုန္းကို ထုတ္ေပးပါတယ္။Papillary လို႕ေခၚတဲ့ အျဖစ္အမ်ားဆုံး သိုင္းရြိဳက္ကင္ဆာအမ်ိဳးအစားဟာ ၾကီးထြားႏႈန္း အင္မတန္ေႏွးေကြးပါတယ္။ကင္ဆာက်ိတ္ၾကီးလာရင္ ဒါမွမဟုတ္ ေဘးနားက တစ္႐ႉးေတြကို စပ်ံ႕ေနျပီဆိုရင္ ဆရာဝန္ေတြအေနနဲ႕ ဂလင္းတစ္ခုလုံးကို ျဖတ္ထုတ္ကုသေပးႏိုင္ပါတယ္။ဒါ့အျပင္ သိုင္းရြိဳက္ကင္ဆာေတြဟာ ေစာစီးစြာ သိရွိတတ္တာေၾကာင့္ အလြယ္တကူပဲ ကုသႏိုင္ပါတယ္။သိုင္းရြိဳက္ကင္ဆာကို ေစာလ်င္စြာ သိရွိႏိုင္ဖို႕အတြက္ စစ္ေဆးျပဳလုပ္ရတဲ့ screening test ေတာ့ မရွိေသးပါဘူး။ဒါေပမယ့္ သင့္လည္ပင္းမွာ အလုံးအက်ိတ္တစ္စံုတရာ စမ္းမိျပီဆိုရင္ေတာ့ ဆရာဝန္နဲ႕ အျမန္ဆုံး ျပသသင့္ပါတယ္။တျခားအေၾကာင္းရင္းတစ္ခုခုနဲ႕ လည္ပင္းကို အာထရာေဆာင္း႐ိုက္ရင္း ခရီးသြားဟန္လႊဲ သိလိုက္ရတာမ်ိဳးလည္း ရွိပါတယ္။

(၃) ေဝွးေစ့ကင္ဆာ

Related image

ကင္ဆာေရာဂါရွိမွန္းသိျပီး ငါးႏွစ္အတြင္း အသက္ရွင္ႏိုင္ေျခ : ၉၅.၁ ရာခိုင္ႏွုန္း

ကင္ဆာက်ိတ္ကို ေစာေစာစီးစီး သိျပီ၊တျခားေနရာေတြဆီ မပ်ံ႕ခင္ သိျပီဆိုရင္ ေဝွးေစ့တစ္လုံး ဒါမွမဟုတ္ ႏွစ္လုံးစလုံးကို ဖယ္ရွားပစ္ျခင္းျဖင့္ ေဝွးေစ့ကင္ဆာကို ကုသႏိုင္ပါတယ္။အမ်ားအားျဖင့္ေတာ့ ေဝွးေစ့တစ္လုံးကိုပဲ ျဖတ္ထုတ္ရေလ့ရွိျပီး ပံုမွန္လိင္မႈဘဝရရွိဖို႕၊ကေလးရႏိုင္ဖို႕အတြက္ လိုအပ္တဲ့ က်ားေဟာ္မုန္းေတြကို က်န္တဲ့ ေဝွးေစ့တစ္လုံးက လံုလံုေလာက္ေလာက္ ထုတ္ေပးႏိုင္ပါတယ္။အဆင့္ျမင့္လာတဲ့ ကင္ဆာအတြက္ကိုေတာ့ ခြဲစိတ္ကုသျခင္းအျပင္ ဓာတ္ကင္ျခင္း ဒါမွမဟုတ္ ေဆးသြင္းျခင္းနဲ႕ပါ တြဲဖက္ကုသရပါတယ္။၁၉၇၀ ျပည့္ႏွစ္မွာ စတင္ မိတ္ဆက္ခဲ့တဲ့ cisplatin ေဆးဟာ ေဝွးေစ့ကင္ဆာ ေဝဒနာရွင္ေတြရဲ့ အသက္ရွင္ႏႈန္းကို သိသိသာသာၾကီး ျမႇင့္တင္ေပးႏိုင္ခဲ့ပါတယ္။

