What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 20 January 2021 12:08

အူကျရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းများ

အူကျရောဂါဆိုတာ ယောကျာ်းလေးတွေပဲအဖြစ်များတတ်ပေမဲ့ မိန်းခလေးများတွင် ကြုံတောင့်ကြုံခဲဖြစ်တတ် ကြပါတယ်။

ဝမ်းဗိုက်ပိုင်းကြွက်သားတွေ၊ တစ်သျှူးတွေ အားလျော့ရဲနေတဲ့ နေရာတွေကနေတစ်ဆင့် အူတွေ ထွက်ကျလာခြင်းမျိုးကို အူကျခြင်းလို့ခေါပါတယ်။ ဝမ်းဗိုက်ပိုင်းဟာ အဖြစ်အများဆုံးဆိုပေမယ့် ပေါင်ခြံ၊ ဗိုက် ကြွက်သားအောက်ပိုင်း၊ ကပ္ပါယ်အိတ်အစရှိသော နေရာတွေမှာ ဖြစ်တတ်ပါတယ်။ ထွက်ကျလာတဲ့အလုံးထဲမှာ အူ (သို့) အဆီတစ်သျှူးတွေပါနေနိုင်ပါတယ်။

အူကျရောဂါဖြစ်စေတဲ့ အကြောင်းရင်းမျိုးစုံရှိပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့ အမျှ ခန္ဓာကိုယ်ကြွက်သား တွေအားနည်းလျော့နည်းလာတတ်လို့ လူကြီးပိုင်းတွေမှာ အဖြစ်ပိုများပါတယ်။ အမျိုးသားတွေမှာ အမျိုးသမီးတွေထက် အဖြစ်ပိုများတတ်ပါတယ်။ အမျိုးသားတော်တော်များများက ကာယအားပိုသုံးရတဲ့ အလုပ်တွေလုပ်နေရ၍ ဖြစ်နိုင်ပါတယ်။ ယခင်က ခန္ဓာကိုယ်တွင်းခွဲစိတ်ထားရာမှာ အနာပြန်မကျတ်သေးခြင်း၊ အူကျရောဂါဖြစ်ဖူခြင်း စတဲ့ ကိစ္စများ အရင်က ပြုလုပ်ထားဖူးတယ်ဆိုရင်လည်း ဖြစ်ပွားနိုင်ချေများပါတယ်။

ဆေးလိပ်အလွန်အကျွံသောက်ရာမှ နာတာရှည်ချောင်းဆိုးရောဂါဖြစ်ဖူးသူတွေ၊ အလေးအပင်အမြဲမနေရသူတွေ ၊ အားစိုက်ရသော လေ့ကျင့်ခန်းများ၊ ဝမ်းခဏခဏချုပ်တတ်သူများမှာ ပိုအဖြစ်များပါတယ်။

အူကျရောဂါဖြစ်နေပြီဆိုရင် အူကျနေသော ဘက်တွင်အလုံးအကျိတ်စမ်းမိခြင်း၊ (မတ်တပ်ရပ်အနေအထား (သို့) ချောင်းဆိုးပါက ထိုအလုံးက ပိုမို ထင်ရှားစွာ စမ်းမိတတ်ပါတယ်။ အလေးအပင်မရင်ပဲဖြစ်ဖြစ် ချောင်းဆိုးရင်ပဲဖြစ်ဖြစ် အလုံးအကျိတ်စမ်းမိတဲ့နေရာမှ နာကျင်ခြင်း၊အောင့်ခြင်း၊ ထိုနေရာတစ်ဝိုက်ပဲ နေထိုင်ခက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စတဲ့လက္ခ ဏာတွေ ခံစားနေရပြီဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်ဆီ အမြန်ဆုံးသွားရောက်စစ်ဆေးမေးမြန်းသင့်ပါတယ်။

အူကျရောဂါမဖြစ်ပွားအောင် မိမိခန္ဓာကိုယ်အလေးချိန်ထိန်းခြင်း၊ အမျှင်ဓာတ်များသော အသီးအရွက်၊ အစားအသောက်များ စားခြင်း၊ လေးလံလွန်းသည့်ပစ္စည်းများ(မနိုင်ဝန်များ) မထမ်းသင့်ပါ၊ ဆေးလိပ်ဖြတ်ခြင်း၊ အူကျခြင်းကို သီးသန့်ထိန်းပေးတဲ့ ကိရိယာအားဝတ်ဆင်ခြင်း တို့ ပြုလုပ်ကာကွယ်နိုင်ပါတယ်။

မိမိမှာ အူကျရောဂါ ဖြစ်လာပါက အရင်ဆုံး ဆရာဝန်နှင့် တိုင်ပင်ပါ။ ထိုမှတဆင့် နေ့စဉ် စားသောက်နေထိုင်မှု ပုံစံပြောင်းလဲခြင်းတို့ လုပ်ရပါမည်။ အူကျခြင်းရောဂါဟာ ခန္ဓာကိုယ်တွင်း ကြွက်သားများ အားနည်းခြင်းကြောင့် ဖြစ်သလို မကုသပဲ ထားပါက အသက်အန္တရာယ် ထိခိုက်နိုင်တာမို့ ပျောက်ကင်းဖို့အတွက်ဆို အမြန်ဆုံး ခွဲစိတ်ကုသသင့်ပါတယ်။

အူကျရောဂါဖြစ်နေမှန်းသိသိချင်း ဆရာဝန်နှင့်ပြသပါ၊ တကယ်လို့ ကုသမှုမခံယူပဲ ထားပါက ကျွံကျနေတဲ့ အူဟာ ပိုမိုကြီးထွားလာပြီး နာကျင်မှုကို ပိုခံစားလာခြင်း၊ အကျိတ်ရှိရာပတ်ဝန်းကျင် တစ်လျှောက်တွင် ပိုယောင် ယမ်းလာခြင်း၊ ယောင်ယမ်းလာတဲ့ အစိတ်အပိုင်းကို သွေးမရောက်တော့တဲ့အတွက် ပုပ်ခြင်း၊ ရောဂါပိုးများ ဝင်ခြင်း စသည်တို့ဖြစ်နိုင်ပြီး အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်ပါတယ်။

Read times Last modified on Wednesday, 20 January 2021 12:11
Rate this item
(1 Vote)