ေဝွးေစ့ကင္ဆာအတြက္လည္း ေစာလ်င္စြာ သိရွိေစႏိုင္တဲ့ screening test မရွိေသးပါဘူး။

(၄) Melanoma အေရျပားကင္ဆာ

Image result for Melanoma

ကင္ဆာေရာဂါရွိမွန္းသိျပီး ငါးႏွစ္အတြင္း အသက္ရွင္ႏိုင္ေျခ : ၉၁.၇ ရာခိုင္ႏွုန္း

ဒီကင္ဆာဟာ သာမန္မ်က္စိနဲ႕ေတာင္ အလြယ္တကူ ျမင္ေတြ႕ႏိုင္တာမို႕ ေစာစီးစြာ သိရွိေစပါတယ္။အေရျပားမ်က္ႏွာျပင္ေပၚကေန အျခားေနရာေတြထိ မပ်ံ႕ေသးဘူးဆိုရင္ ခြဲစိတ္ကုသတဲ့နည္းနဲ႕ အလြယ္တကူ ကုသေပးႏိုင္ပါတယ္။ဒါေပမယ့္ ေစာေစာစီးစီး မသိဘူးဆိုရင္ေတာ့ Melanoma အေရျပားကင္ဆာဟာ အျခားအေရျပားကင္ဆာေတြထက္ ပ်ံ႕ႏွံ႕ႏႈန္းျမန္တယ္ဆိုတာကို သတိျပဳရပါမယ္။ကံေကာင္းတဲ့အခ်က္က ဒီေရာဂါကို ေစာလ်င္စြာ ေတြ႕ရွိႏိုင္ဖို႕အတြက္ screening test ေတြ ရွိေနတာပဲ ျဖစ္ပါတယ္။သင့္ရဲ့ ေက်ာကုန္းဖက္၊ဦးေရျပား၊ကပၸာယ္အိတ္နဲ႕ ေျခေခ်ာင္းေလးေတြၾကားထဲကို စစ္ေဆးဖို႕ အထူးတလည္ အေရးၾကီးပါတယ္။ဘာလို႕လဲဆိုေတာ့ အဆိုပါေနရာေတြဟာ ပံုမွန္အတိုင္းဆိုရင္ ၾကည့္႐ႈစစ္ေဆးခဲတဲ့ ေနရာေတြျဖစ္လို႕ပါ။သင့္အေရျပားမွာ မူမမွန္တဲ့ အမည္းကြက္ေတြ ေတြ႕ရင္ ဆရာဝန္ကို ခ်က္ခ်င္းအသိေပးပါ။အရင္က ျဖစ္ဖူးရင္ ဒါမွမဟုတ္ မ်ိဳး႐ိုးရွိရင္ ပိုသတိထားပါ။

 

(၅) ရင္သားကင္ဆာ အေစာပိုင္းအဆင့္

Image result for disease health

ကင္ဆာေရာဂါရွိမွန္းသိျပီး ငါးႏွစ္အတြင္း အသက္ရွင္ႏိုင္ေျခ: အေစာပိုင္းအဆင့္ ၀ နဲ႕ ၁အတြက္ – ၉၉ – ၁၀၀ ရာခိုင္ႏွုန္း

အဓိကအခ်က္ကေတာ့ ေဆးသိပၸံပညာ ပိုမိုထြန္းကားလာတာေၾကာင့္ပဲ ျဖစ္ပါတယ္။ဆရာဝန္ေတြအေနနဲ႕ ရင္သားကင္ဆာ ရွိ၊မရွိ ဘယ္လိုရွာေဖြရမယ္၊ဘယ္လို ကုသရမယ္ဆိုတာကို ပိုမို ကြၽမ္းက်င္သေဘာေပါက္လာၾကပါျပီ။ရင္သားကင္ဆာဟာ ပံုစံအမ်ိဳးမ်ိဳး ရွိတတ္တဲ့အတြက္ ျဖစ္တဲ့အမ်ိဳးအစားေပၚလိုက္ျပီး မတူညီတဲ့ ေဆးေတြေပးရမယ္ဆိုတာကိုလည္း ပိုမိုနားလည္လာၾကျပီျဖစ္ပါတယ္။ခႏၶာကိုယ္အျခားေနရာေတြဆီ မပ်ံ႕ႏွံ႕ခင္ ၾကိဳတင္ထိန္းခ်ဳပ္ႏိုင္မယ္ဆိုရင္ေတာ့ အေကာင္းဆုံးပါ။Mammogram လို႕ေခၚတဲ့ ရင္သားဓာတ္မွန္ကို ပံုမွန္႐ိုက္ေပးျခင္းအားျဖင့္ သင့္မွာ မူမမွန္တဲ့ အရာတစ္ခုခု ရွိေနျပီဆိုရင္ ေစာလ်င္စြာ သိရွိႏိုင္ပါတယ္။ဒါေပမယ့္ ‘ပံုမွန္’စစ္ေဆးတယ္ဆိုတဲ့ စကားလုံးနဲ႕ ပတ္သက္လို႕ လမ္းညႊန္ခ်က္ အမ်ိဳးမ်ိဳးေတာ့ ရွိေနပါတယ္။တခ်ိဳ႕ေတြက အသက္၅၀ေက်ာ္မွ ရင္သားဓာတ္မွန္ တႏွစ္တခါ ႐ိုက္သင့္တယ္လို႕ ဆိုၾကသလို တခ်ိဳ႕က က်ျပန္ေတာ့လည္း ၄၅ႏွစ္ေလာက္ကတည္းက တစ္ႏွစ္တစ္ခါ ႐ိုက္သင့္တယ္လို႕ ဆိုၾကျပန္ပါတယ္။

 

source:hellosayarwon

Read:ႏွလံုးက်န္းမာေရးေကာင္းမြန္ဖို႔အတြက္ တစ္ေန႔ကုိဘယ္ႏွနာရီအိပ္ရမလဲ

ႏွလံုးက်န္းမာေရးေကာင္းမြန္ဖို႔အတြက္ တစ္ေန႔ကုိဘယ္ႏွနာရီအိပ္ရမလဲ

{Unicode}

======

ပျောက်ကင်းနိုင်ခြေအများဆုံး ကင်ဆာများ

အရင်တုန်းကတော့ ကင်ဆာလို့ပြောလိုက်တာနဲ့ ကျိန်းသေပေါက် သေရတော့မယ့် ရောဂါကြီးတစ်ခုအဖြစ် ယူဆကြပါတယ်။ ဒီဖက်ခေတ်မှာတော့ ဆေးသိပ္ပံအဆင့်အတန်း မြင့်မားလာတာရော၊ကင်ဆာအမျိုးမျိုးရဲ့ သဘောသဘာဝ အဖုံဖုံကြောင့်ရော ကုသလို့ ပျောက်ကင်းနိုင်၊သက်တမ်းစေ့နေသွားနိုင်တဲ့ အနေအထားတွေ ရှိနေပါပြီ။တချို့ဆရာဝန်တွေကတော့ ကုသလို့ပျောက်ကင်းတယ်ဆိုတဲ့ စာလုံးကို သိပ်မသုံးချင်ကြပါဘူး။

 

ဘာလို့လဲဆိုတော့ ကင်ဆာရောဂါဟာ အချိန်အတော်ကြာ ပျောက်နေပြီးမှ တစ်ခါ ပြန်ဖြစ်လာနိုင်လို့ပါ။ဒါပေမယ့် ဒီဆောင်းပါးလေးမှာတော့ ပျောက်ကင်းနိုင်ခြေ အများဆုံး ကင်ဆာတွေအကြောင်း မျှဝေပေးသွားပါမယ်။

 

(၁) ဆီးကျိတ်ကင်ဆာ (ကင်ဆာရောဂါရှိမှန်းသိပြီး ငါးနှစ်အတွင်း အသက်ရှင်နိုင်ခြေ: ၉၉ ရာခိုင်နှှုန်းခန့်)

Image result for ဆီးက်ိတ္ကင္ဆာ

ဆီးကျိတ်ကင်ဆာအများစုဟာ ကြီးထွားနှှုန်း အင်မတန်နှေးကွေးပြီး လုံးဝကြီးမလာတော့တဲ့ ကင်ဆာကျိတ်တွေလည်း ရှိပါတယ်။အချို့ ကင်ဆာကျိတ်တွေဆိုရင် အထူးတလည် ကုသမှုခံယူဖို့တောင် မလိုတတ်ပေမယ့် ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေကို ပျံ့နှံ့နေပြီဆိုရင်တော့ ကုသရခက်သွားတတ်ပါတယ်။ 

ဒါပေမယ့် မပူပါနဲ့၊အဲ့ဒီလို အနေအထားမရောက်ခင်မှာပဲ သင့်မှာ ဆီးကျိတ်ကင်ဆာရှိနေကြောင်း ဆရာဝန်က တွေ့ရှိသွားတာများပါတယ်။ ဒါဖြင့်ရင် ဆီးကျိတ်ကင်ဆာကို စောစီးစွာသိဖို့က အထူးအရေးပါလာပါတယ်။ဆီးကျိတ်ကင်ဆာကို ထောက်လှမ်းသိရှိနိုင်မယ့် နည်းလမ်းနှစ်မျိုး ရှိပါတယ်။

 

ပထမတစ်နည်းက သင့်စအိုထဲကို ဆရာဝန်က လက်ထည့်စမ်းမယ့်နည်းဖြစ်ပြီး နောက်တစ်နည်းကတော့ PSA test လို့ခေါ်တဲ့ သွေးစစ်တဲ့ နည်းလမ်းပါ။ဆီးကျိတ်ကင်ဆာ ရှိနေရင် သွေးထဲမှာ များပြားလာတတ်တဲ့ ပရိုတင်းတစ်မျိုးရဲ့ ပမာဏကို တိုင်းတာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဆီးကျိတ်ကင်ဆာမရှိသူတွေမှာလည်း အခြားအကြောင်းအမျိုးမျိုးကြောင့် ဒီပရိုတင်းပမာဏ တက်နေတတ်တာမို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်မှသာ စစ်ဆေးသင့်ပါတယ်။

ဒါပေမယ့် သင့်အနေနဲ့ ဆီးသွားရခက်ခဲခြင်း၊ဆီးထဲသွေးပါခြင်း စတဲ့ ပြဿနာတွေကို ခံစားလာရပြီဆိုရင်တော့ ဆရာဝန်ကို ချက်ချင်းအသိပေးပါ။ဒါတွေဟာ ဆီးကျိတ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေတတ်ပါတယ်။

 

(၂) သိုင်းရွိုက်ကင်ဆာ {ကင်ဆာရောဂါရှိမှန်းသိပြီး ငါးနှစ်အတွင်း အသက်ရှင်နိုင်ခြေ: ၉၈ ရာခိုင်နှုန်းခန့် (တစ်ရှူးအမျိုးအစားပေါ် မူတည်ပါတယ်)}

Image result for သိုင္းရြိဳက္ကင္ဆာ

သိုင်းရွိုက်ဆိုတာဟာ သင့်လည်ပင်းမှာရှိတဲ့ လိပ်ပြာပုံစံ ဂလင်းတခုဖြစ်ပြီး သင့်ခန္ဓာကိုယ်ထဲက ကယ်လ်လိုရီတွေကို လောင်ကျွမ်းပေးဖို့၊နှလုံးခုန်နှုန်းကို ထိန်းချုပ်ဖို့ အစရှိတဲ့ လုပ်ငန်းတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သိုင်းရွိုက်ဟော်မုန်းကို ထုတ်ပေးပါတယ်။ Papillary လို့ခေါ်တဲ့ အဖြစ်အများဆုံး သိုင်းရွိုက်ကင်ဆာအမျိုးအစားဟာ ကြီးထွားနှုန်း အင်မတန်နှေးကွေးပါတယ်။ကင်ဆာကျိတ်ကြီးလာရင် ဒါမှမဟုတ် ဘေးနားက တစ်ရှူးတွေကို စပျံ့နေပြီဆိုရင် ဆရာဝန်တွေအနေနဲ့ ဂလင်းတစ်ခုလုံးကို ဖြတ်ထုတ်ကုသပေးနိုင်ပါတယ်။

 

ဒါ့အပြင် သိုင်းရွိုက်ကင်ဆာတွေဟာ စောစီးစွာ သိရှိတတ်တာကြောင့် အလွယ်တကူပဲ ကုသနိုင်ပါတယ်။သိုင်းရွိုက်ကင်ဆာကို စောလျင်စွာ သိရှိနိုင်ဖို့အတွက် စစ်ဆေးပြုလုပ်ရတဲ့ screening test တော့ မရှိသေးပါဘူး။ ဒါပေမယ့် သင့်လည်ပင်းမှာ အလုံးအကျိတ်တစ်စုံတရာ စမ်းမိပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။တခြားအကြောင်းရင်းတစ်ခုခုနဲ့ လည်ပင်းကို အာထရာဆောင်းရိုက်ရင်း ခရီးသွားဟန်လွှဲ သိလိုက်ရတာမျိုးလည်း ရှိပါတယ်။

 

(၃) ဝှေးစေ့ကင်ဆာ (ကင်ဆာရောဂါရှိမှန်းသိပြီး ငါးနှစ်အတွင်း အသက်ရှင်နိုင်ခြေ: ၉၅.၁ ရာခိုင်နှုန်း)

Related image

ကင်ဆာကျိတ်ကို စောစောစီးစီး သိပြီ၊တခြားနေရာတွေဆီ မပျံ့ခင် သိပြီဆိုရင် ဝှေးစေ့တစ်လုံး ဒါမှမဟုတ် နှစ်လုံးစလုံးကို ဖယ်ရှားပစ်ခြင်းဖြင့် ဝှေးစေ့ကင်ဆာကို ကုသနိုင်ပါတယ်။အများအားဖြင့်တော့ ဝှေးစေ့တစ်လုံးကိုပဲ ဖြတ်ထုတ်ရလေ့ရှိပြီး ပုံမှန်လိင်မှုဘဝရရှိဖို့၊ကလေးရနိုင်ဖို့အတွက် လိုအပ်တဲ့ ကျားဟော်မုန်းတွေကို ကျန်တဲ့ ဝှေးစေ့တစ်လုံးက လုံလုံလောက်လောက် ထုတ်ပေးနိုင်ပါတယ်။

 

အဆင့်မြင့်လာတဲ့ ကင်ဆာအတွက်ကိုတော့ ခွဲစိတ်ကုသခြင်းအပြင် ဓာတ်ကင်ခြင်း ဒါမှမဟုတ် ဆေးသွင်းခြင်းနဲ့ပါ တွဲဖက်ကုသရပါတယ်။၁၉၇၀ ပြည့်နှစ်မှာ စတင် မိတ်ဆက်ခဲ့တဲ့ cisplatin ဆေးဟာ ဝှေးစေ့ကင်ဆာ ဝေဒနာရှင်တွေရဲ့ အသက်ရှင်နှုန်းကို သိသိသာသာကြီး မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ဝှေးစေ့ကင်ဆာအတွက်လည်း စောလျင်စွာ သိရှိစေနိုင်တဲ့ screening test မရှိသေးပါဘူး။

 

(၄) Melanoma အရေပြားကင်ဆာ (ကင်ဆာရောဂါရှိမှန်းသိပြီး ငါးနှစ်အတွင်း အသက်ရှင်နိုင်ခြေ: ၉၁.၇ ရာခိုင်နှုန်း)

Image result for Melanoma

ဒီကင်ဆာဟာ သာမန်မျက်စိနဲ့တောင် အလွယ်တကူ မြင်တွေ့နိုင်တာမို့ စောစီးစွာ သိရှိစေပါတယ်။အရေပြားမျက်နှာပြင်ပေါ်ကနေ အခြားနေရာတွေထိ မပျံ့သေးဘူးဆိုရင် ခွဲစိတ်ကုသတဲ့နည်းနဲ့ အလွယ်တကူ ကုသပေးနိုင်ပါတယ်။ဒါပေမယ့် စောစောစီးစီး မသိဘူးဆိုရင်တော့ Melanoma အရေပြားကင်ဆာဟာ အခြားအရေပြားကင်ဆာတွေထက် ပျံ့နှံ့နှုန်းမြန်တယ်ဆိုတာကို သတိပြုရပါမယ်။

 

ကံကောင်းတဲ့အချက်က ဒီရောဂါကို စောလျင်စွာ တွေ့ရှိနိုင်ဖို့အတွက် screening test တွေ ရှိနေတာပဲ ဖြစ်ပါတယ်။သင့်ရဲ့ ကျောကုန်းဖက်၊ဦးရေပြား၊ကပ္ပာယ်အိတ်နဲ့ ခြေချောင်းလေးတွေကြားထဲကို စစ်ဆေးဖို့ အထူးတလည် အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အဆိုပါနေရာတွေဟာ ပုံမှန်အတိုင်းဆိုရင် ကြည့်ရှုစစ်ဆေးခဲတဲ့ နေရာတွေဖြစ်လို့ပါ။သင့်အရေပြားမှာ မူမမှန်တဲ့ အမည်းကွက်တွေ တွေ့ရင် ဆရာဝန်ကို ချက်ချင်းအသိပေးပါ။အရင်က ဖြစ်ဖူးရင် ဒါမှမဟုတ် မျိုးရိုးရှိရင် ပိုသတိထားပါ။

 

(၅) ရင်သားကင်ဆာ အစောပိုင်းအဆင့် (ကင်ဆာရောဂါရှိမှန်းသိပြီး ငါးနှစ်အတွင်း အသက်ရှင်နိုင်ခြေ: အစောပိုင်းအဆင့် ၀ နဲ့ ၁အတွက် – ၉၉ – ၁၀၀ ရာခိုင်နှုန်း)

Image result for disease health

အဓိကအချက်ကတော့ ဆေးသိပ္ပံပညာ ပိုမိုထွန်းကားလာတာကြောင့်ပဲ ဖြစ်ပါတယ်။ဆရာဝန်တွေအနေနဲ့ ရင်သားကင်ဆာ ရှိ၊မရှိ ဘယ်လိုရှာဖွေရမယ်၊ဘယ်လို ကုသရမယ်ဆိုတာကို ပိုမို ကျွမ်းကျင်သဘောပေါက်လာကြပါပြီ။ရင်သားကင်ဆာဟာ ပုံစံအမျိုးမျိုး ရှိတတ်တဲ့အတွက် ဖြစ်တဲ့အမျိုးအစားပေါ်လိုက်ပြီး မတူညီတဲ့ ဆေးတွေပေးရမယ်ဆိုတာကိုလည်း ပိုမိုနားလည်လာကြပြီဖြစ်ပါတယ်။

 

ခန္ဓာကိုယ်အခြားနေရာတွေဆီ မပျံ့နှံ့ခင် ကြိုတင်ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။Mammogram လို့ခေါ်တဲ့ ရင်သားဓာတ်မှန်ကို ပုံမှန်ရိုက်ပေးခြင်းအားဖြင့် သင့်မှာ မူမမှန်တဲ့ အရာတစ်ခုခု ရှိနေပြီဆိုရင် စောလျင်စွာ သိရှိနိုင်ပါတယ်။ဒါပေမယ့် ‘ပုံမှန်’စစ်ဆေးတယ်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်လို့ လမ်းညွှန်ချက် အမျိုးမျိုးတော့ ရှိနေပါတယ်။

 

တချို့တွေက အသက်၅၀ကျော်မှ ရင်သားဓာတ်မှန် တနှစ်တခါ ရိုက်သင့်တယ်လို့ ဆိုကြသလို တချို့က ကျပြန်တော့လည်း ၄၅နှစ်လောက်ကတည်းက တစ်နှစ်တစ်ခါ ရိုက်သင့်တယ်လို့ ဆိုကြပြန်ပါတယ်။

 

source:hellosayarwon

Read times Last modified on Saturday, 28 December 2019 15:55
Rate this item
(1 Vote)